မင်္ဂလာပါ။ ယနေ့ကတော့ စာရေးရန် အချိန်မရလိုက်သော ကြောင့် ကျွန်တော် ဗီယက်နမ် ဟိုချီမင်း မြို့တို့ သွားလည်သည့် အကြောင်း ဓါတ်ပုံများ ဖေါ်ပြပေးပါမည်။ ဗီယက်နမ် ဟိုချီမင်း မြို့ကတော့ ကျွန်တော့ ညီမလေး ၏ သူငယ်ချင်း တသိုက်နှင့် သွားလည် ကြခြင်း ဖြစ်ပြီး အတော်လေး ပျော်စရာကောင်းသော ခရီးစဉ် ဖြစ်ခဲ့ပါသည်။
နိုင်ငံရပ်ခြား ခရီးစဉ် များတွင် ဗီယက်နမ်သည် လည်ပတ်ရန် အလွန်ကောင်းသော နိုင်ငံဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် ဗီယက်နမ် အားသဘောကျသော ကြောင့် နောက်တကြိမ် ထပ်သွားပါသေးသည်။ ဒုတိယအကြိမ် သွားသည်ကတော့ မြို့တော် ဟနွိုင်း ဖြစ်ပါသည်။
နောက်ထပ် လည်း သွားလည် ဖို့ စိတ်ကူးထာပါသည်။ ဒီတခါ သွားလျင်တော့ တောင်ပေါ်မြို့ကလေး ဒါနန်းမြို့ သို့ သွားရောက်လည်ပတ်မည်ဟု စိတ်ကူးထားပါသည်။
ဟနွိုင်းမြို့ သွားရောက်လည်ပတ်သည့် အကြောင်းတော့ ကျွန်တော့ မဟေသီနှင့် Honey Moon ခရီစဉ် ဖြစ်ကာ Hive Platform တွင် ဗီယက်နမ်သွားတောလား ဟူ၍ ခန်းဆက် ဆောင်းပါးရေးဘူးပါသည်။ ယခုတော့ ဗီယက်နမ် မြို့တော် ဟိုချီမင်း သို့ သွားလိုက်ကြပါအုံးစို့။
Notre-Dame Cathedral Basilica ဟိုချီမင်းမြို့ ( ယခင်က Saigon ) လယ်ကောင်တွင်ရှိသော နာမည်ကြီးဘုရား ကျောင်း ဖြစ်ပါသည်။ လမ်းလယ်ကောင်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ဘေး ဘယ်ညာ မှာ ကားလမ်းမများ ဖြစ်ပါသည်။
ဘိန်းဘုရင် မူးယစ်ရာဇာ Henry Aung ဟိုချီမင်းမြို့သို့ရောက်ခဲ့စဉ်က
ဘုရားကျောင်းရှေ့
ဘုရားကျောင်းထဲတွင်
ဟိုချီမင်း စာတိုက်ကြီး ရှေ့ရှိ ကြေးရုပ်တုကြီး
စာတိုက်ကြီး ပြခန်းထဲတွင်
ဗီယက်နမ်သို့ သွားလည်ရခြင်း၏ ကောင်းကွက်များတွင် အစားအသောက် ဈေးသက်သာခြင်း ဘီယာ ဈေးအလွန်ပေါခြင်း နှင့် ဗီယက်နမ် အမျိုးသမီးများ အလွန် လှပကြခြင်း ပင်ဖြစ်ပါသည်။
ဝတုတ် ပြဲ ဟူ၍ တယောက်မှ မတွေ့ရပဲ ကျစ်လစ် သွယ်လျသော ဗီယက်နမ် ပျိုဖြူ များ ဖြစ်ကြပါသည်။ ပုံကတော့ ကျွန်တော်တို့ တည်းနေသော ဟိုတယ် Reception မှ ဗီယက်နမ် ကောင်မလေး ဖြစ်ပါသည်။ ထိုအချိန် က စောင် FA ကောင် Henry Aung အနေဖြင့် သူမ၏ email လိပ်စာအား မရမက တောင်းခဲ့ကာ ဓါတ်ပုံ ခိုးရိုက်လာခဲ့ပါသည်။
Night Out ထွက်။ ဗီယက်နမ် ခရီစဉ် တွင် ကျွန်တော့ အနေဖြင့် ဗီယက်နမ် ဒေါင် 5 သန်း ကျော် သုံးဖြုန်း ခဲ့ပါသည်။ စင်္ကပူတွင် 5$ ပေးသောက်ရသော Heineken ဘီယာမှာ ဗီယက်နမ်တွင် 1$ ကျော်ကျော် သာ ရှိသော ကြောင့် သောက်လိုက်စမ်း ဆိုတဲ့ဘီယာ။
ရေဆာ ဘီယာသောက်။ သေးပေါက်လျင်ပင် ဘီယာ နံ့ ထွက်လာသည် အထိ ဘီယာသောက်ခဲ့ပါသည်။ ဗီယက်နမ် ဒေါင် 5 သန်း ကျော် သုံးခဲ့သည်ဟူ၍ အထင်မကြီးပါနှင့်။ ထိုပမာဏ မှာ စင်္ကပူ ဒေါ်လာ ၃၀၀ ကျော်သာ ရှိပါသည်။
ဗီယက်နမ် စစ်သမိုင်းပြတိုက် နှင့် တောထဲရှိ စစ်စခန်း ( ပြခန်း ) သို့ သွားလည် ခဲ့စဉ်က။ စကားပြန် ကောင်မလေး၏ အမည်မှာ Thu Tryn ဖြစ်ပါသည်။ ကျွန်တော်နှင့် အချိန် အတော်ကြာကြာ အထိ email အဆက်အသွယ်ရှိခဲ့ပါသည်။
ဒုတိယနေ့ မဲခေါင် မြစ်ဝမ်း လွင်ပြင်သို့ သွားရောက်လည်ပတ်စဉ်က။ စကားပြန် ကောင်မလေး၏ အမည်တော့ မမှတ်မိတော့ပါ။ ကျွန်တော်က သူ့အား ပြန်ကာနီး နှုတ်ဆက်သော အခါ ကျွန်တော့ အား ဖိတ်စာ တစောင်ပေးပါသည်။
ကျွန်တော်လည်း ဘာဖိတ်စာ မှန်း မသိ၍ မေးသော အခါ သူ၏ မင်္ဂလာဆောင် ဖိတ်စာ ဖြစ်ပါသည်။ သဘက်ခါ မင်္ဂလာဆောင်မည် ဟု ပြောပါသည်။ သူရို့ကြတော့လည်း တဘက်ခါ မင်္ဂလာဆောင်တော့မည် ယနေ့ထိ အလုပ်လုပ်တုန်း ဟု တွေးတော နေမိခဲ့ပါသည်။
မနိုင်စိန် / အစားတလိုင်း သီးသန့် ကျွန်တော့ ညီမလေးနှင့် သူ၏ သူငယ်ချင်းများ
ကျွန်တော်နှင့် ကျွန်တော့ ညီမလေး...
ဟုတ်ကဲ့ ယနေ့တော့ ဒီလောက်မျှသာ ဖြစ်ပါသည်။ တချိန်ကျလျင်တော့ Hive Myanmar အဖွဲ့သားများဖြင့် Vietnam သို့ အလည်အပတ် ထွက်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ စိတ်လို လက်ရရှိလျင် ကျွန်တော် အင်ဒို နီးရှား Batam / Bintam / ကျွန်းသို့ အလည်း သွားခဲ့သည့် အကြောင်း ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
24/12/2021 - Friday - 18;32 Pm