မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Hive platform ပေါ်သို့ ရောက်လာပြီးနောက် ဤ platform အားစောင့်ကြည့်နေခဲ့ပါသည်။ စောင့်ကြည့်သည်ဟု ဆိုရာတွင်လည်း မိမိအနေဖြင့် တိုးတက်နေသော Blockchain ပေါ်တွင်ရှိသည်လား သေ နေသော တနည်းအား ဖြင့် အာဘောင်အာရင်းသန် သန်ဖြင့် မက်လုံး ပေးကာ တိုးတက်မှုမရှိသော Blockchain လား စသည်ဖြင့် လေ့လာနေခဲ့ခြင်း ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော့အနေဖြင့် Steemit တွင် ၄ နှစ်တာကာလ ဖြတ်သန်းဘူးခဲ့သည် ဖြစ်၍ တချိန်က Steemit ၏ SMTs အား အရူးအမူး ဖြစ်ခဲ့ဘူးပါသည်။ အားလုံးသိပြီး ဖြစ်သည့် အတိုင်း SMTs သည် Social Media Blockchain များအတွက် ခေတ်တခေတ်ကို တွန်းပို့ပေးတော့ မယောင် သတင်းလွင့်ထားခဲ့ကြပါသည်။
ကျွန်တော်ကိုယ်တိုင်းလည်း Steemit ၏ SMTs အား အရူးအမူးဖြစ်ခဲ့သလို ထို SMTs များ ထွက်လာလျင် Ethereum ၏ ERC-20 ကဲ့သို့ Steem token များ စျေးထိုးတက်သွားမည့် အချိန်အား စိတ်ကူးရင်း လေဖမ်းဒါန်းစီးနေခဲ့ပါသည်။
မိမိအတွေးတွင် Steem တို့ USD $100 ကျော် အထက်သို့ရောက်လျင်ဟူသော အတွေးသည်..... ဖြစ်နိုင်သည် မဖြစ်နိုင်သည် အသာထား ထိုအချိန်က စိတ်ကူးယျဉ် ကြည့်ရသော ဘဝ ရှေ့ရေးသည် အလွန်ပင်သာယာ ဖြောင့်ဖြူးနေခဲ့ပါသည်။
ဤ SMTs အား အမှီပြု၍ ICO ခေါ်ခဲ့ကြသော Appics နှင့် SteeHunt တို့ တွင် Steemhunt ကတော့ ERC-20 token များထုတ်ကာသူ၏ ရင်းနှီးမြုပ်နှံသူများအား နှစ်သိမ့်နိုင်ခဲ့သော်လည်း Appics ကတော့ ယခုအချိန်ထိ လမ်းပျောက်နေဆဲဖြစ်ပါသည်။
အမှန်ဆိုရလျင် Appics ၏ ICO သည် Steem Hunt ထက်ပို၍ အောင်မြင်ခဲ့ကာ USD $ သန်းနှင့်ချီ၍ ရံပုံငွေရှာဖွေနိုင်ခဲ့ပါသည်။ သို့သော် Steemit ၏ SMT ( Smart Media token ) project နောက်ကျလေလေ Appics အတွက် လမ်းပျောက်လေလေသာ ဖြစ်ခဲ့ပါသည်။
နောက်ဆုံး တွင် Appics token များအား Steem Engine ကဲ့သို့သော Centralised Exchanges တွင် စျေးကွက်ဖွင့်ပေးခြင်းသည် နောက်ဆုံး အဆင့်သို့ ရောက်သွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအချိန်တွင် Steem Hunt အနေဖြင့် တခု ကံကောင်းသည်မှာ သူ၏ Hunt token များအား SMT အားမကိုးပဲ ERC-20 token များ အဖြစ် ထုတ်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် Hunt token များ အနေဖြင့် Daybit , Probit အစသော ပြင်ပ Exchanges site များတွင် ဝယ်ရောင်း လုပ်နိုင်ခြင်း ဖြစ်ပါသည်။ အချုပ် အနေဖြင့်ဆိုရသော် Appics သည်လက်ရှိ အနေတွင် Steemit တွင်လည်း နေရာမရနိုင်သလို Hive platform တွင်လည်း နေရာ မရနိုင်သေးပါ။
သူ့အနေဖြင့် Steemit ၏ SMTS ကို အခြေခံထားသောကြောင့် ဖြစ်သလို လက်ရှိ အချိန်ထိ Hive သို့ ကူးပြောင်းမည့် အသွင်မရှိသေးပါ။ သူ့အနေဖြင့် ဇါတ်မျောကြီးအား ဆက်ကလိုဟန်ရှိပါသည်။ Steem Hunt ကတော့ ရှင်းပါသည်။
သူ၏ token များသည် SMT များဖြင့် လွတ်ကင်းသည်ဖြစ်ရာ ကျွန်တော်သိသလောက် သူတို့အနေဖြင့် နားခိုရာ Blockchain တခုလိုက်ရှာနေပြီဟု သိရပါသည်။ Steemit သည်လည်း Justin ကြောင့် နောက်ထပ်ရင်းနှီးမြုပ်နှံသူတို့ ဝင်ရောက်လာနိုင်ရန် မဖြစ်နိုင်သည်ကို Steemhunt သိသည့်အတွက် သူတို့ အနေဖြင့် အိမ်ပြောင်းရန် စီမံရခြင်း ဖြစ်ပါသည်။
ကျွန်တော်သည် Steemit ၏ SMT အား အရူးအမူး ဖြစ်ခဲ့သည်ကို ဝန်ခံပါသည်။ သို့သော် Appics ၏ ICO တွင် ဝင်ရောက်မပါဝင်နိုင်ခဲ့ ခြင်း အတွက် ထိုအချိန်က ဝမ်းနည်းကြေကွဲ ဘူးသလောက် လက်ရှိ အခြေအနေဖြင့်ပြန်တွေးလိုက်လျင် ကံကောင်းလိုက်တာဟု တွေးနေမိပါသည်။
အဘယ့်ကြောင့်ဆိုသော် Appics ၏ APX token များအား Steem နှင့် SBD တို့ဖြင့် ဝယ်ယူနိုင်သော အချိန်သည်၂၄ နာရီသာ ဖြစ်၍ ထိုအချိန်က ကျွန်တော့ အနေဖြင့် စင်္ကပူတွင် ၂၄ နာရီ Overnight အလုပ်ဆင်းနေရသောကြောင့် APX token များအား မဝယ်နိုင်ခဲ့ပါ။ ကံကောင်းသည်ဟု ဆိုရမည် ဖြစ်ပါသည်။
လက်ရှိ အခြေအနေတွင် Steemhunt သည် သူ၏နားခိုရာအခြားသော blockchain တခုအား ရှာဖွေနေသည်ကတော့ သေချာပါသည်။ Steemit သည် လူတယောက် လက်အတွင်းသို့ ရောက်သွားပြီ ဖြစ်၍ မိမိတို့ Wallet အချိန်မရွေး ပြသနာ ရှာခံရနိုင်ကြောင်းလက်တွေ့ သိမြင်သွား ပြီ ဖြစ်သလို Steemhunt ကဲ့သို့သော platform သည် အသုံးပြုသူ community လိုအပ်ပါသည်။
သူတို့ အနေဖြင့် Hive သို့ ရောက်လာနိုင်ကြောင်း မသိသေးသော်လည်း အကယ်၍ Hive platform အနေဖြင့် Steemhunt ရောက်လာလျင်လည်း လက်ကမ်းကြိုဆိုကြလိမ့်မည်ဟု ယုံကြည်ပါသည်။ Token နှင့်ဆိုင်သော နည်းပညာ များ ညှိနှိုင်းမှုရလျင် ဖြင့် ဖြစ်နိုင်ပါသည်။
Appics သော်လည်ကောင်း ၊ Steemhunt သော်လည်ကောင်း Hive သို့ ခြေဦးလှည့်ရန် မမြင်ရသေးကာ ပြောရန် အလွန်ခက်လှပါသည်။ လက်ရှိအခြေအနေတွင် Hive platform သည် ယခင် Steemit တွင်ရနိုင်သည့် နည်းပညာအားလုံး ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်ပါသည်။
ဆိုလိုသည်မှာ Hive internal Market.... third party market စသည်ဖြင့်။ ကျွန်တော်မျှော်လင့်နေသည်မှာ Hive developers တို့ နောက်ထပ် မည်သို့ အဆင့်မြှင့်တင်မည်ဟူသော သတင်းသာ ဖြစ်ပါသည်။
Henry Aung (Kachin)