မင်္ဂလာပါ။ ယမန်နေ့ညကတော့ မိတ်ဆွေများအားလုံး WIT airdrop ရကြလိမ့်မည်ဟု ယုံကြည်ပါသည်။ WIT သည် CCC ( Creative Coin ) အား support ပေးရန် အပြင် ကျွန်တော်တို့ကဲ့သို့သော Blogger များအတွက် သီးသန့် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
လောလောဆယ်အနေဖြင့် WIT သည် Stack အနေအထားတွင်ရှိနေသည်ဖြစ်ရာ ဈေးကွက် တန့်နေအုံးမည် ဖြစ်ပါသည်။ Unstack လုပ်ရန် တပတ်ကြာမည်ဖြစ်ကာ များမကြာမှီ ဈေးကွက် ရှင်သန်လာပါလိမ့်မည်။
လက်ရှိအနေအထားတွင် 0.005 hive ဈေး ပေါက်နေသည်ဆိုသော်လည်း ဈေးဆွဲတင်ထားသော ကြောင့် ဖြစ်ပါသည်။ ဈေးကွက် ပွင့်သွားလျင် ဖြစ်နိုင်သော ဈေးနှုန်းမှာ 0.001 Hive လောက်သာ ဖြစ်ပါလိမ့်မည်။
Unstack လုပ်၍ ရောင်းစားမည်လား ဒီအတိုင်း Stack လုပ်ထား မည်လားဆိုသည်ကတော့ မိတ်ဆွေတို့ သဘောအတိုင်းသာ ဖြစ်ပါသည်။ WIT stacking လုပ်ထားခြင်း၏ ကောင်းကျိုးမှာ မိမိ post တင်၍ #creativewriting / သို့မဟုတ် #creative-writing ဟူသော tag တခုခု တွဲလိုက်သည်နှင့် WIT အဖွဲ့သားများက မိမိတို့ Post များအား လာ၍ vote ပေးကြမည်ဟု ဆိုပါသည်။
Hive Power ဖြင့်လာ Vote ကြမည်လား CCC power ဖြင့် လာ vote ကြမည်လားကတော့ မသဲကွဲ သေးပါ။ Discord သွားကြည့် ၍ မေးလိုက်လျင် အဆင်ပြေသော်လည်း ကျွန်တော့ Discord ဖွင့်လိုက်သည်နှင့် join ထားသော community များလွန်းရကာ noti များ အဆမတန် တက်လာသောကြောင့် မိမိလိုချင်သော အကြောင်းအရာ မေးရသည်မှာ အတော်လေး အနှောက်အယှက် ဖြစ်ပါသည်။ ရှိစေတော့။
ယခု ကျွန်တော်တို့ tag တွဲရန် နောက်တခုတိုးလာပါပြီ။ Ecency က သတ်မှတ်ထားသည်က Tag ၁၀ ခုသာ တွဲခွင့်ပေးထားပါသည်။ မိတ်ဆွေတို့ အဆင်ပြေသည် tag သာတွဲကြပါကုန်။ လိုချင်စရာ token များကများလွန်းသောကြောင့် မည်သို့လုပ်ရန်ပင်မသိတော့။ PeakD မှ post တင်လျင် tag စိတ်ကြိုက်တွဲနိုင်သော်လည်း Ecency က vote မပေးပါ။
WIT အကြောင်း သာဆက်ကြပါအုံးစို့။ အကယ်၍ မိတ်ဆွေသည် CCC token 10000 Delegate လုပ်ထားသူ ဖြစ်လျင် တပတ်လျင် 55.7 နှင့် 55.7 WIT ရရှိနိုင်ပြီ ဖြစ်ပါသည်။ ထိုထက်ပို၍ မိတ်ဆွေသည် Airdrop ရထားသော WIT 10000 အား Unstack မလုပ်ပဲ Stacking သာ ဆက်လုပ်ထားလျင်ဖြင့် တပတ်လျင် အပိုဆောင်း 55.7 CCC ထပ်ရမည် ဖြစ်ပါသည်။ ဆိုတော့ နှစ်သီးစားရမည့်သဘော ဖြစ်ပါသည်။
အမှန်ဆိုရလျင် နှစ်သစ်တွင် Airdrop ရသည် Hive ဈေးကလည်း မဆိုစလောက် ထပ်တက်လာသည်ဆိုတော့ မင်္ဂလာရှိနေသည်ကတော့ သေချာပါသည်။ ကျွန်တော်တို့ Hive Platform တွင် ကျင်လည် နေကြသူများအဖို့ နောက်ထပ် Airdrop နှစ်ခု ရစရာရှိနေပါသေးသည်။ အသေးစိတ်လေ့လာပြီးလျင် ဖေါ်ပြပေးပါမည်။
ထို့အပြင် Hive Blockchain မှ ထွက်ပေါ်လာမည် ဖြစ်သာ နာမည်ကြီးနေသည့် Game နှစ်ခုလည်း ရှိနေပါသေးသည်။ အသေးစိတ်လေ့လာပြီး ဖေါ်ပြပေးပါမည်။ ၂၀၂၂ ကတော့ Hive Blockchain အတွက် တော့ အထက်သို့ ထောင်တက်သွားသည့် ခုနှစ်ဖြစ်လာပါလိမ့်မည်။
Henry Aung ( Kachin )
02/01/2022 - Sunday - 18;14 Pm