မင်္ဂလာပါ။ မပြောဖြစ်တာကြာပြီးဖြစ်သော Cryptocurrency အကြောင်း အနည်းငယ် ပြန်ပြောကြည့်ကြပါစို့။ Cryptocurrency ဟုဆိုလိုက်သည်နှင့် " ဟာ ကိုဟင်ကတော့ ဘာဂွင် တွေ များတွေ့ထားပါလိမ့် " ဟူ၍ ထင်ကြပေလိမ့်မည်။ ကိုဟင်လည်း ဘာဂွင်မှ မတွေ့ထားရသလို မည်သည့် Airdrop များလည်း တွေ့ထားခြင်း မရှိပါ။
အမှန်ဆိုရလျင် Cryptocurrency အား ယခင်တုန်းကလောက် အားမထည့် မိတော့ပါ။ အခြား အကြောင်းအရာ ကြောင့် မဟုတ်ပါ။ Covid ကာလ ဖြစ်သောကြောင့် လည်းကောင်း မိမိ အသက်မွေးဝမ်းကြောင်း ဖြစ်သည့် ဆေးဆိုင်သို့ အချိန်ပြည့် ဂရုစိုက်နေရသောကြောင့် Cryptocurrency ဘက်သို့ ဦးမလှည့် ဖြစ်ခြင်း ဖြစ်ပါသည်။
သို့သော် Cryptocurrency လုံးဝအဆက်ပြတ်သွားခြင်းတော့မဟုတ်ပါ။ Hive ရှိနေသေးသ၍ ကျွန်တော်လည်း cryptocurrency အကြောင်း လေ့လာနေအုံးမည်သာ ဖြစ်ပါသည်။ ယခုတလော Hive နှင့်ပတ်သက်၍ ကျွန်တော် သတိထားမိသည့် အကြောင်းအရာ ၂ ခုရှိပါသည်။ တခုမှာ HF24 ဖြစ်၍ အခြားတခုမှာ Leo token ဖြစ်ပါသည်။
HF 24 ကတော့ စက်တင်ဘာ ၂၂ ရက်နေ့သို့ ပြောင်းရွေ့လိုက်ပြီ ဖြစ်ပါသည်။ HF ပြီးသွားလျင် ဘာများ ပြောင်းလည်းသွားမည်နည်း။ လောလောဆယ်အထိတော့ ထွေထွေထူးထူး မတွေ့ရသေးပါ။ HF တိုင်းတွင် အဆင့်မြှင့်တင်ပြီးသွားမှ User တို့အား အသစ် အသစ်သော အရာများ ဖြင့် မိတ်ဆက်ပေးကြသည်မှာ Blockchain တို့၏ သဘာဝဖြစ်ပါသည်။
ထို့ကြောင့် ယခင်က HF အဆင့်မြှင့်တင်မည်ပြုတိုင်း Token တို့ စျေးတက်လာလေ့ရှိပါသည်။ ဤသည်က စျေးခေါ်ခြင်း တမျိုးသာ။ ဆိုခဲ့သည့် အတိုင်း Hive ၏ ပထမဆုံး HF တွင် အဘယ်သို့သော ထူးခြားချက်များ ပါလာမည်နည်း။ တနည်းအားဖြင့် ရင်းနှီးမြုပ်နှံသူတို့အား မည်သို့ ဆွဲဆောင် ပါမည်နည်း။
ကျွန်တော့ ယခင် ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ Hive အနေဖြင့် Blogging တခုတည်း အပေါ်မှီခို၍ သွားလျင် အနှေးနှင့် အမြန် ပျက်စီးခြင်းသို့ ရောက်သွားပါလိမ့်မည်။Steem က သက်သေဖြစ်ပါသည်။ Hive အနေဖြင့် Blockchain Social media လောကတွင် အခြားနှင့်မတူသော အရာများ တီထွင်ပြ ၊ လုပ်ပြ နိုင်မှ သာလျင် Hive သည် အောင်မြင်ပေါက်မြောက်လာမည် ဖြစ်ပါသည်။ ဤသည်က Hive အကြောင်း ။
ကျွန်တော့ အနဖြင့် Hive အကြောင်း ရေးသာ ရေးရသည် ။ မိမိလည်း ဘာမျှ တတ်နိုင်သည်မဟုတ်။ ဆိုခဲ့သည့် အတိုင်း နောက်တခုကာ Leo token ။ ကျွန်တော့ အနေဖြင့် ပြောရလျင် လက်ရှိ အနေအထားတွင် Leo သည်လည်း Blogging အား မှီခိုနေရတုန်းပင်ဖြစ်ပါသည်။ သူ၏ လမ်းပြမြေပုံတွင် အကြောင်းအရာ အတော်များများ ဖေါ်ပြထားသော်လည်း လတ်တလော ရေပန်းစားလာသည် ကိစ္စမှာ Leo token အား ပြင်ပ စျေးကွက်တွင် စျေးထိုးဖေါက်နိုင်ရေး ဖြစ်ပါသည်။
Leo Token အား Eth နှင့် တာရိုက် လွဲပြောင်း အသုံးချနိုင်ရေး ဖြစ်ပါသည်။ ဤကိစ္စမျိုးအား ယခင်က Hunt token လည်း ကြိုးစားဘူးပါသည်။ လက်ရှိ အနေအထားတွင် Hunt token ဘယ်အခြေအနေရောက်နေသည် ကျွန်တော်လည်း မသိတော့ပါ။ ထားပါ။ Leo အကြောင်း ဆက်ကြပါအုံးစို့။
Leo သည် ဤကဲ့သို့ မိမိ token အား ပြင်ပစျေးကွက်တွင် ဖေါက်နိုင်အောင် ကြိုးစားရာတွင် သူ၏ Internal market တွင် ဝယ်လိုအား လိုက်လာပါတော့သည်။ Internal Market ဆိုသည်မှာ Hive Engine အား ဆိုလိုခြင်း ဖြစ်ပါသည်။ ပြင်ပတွင် Hive 0.16 $ အထိ ကျလာချိန်တွင် Leo မှာ 0.11$ အထိ စျေးတက်လာပါတော့သည်။
ဆိုလိုသည်မှာ အကယ်၍ Hive blogging မှအဆင်မပြေသူတို့ Leo blogging တို့ ပြောင်းလာကြမည့် အနေအထား ဖြစ်နေပါတော့သည်။ အများသိကြသည့်အတိုင်း Leo ကလည်း Hive အား မှီခိုနေရသည်သာ။ ရှိစေတော့ ယခု Leo သည် Hive အား ခြေရာတိုင်းလာနိုင်ပြီ ဖြစ်ပါသည်။ အဘယ့် ကြောင့် ဆိုသော် သူ၏ Leo token အား ပြင်ပစျေးကွက် ဖေါက်၍ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်တော့မည် ဖြစ်ပါသည်။
အကယ်၍ Leo token သည် Hive token ထက် စျေးမြှင့်သွားခဲ့သည် ရှိသော်။ ကိစ္စမရှိပါ။ ကျွန်တော်တို့၏ နေ့စဉ် Post များ၏ tag တွင် Leo ဟူသော Tag ထည်ယုံမျှဖြင့် Hive လည်းရ Leo လည်းရ ဟူသော အနေအထား ဖြစ်ပါသည်။ ကျွန်တော့အထင် ( အထင်သာ ဖြစ်ပါသည်) Hive platform တွင် Leo မှာ ဒုတိယ Hunt token ဖြစ်လာပါလိမ့်မည်။ တခုသာ သတိထား ရပါလိမ့်မည်။ မိမိတွင် Leo token အနည်းငယ်စုထားဖို့တော့လိုပါလိမ့်မည်။
Henry Aung ( Kachin )
09 / 09 / 2020 ( 18;30 pm )