မင်္ဂလာပါ။ ယနေ့ကတော့ Hive အတွက် သမိုင်းဝင်မည့် နေ့သစ်တရက် ဖြစ်ပါသည်။ အကြောင်းမှာ Hive ဈေး USD 1$ ကျော်သွားခြင်းနှင့်အတူ ၂၄ နာရီ trading volume ဒေါ်လာ ၁.၅ ဘီလီယံ အထိ ရောက်ရှိသွားခဲ့ခြင်း ကြောင့် ဖြစ်ပါသည်။
Hive သည် ဈေးကွက် အတွင်းသို့ စတင်ဝင်ရောက်လာပြီး ၂၄ နာရီ trading volume ဘီလီယံ နှင့်ချီ၍ တခါမှ မရှိခဲ့ပါ။ ယခုတကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။ ဈေးတက်လာပြီ ဆိုတော့လည်း ပျော်ကြရသည်ပေါ့။
မိမိတို့ Hive wallet တန်ဖိုးအား ကြည့်ကာ ကြည်နူးရသည်မဟုတ်လား။ Hive အနေဖြင့် ဤသို့ ဈေးကွက်အတွင်း တဖြည်းဖြည်း လူသိများလာသည်မှာ အတော်လေး အခြေအနေကောင်းသည်ဟု ဆိုနိုင်ပါသည်။
Leofinance ဖြင့် တကြိမ် လူသိများခဲ့သလို Splinter land ဖြင့်လည်း တကြိမ်လူသိလာခဲ့ပြီး ဖြစ်ပါသည်။ Hive platform အနေဖြင့် External exchange များတွင် ထည့်ထားသော liquid Hive များ တဖြည်းဖြည်း နည်းပါးလာနေပြီ ဖြစ်ပါသည်။
ဆိုလိုသည်မှာ Hive platform မှ နေ့စဉ်ထွက်ရှိနေသော Hive များသည် power up လုပ်သည်ဘက်ပို၍ ရောက်သွားကြသလို Hive မှ ထွက်ရှိလာသော NFT များဘက်သို့လည်း ရင်းနှီမြုပ်နှံမှု ပြုလုပ်လိုက်ကြသောကြောင့် ဖြစ်ပါသည်။
အလွယ်ပြောရမည်ဆိုလျင် နေ့စဉ် ထွက်ရှိလာသော Hive များအား ဈေးကွက်သို့ မတွန်းပို့ကြတော့ပဲ ရင်နှီးမြုပ်နှံသည့်ဘက်သို့ ပို၍ တွန်းပို့ လာကြခြင်း ဖြစ်ပါသည်။
ယခင်က Hive ဈေးကျခြင်းအား တနည်းတဖုံ သက်ရောက်စေသော HBD များကလည်း ၁၀% အတိုးရသော saving ထဲသို့ရောက်ကုန်ကြသဖြင့် Hive ဈေးသည် ဈေးကွက် အတွင်း၌ တဖြည်းဖြည်း ခိုင်မာလာခြင်းဖြစ်ပါသည်။
ယခုနောက်ပိုင်း Hive platform သို့ အခြေချလာကြသူများသည် Project များကို အကောင်အထည်ဖေါ်မည့်သူ များလာသည်မှာ လည်း Hive platform အတွက် အတော်လေးကောင်းမွန်ပါသည်။ အထူးသဖြင့် Gaming ပိုင်းတွင်ဖြစ်ပါသည်။
ကျွန်တော်လေ့လာမိသလောက် Hive platform မှ နောက်ထပ် Game အတော်များများ ထွက်လာစရာရှိနေပါသေးသည်။ အဘယ့်ကြောင့် Gaming project များ Hive platform သို့ ဦးတည်လာရသနည်းဆိုသော် Hive သည် Community တောင့်တင်းပါသည်။
မတူညီသော နိုင်ငံပေါင်းစုံမှ မတူညီကြသော ဝါသနာရှင် ပေါင်းစုံ သို့ ဆုံစည်းရာနေရာ ဖြစ်ပါသည်။ Gaming project များအတွက် ဤသို့သော Community များ အလွန်ပင်လိုအပ်ပါသည်။
ကျွန်တော့အနေဖြင့် Game ကစားခြင်းတွင် အလွန်ပင် ဝရိယနည်းပါသည်။ အကြောင်းမှာ ဝါသနာမပါ ၍သာဖြစ်ပါလိမ့်မည်။ တနည်းအားဖြင့်ဆိုသော် စိတ်မရှည်ခြင်း အရည်မရအဖတ်မရ အရာများအား မလုပ်လိုခြင်း ဖြစ်ပါသည်။
ကျွန်တော် စင်္ကပူ တွင် ရှိစဉ်က Dota -2 အရူးအမူး ခုတ်ခဲ့သော သူငယ်ချင်းတယောက်ရှိခဲ့ဘူးပါသည်။ တညတည မအိပ်ပဲ Dota ခုတ်ကာ နောက်တနေ့ အလုပ်မသွားနိုင်ဖြစ်ရသည်မှာ အကြိမ်ကြိမ် ဖြစ်ပါသည်။
ထိုသူငယ်ချင်းသည် ယခုကဲ့သို့ Blockchain Game များဖြင့် ပိုက်ဆံရှာနိုင်ကြောင်း သိရလျင် မည်သို့ နေမည်မသိပါ။ သေချာသည်တခုကတော့ gaming ဈေးကွက်သည် Streaming လုပ်ရင်းပိုက်ဆံရှာမည် ဆိုခြင်းထက် NFT စုရင်း ပိုက်ဆံရှာမည့်ဘက်သို့ ဦးတည်လာနေသည်မှာသေချာပါသည်။
Game ကစားခြင်းမှ တရက်လျင် 10$ ခန့်ရနေသည် ဆိုသည်မှာ တလလျင် ဒေါ်လာ 300$ ဖြစ်သလို သာမန် ဝန်ထမ်း တယောက်၏ လစာ ထက်ပင် ကျော်လွန်နေပါသည်။ အဘယ့်ကြောင့် သူများထံအလုပ်လုပ်မည်နည်း။
ဤ အကြောင်းအရာများအား အခြားသူငှာများအားပြောပြလျင် လူရယ်စရာပင်ဖြစ်ပါလိမ့်မည်။ သို့သော် Blockchain က ထိုအရာများအား တကယ်ဖြစ်အောင် ပြောင်းလည်းပေးနေပြီ ဖြစ်ပါသည်။ NFT ဈေးကွက်က သက်သေပင်ဖြစ်ပါသည်။ မိတ်ဆွေကော မည်သို့ယူဆပါသနည်း။
Henry Aung ( Kachin )
06/10/2021 - Wednesday - 17;43 Pm