မင်္ဂလာပါ။ ယခုကျွန်တော်ရေးသားမည်ဖြစ်သော အကြောင်းအရာများတွင် နည်းပညာနှင့်ပတ်သက်၍ အမှားတစုံတရာပါဝင်သွားလျင် ရေးသားသူ ကျွန်တော်၏ လေ့လာမှု အားနည်းသော ကြောင့်သာ ဖြစ်ကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။
ယခု ၂၀၂၂ တွင် Hive Blockchain အား အဓိကပြောင်းလည်း စေမည်ဖြစ်သော အရာ တခုဖေါ်ပြပေးလိုပါသည်။ ထိုအရာမှာ SPK Network ဖြစ်ပါသည်။ SPK Network သည် Web-3 Protocol ပေါ်တွင် အခြေခံထားခြင်း ဖြစ်ပါသည်။ SPK Network အကြောင်း မတင်ပြမှီ Web-3 ဆိုသည့် အကြောင်း အနည်းငယ် ရှင်းပြလိုပါသည်။
ကျွန်တော် တို့ Internet နှင့် စတင်ထိတွေ့သော အချိန်သည် Web-1 အချိန်ကာလဖြစ်ပါသည်။ မိမိလိုချင်သည် သိချင်သည့် အကြောင်းအရာအား WWW. မည်သည့်နေရာတွင် ကြည့်နိုင်ပါသည်။ တိကျသော Network တခုသို့သာ လမ်းညွန်ပါသည်။
Web-2 မှာ လက်ရှိ ကျွန်တော်တို့ အသုံးပြုနေသော Network ဖြစ်ပါသည်။ မိမိသိလိုသည်အား Google ခေါက်လိုက်လျင် မိမိသိလိုသော အကြောင်းအရာသာမက ဆက်စပ်နေသော အကြောင်းအရာ ပုံစံတူ အကြောင်းအရာ စသည်ဖြင့် Network မျိုးစုံ ထွက်ကျလာပါလိမ့်မည်။ သို့သော် ထို Data များအား အပြည့်အဝ ထိန်းချုပ်ထားပါသည်။ ဥပမာ Facebook/ YouTube စသည်ဖြင့် ။
Web-3 မှာ ယခုစတင်နေပြီ ဖြစ်ပါသည်။ Web-3 protocol အား အနည်းငယ် ရှင်းပြရလျင် Web-3 မှာ Blockchain base ဖြစ်၍ Decentralised ( ထိန်းချုပ်မှုမဲ့ ) ဖြစ်ပါသည်။ ဤ Web-3 ပေါ်တွင် အခြေခံ၍ ရေးဆွဲထားသော website များ Game များ အခြားသော Social Media App များအားလုံးတွင် Cryptocurrency များ NFT များ ထုတ်လုပ်နိုင်ပါသည်။
ယခု SPK Network အကြောင်း သွားကြပါစို့။ SPK Network ၏ ထူးခြားချက်မှာ ထိန်းချုပ်ခြင်းမဲ့ ခြင်း ဖြစ်ပါသည်။ ဥပမာ သင့် အနေဖြင့် Video တခု YouTube ပေါ်တင်လိုက်လျင် YouTube က အပြည့် အဝထိန်းချုပ်လိုက်ကာ မိမိVideo အား ဖျက်ပြစ်နိုင်သည် ကြားဖြတ် ကြေညာများထည့်နိုင်သည်။ မိမိက Data provider သာ ဖြစ်ပါသည်။
Facebook သည်လည် အတူတူသာ။ မိမိက information / Data များထည့်သွင်းပေးသူသာ ဖြစ်ပါသည်။ အကျိုးအမြတ်က မိမိ post အားလူဘယ်နှစ်ယောက်ကြည့်တယ်... like ရတယ်ဟူ၍ သာယာစေရုံသာ ဖြစ်ပါသည်။
SPK Network အသုံးပြုကာ Video တင်လိုက်လျင် မိမိ Video အား အခြားသူများက ဖွင့်ကြည့်လိုက်သည်နှင့် Blockchain ဆိုသည့် အတိုင်း Computer တခုမှာ အခြားတခုသို့ ချိတ်ဆက်သွားကာ မိမိ Video သည် ထို Blockchain ထဲတွင်သာ ရှိနေမည် ဖြစ်ပါသည်။
အလွယ်ဆုံး ဥပမာပြရလျင် ယခု Hive တွင် မိမိတို့ တင်သော Post ကဲ့သို့သာ ဖြစ်ပါသည်။မိမိPost အား မည်သူမျှ ဝင်ရောက် ရေးသားစွတ်ဖက်ခွင့် မရှိပါ။ မိမိစာအား မိမိသာ အပြည့်အဝ ပိုင်ဆိုင်ပါသည်။ ထို့ကြောင့် SPK network အပြည့်အဝ အလုပ်လုပ်လာလျင် မူပိုင်ခွင့်နှင့် ပတ်သက်၍ အပြည့်အဝ ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မည်။
ကောင်းပြီ ဤသို့ဆိုလျင် မိမိ ကိုယ်တိုင် ဖန်တီးထားသော Video များသည် YouTube မှတင်လျင် ထိန်းချုပ်ခံရသည်ဆိုလျင် မည်သည့်နေရာမှ တင်မည်နည်း။ အနည်းငယ် အကျယ်ချဲ့၍ ရှင်းပြပါမည်။ ၂၀၂၂ ၏ တခုသော ကာလတွင် Henry Aung အနေဖြင့် သူ၏ Computer အတွင်းရှိ SPK Desktop App အား ဖွင့်ကာ Hive Blockchain ထဲ့သို့ log In ဝင်လိုက်ပါသည်။
ထို့နောက် ကျွန်တော်ရိုက်ထားသော Video အား 3Speak အားသုံးပြီး ကျွန်တော့ အကောင့် ပေါ်သို့ Video တင်လိုက်ပါတော့သည်။ ထို့နောက် ကျွန်တော့ Video က Blockchain ပေါ်သို့ ရောက်သွားကာ ကြည့်သူများလာလေလေ ရရှိသော အကျိုးအမြတ်သည် ကျွန်တော့ ကိုယ်ပိုင်သာ ဖြစ်ပါသည်။
ဆိုတော့ SPK Network တွင် ကိုယ်ပိုင် Community များ ဖွဲ့နိုင်သည် ကိုယ်ပိုင် token များ ထုတ်နိုင်သည်။ မည်သူမျှ ထိန်းချုပ်ထားခြင်း မရှိပါ။ အမှန်တော့ ဤ Web-3 Protocol App မှာ အခြား Blockchain များကလည်း စတင် မိတ်ဆက်ပေးနေကြပြီ ဖြစ်ပါသည်။
Web-2 ပုံစံ အနေဖြင့် ပြောရလျင် ... Search engine တွင် Google သုံးမည်လော ... Yahoo သုံးမည်လော ... Brave သုံးမည်လော ဟူ၍ ဖြစ်လာသလို Web-3 တွင်လည်း SPK သုံးမည်လော အခြားသော Web-3 App များ သုံးမည်လောဟူ၍ ဖြစ်လာပါလိမ့်မည်။
ကျွန်တော်တို့၏ အနာဂတ်သည် Google အားကိုးစရာမလိုသော YouTube အားကိုးစရာမလိုသော အနာဂတ်ဖြစ်လာပါလိမ့်မည်။ ပြောရလျင် ကျွန်တော်တို့သည် အသိဉာဏ်ပို၍ မြင့်မားလာသော Network စက်ရုပ်ဖြင့် အလုပ်လုပ် ကြရတော့မည် ဖြစ်ပါသည်။
Blockchain သည် Data Server သီးသန့် မလိုပါ။ လူတိုင်း၏ ကွန်ပြူတာသည် Data Server များ ဖြစ်လာကြပါလိမ့်မည်။ ကျွန်တော်လည်း IT ပညာရှင် မဟုတ်သော ကြောင့် ဤ Web-3 အကြောင်း ထိုထက်ပို၍ မရှင်းပြတတ်ပါ။ အကျယ်သိလိုလျင် လက်ရှိ Web-2 တွင် လည်ပတ်နေသော Google သာ ခေါက်ကြည့်ကြပါကုန်။
ကောင်းပြီ။ SPK Network အသုံးပြုခြင်းကြောင့် အဘယ်သို့သော အကျိုးအမြတ်ရနိုင်ပါသနည်း။ သေချာသည်ကတော့ မိတ်ဆွေတို့ သိချင်သည်ကလည်း ဤ အချက်သာ ဖြစ်ပါသည်။ ဤ SPK Network တွင်လည်း Token System ရှိပါသည်။ SPEAK token ဖြစ်ပါသည်။ သို့သော်သူသည် Layer-2 token အမျိုးအစားမဟုတ်ပါ။ Hive ကဲ့သို့ Main token ဖြစ်ပါသည်။ Hive ကဲ့သို့ Power up နိုင်မည်။ SPEAK token အား ဈေးကွက်တွင် ချရောင်းနိုင်မည် ။
ဤ Network အသုံးပြုထားသော အခြားသော App များ / စာ များအား Vote ပေးလျင် SPEAK token reward ရနိုင်မည် စသည်ဖြင့်။ ဥပမာ တခုပြရလျင် ကျွန်တော်သည် SPK application မှတဆင့် Ecency သို့ ဝင်ရောက်ကာ post တင်လိုက်သည်။ ထို Post သည် reward ရသော အခါ Hive / HBD / SPEAK / BROCA ( network gas token ) တို့ ရရှိနိုင်မည် ဖြစ်ပါသည်။
စာရှည်မည် စိုးသောကြောင့် BROCA အကြောင်း ချန်ထားခဲ့ပါမည်။ ဤ မျှလောက်ရှင်းပြရလျင် SPK Network အကြောင်း အနည်းငယ်တော့ နားလည် လိမ့်မည်ဟု ထင်ပါသည်။ ဆိုတော့ အားလုံးမျှော်လင့်နေသည်က ဤ SPEAK token အား Airdrop ရတော့မည်ဟူ၍ ။ မဟုတ်ပါ။
Airdrop တော့ ရပါမည် သို့သော် LARYNX ဟူသော Mining token သာ ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် SPK Network သည် MainNet ဖြစ်၍ Main token သာ Mining လုပ်၍ ထုတ်ယူရမည် ဖြစ်ပါသည်။ ဥပမာ ပြရလျင် Bitcoin ကဲ့သို့သာ။ Layer 2 token အမျိုးအစားဆိုလျင်တော့ token ဘယ်နှစ်သန်း ဟူ၍ ချက်ချင်း ထုတ်နိုင်သော်လည်း Main Blockchain မှာဤသို့ လုပ်၍ မရပါ။
ဆိုတော့ SPEAK token အား Mining လုပ်၍ ထုတ်ယူရမည် ဖြစ်ပါသည်။ ဤသို့ Mining လုပ်ရာတွင် LARYNX mining token အား အသုံးပြုရမည် ဖြစ်ပါသည်။ အဆိုပါ LARYNX mining token မှာ Hive Power ရှိသော အကောင့်တိုင်းအား HP နှင့် အညီ Airdrop ချပေးမည် ဖြစ်ပါသည်။
မနက်ဖြန် အဘယ့်ကြောင့် SPK Network သည် Hive Community အားရွေးချယ် Airdrop ချပေးသည့် အကြောင်း ထပ်မံဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
03/01/2022 - Monday - 18;48 Pm