မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ယခုတလော Facebook ကြည့်ရာတွင် ယမ်းငွေ့များ / မျက်ရည်များ / သွေးညှီ နံ့ များသာ ရနေသည် ဖြစ်ရာ အတော်လေး စိတ်ဆင်းရဲရပါသည်။ ထို့ ကြောင့် ဤကဲ့သို့ စိတ်ညစ်စရာများ စိတ်ပျက်စရာများဖြင့် ပြည့်နေသော အချိန်ကာလတွင် ကျွန်တော့စာ ဖတ်မိသော ကြောင့် ခဏလေး ပြုံးသွား စေချင်သောကြောင့် ဤ သို့သော ဟာသ သရော်စာများအား ရေးသားနေခြင်း ဖြစ်ပါသည်။
သရော်စာ အား ယခုမှ ရေးသားသည်မဟုတ်။ လွန်ခဲ့သော ၄ နှစ် ခန့်ကတည်းက Myanmar Steemit အစပိုင်းတွင်လည်း အတော်လေး ရေးသားခဲ့ပြီး ဖြစ်ပါသည်။ /
/
/
/
/
/
/
/@myanmarkoko /@yuzana အစရှိသော အကောင့် ပိုင်ရှင်များမှာ ဟိုးယခင် Steemit ကာလကတည်းက အတူတကွ လက်တွဲ လမ်းလျှောက်လာကြသူများ ဖြစ်ကြပါသည်။
အချို့ ကလည်း Myanmar Steemit အား အစောကြီး လမ်းခွဲ သွားကြသလို အချို့ကလည်း Hive Platform ပေါ်သို့ ရောက်လာမလာခဲ့ကြပါ။ အကြောင်း ကြောင်း ကြောင့် ခွဲခွာသွားကြသူများ အားလည်း အပြစ်မဆိုသာပါ။ Steemit အနေဖြင့် အမြင့်ဆုံး ဈေး $7 မှ အနိမ့်ဆုံး ပြား ၂၀ အထိ နိမ့်ဆင်းသွားသည်ဆိုတော့ အချို့ကလည်း စိတ်ပျက်သွားကြခြင်း ဖြစ်ပါသည်။
ယခု Hive Platform တွင် အသစ်ရောက်နေကြသူများ အနေဖြင့် ယခင် လူဟောင်း တို့၏ စရိုက် သရော်စာများ ဖတ်နိုင်ကြစေရန် အလို့ငှာ ယခင်က သရော်စာ အဟောင်းများ ပြန်တင်ပေးလိုက်ပါသည်။ လူဟောင်း များအတွက်ကတော့ အလွမ်းပြေပေါ့။
စလိုက်ကြစို့။
ကျွနုပ်ကား Steemit မှ ရသော ငွေယား SBD လက်ထဲတွင် ရလာသည်နှင့် ဤမွန်းကျပ်လှ သော စင်္ဂပူရ မှ ထွက်ပြေးရန် အလို့ ငှာ ကြံမိ ပြန် ၏။ အဘယ်သို့ သွားမည်နည်း။ ကြံရာမရဖြစ် ချေ ပြီ။ မိမိမှာ ( အိမ့်ခြူးလှိုင်) ကဲ့သို့ သူဌေး မဟုတ်ရကာ ကမ္ဘာ မပတ်နိုင်ပြီ။ ရှိစေတော့။ မိမိရောင်ရင်း များ ရှိရာ Steemit ကျေးရွာသို့ သာ ထပ်သွား ရန် ကြံမိတော့ ၏။
မိမိ Myanmar Steemit ကျေး ရွာသို့ ရောက်သော် ရွာ ကျေးရတက် ခေါ်သာအေးမှာ ဘန်ကောက်သို့ သူ၏ ရောင်စုံ ရှန်ပူ promotion အတွက် ထွက်ခွာသွားကြောင်း သိရ၏။ သာအေးကာကြီးပွား နေလေပြီ။ ကောင်းပါ၏။
လာကြိုသူမရှိ၍ ရွာအဝင်လမ်းအတိုင်း လမ်းလျှောက်လာသော် ဂွေးမြင်ကုန်း ကျေးရွာမှ သိုင်းဆရာ ဒိုမီလေး ကို တွေ့၏။ ဒိုမီလေးမှာ ယခင်က Myanmar Steemit ရွာသားဖြစ်သော်လည်း ဘကြီတင်လှိုင်
ထံမှ သိုင်းပညာများ သင်ယူပြီးသကာလ ယခု မှာ ဂွေးမြင်ကုန်းရွာတွင် အခြကျ နေပြီ ဖြစ်၏။
သိုင်းဆရာ ဒိုမီလေးကာ ဘာသာတရား ကိုင်းရှိုင်းသူလည်း ဖြစ်၏။ ယခုလည်း Myanmar Steemit ရွာဦး ကျောင်း ဆရာတော် အရှင် အားဖူးမျှော် ၍ ဆရာတော့် တရား နာကြားခဲ့ခြင်း ဖြစ်၏။
သိုင်းဆရာ နေထိုင်သော ဂွေးမြင်ကုန်း ကျေရွာမှာ ဒိုမီလေးအား ဂုဏ်ပြုမည့် ခေါ်ထားသော ရွာနာမည် ဖြစ်၏။ အဘယ်သို့ ဤသို့ သော ရွာနာမည် မှည့် ရပါသနည်း။ အကြောင်းစုံကို ရှင်းပြရသော်ဤသို့ ဖြစ်၏။ ဂွေးမြင်ကုန်း ဟု မခေါ်ခင် ထိုရွာကလေး ၏ အမည်မှာ သာယာကုန်းရွာဟု ခေါ်သောဟူ၏။
စမ်းချောင်း ကလေးနှင့် အလွန်သာသာယာယာ ရှိပြီး ရွာ အဝင်လမ်းတွင် ကုန်းကမူလေးတခု ရှိသောဟူ၏။ ဒိုမီလေး သာယာကုန်း ရွာသို့ ရောက်သော် ရွာအတွင်း သို့ မနေပဲ ဤလူသူမနီးသော ကုန်းကမူ လေးတွင် တဲထိုး၍ နေလေ၏။ ထိုကမူ လေးမှာ ရွာအဝင်လမ်းတွင် ရှိသောကြောင့် နေစဉ် ရွာအတွင်းသို့ ဝင်ထွက်သွားလာသူတို့မှာ ဒီမိုလေး သိုင်းကျင့်နေသည်ကို တွေ့ရမည် ဖြစ်၏။ အဘယ်သို့သော သိုင်းကျင့်ခြင်းနည်း။
ရှင်းပြပါမည်။ ကိုယ်ခန္ဓာ အပေါ်ပိုင်းကာ ဗလာကျင်း ဖြစ်၍ ပုဆိုးကို တိုတို ဝတ်ထား၏။ ထို့နောက် သိုင်းကျင့်သောအခါ ဟိုခုန် ဒီကူးဖြင့် ယား ယစ်နှင့် သိုင်းကျင့်လျင် ကမူ အောက်ရွာ အဝင်လမ်းသို့ ဖြတ်သွားသူတို့မှာ ဟာကနဲ ဟင်ကနဲ ဖြစ်သွား ရသောဟူ၏။ အခါတပါး၌ သာယာကုန်းရွာသို့ ဓားပြများ ဝင်လေရာ ဒီမိုလေး လက်စွမ်းဖြင့် ဓာပြများကို လက်ရဖမ်းဆီး နိုင်သောဟူ၏။ ဤမျှစွမ်းသော ဖြစ်၏။
ရွာလူကြီးများကလည်း ကျေးဇူးတင်လွန်းရကာ ဒိုမီလေးအား ဂုဏ်ပြုကြရန် တိုင်ပင်ကြသောဟူ၏။ ရွာအစည်းအဝေးတွင် ဆုံးဖြတ်ကြသည်ကာ ဒိုမီလေးအားလည်း ဂုဏ်ပြုစေ ကုန်းကမူ ရှိသော ရွာနာမည်လည်း ပါစေဟူ၍ မှည့်ခေါ်လိုက်သည်မှာ " ဂွေးမြင်ကုန်းကျေးရွာ" ဟူတသတ်။ဟုတ်သား, တကယ်လည်း မြင်ကြရသည်ကိုး။
ဂွေးမြင်ကုန်း ရွာမှာ ဒိုမီလေးကဲ့သို့ အမျိုးသားသိုင်းဆရာ ရောက်လာ၍သာ တော်သေး၏။ အမျိုးသမီး သိုင်းဆရာဆိုလျင် ရွာနာမည်မှာ မတွေးဝံ့စရာ။ ရှိစေတော့။ ဤသည်မှာ ဒိုမီလေးနှင့် ဂွေးမြင်ကုန်းရွာ အကြောင်း မိမိသိသမျှ ပြောပြရခြင်း ဖြစ်၏။ အကြောင်းစုံသိလိုလျင် ၏ blog သို့ ဝင်ရောက်ဖတ်ကြည့် ကြပါကုန်။
မိမိလည်း ဒိုမီလေးနှင့် အတန်ကြာ စကားပြောပြီးသော် ရွာလည် လမ်းအတိုင်း သီဟကိုကို၏ ထန်းတောကို ဖြတ်လျှောက်လာခဲ့၏။ အလို ... နံနက် ၁၀ နာရီပင်မရှိသေး ရွာခံလူမိုက်များ ဖြစ်ကြသော
သက်ကိုဇာ် ( ကျားသက်ဇော် )
အောင်ဇော်ထွေး ( လက်မနှေး ဇော်ထွေး )
မင်းစိုးနိုင် ( ဓါးစိုးနိုင် ) တို့ကာ ထန်းတောအတွင်း သို့ ရောက်၍ ရေချိန်ကိုက်နေချေပြီ။
Myanmar Steemit ကျေးရွာမှ ထိုရွာခံလူမိုက်များမှာ အလွန်မီးသေသူများ ဖြစ်၏။ ငိုနေသောခလေးများအား " နင့်ပထွေးလူမိုက်တွေ လာပြီဟု ခြောက်လိုက်လျင်" အိကနဲ့ အငို တိတ် ၍ တခါးဂျောင် ပြေးကပ်သောဟူ၏။ ဤမျှ မီးသေသူများဖြစ်၏။
ညနေ သူငယ်အိပ်ချိန်ရောက်လျင် ရွာလမ်းအတိုင်း လူမိုက်သုံးဦး ဝင်လာမြဲဖြစ်၏။ သူရို့ ရေချိန်ကိုက်မကိုက် သိနိုင်သော နည်းရှိ၏။ " ဖက်ခရု( F--k you ) " " ဆယ်နှစ်လက်မ ဘစ် ( son of Bitch ) " " နိုး ဒေါ့ တင်း ဟူမန် ( no dogs think human - ဘယ်ခွေးမှ လူမထင်) " အစရှိသော အင်္ဂလိပ်စကားများပြော၍ ရွာထဲ ဝင်လာလျင် သေချာပြီ သကောင့်သားများ မူးလာချေ ပြီ။
ရှိသမျှတခါးများ အကုန်ပိတ်ရ၏။ စကားဝိုင်း ကောင်း နေလျင်လည်း ဖျက် ရ၏။ မီးခွက် မှုတ်ရ၏။ ဤ လူမိုက်များ ဝင်လာလျင် တရွာလုံး တိတ်သွားရသောဟူ၏။ ခွေးများပင် မဟောင်ဝံ့။
မီးခွက် မမှုတ်၍ ကလည်း မဖြစ်။ မီးရောင်လဲ့လဲ့ မြင်ရလျင် ထိုသုံး ဦး ဝင်လာ၍ ထမင်းကျန် ဟင်းကျန် များ မရှိဘူးလား ဟူ၍ တောင်းစားလွန်း သောကြောင့် ဖြစ်၏။ ကြောက်ကြောက်နှင့် ရှိသမျှ အကုန် ချကျွှေးရသော ကြောင့် လူမိုက်များ ဝင်လာလျင် မီးသေရခြင်း ဖြစ်၏။ ဤမျှမီးသေသော ရွာခံလူမိုက်များပါပေ။
ဤလူမိုက်များတွင် ကျားသက်ဇော် မှာ ကျောကုန်းတွင် မနောယက္ခ ကျားဆိုးခေါင်းပုံ ကို စုတ်ထိုးထားသူ ဖြစ်၏။ ထို ကျားဆိုးခေါင်းပုံ မှာ နယ်နယ်ရရ မဟုတ် ။ တောင်ကြီး မြို့တွင် နေထိုင်သော အထက်လမ်းဆရာ
ဆရာဒွန် မှာ နက္ခတ်နှင့် ကြည့် ၍ စုတ်ထိုးထားပေးခြင်းဖြစ်၏။
ထိုဆရာဒွန်ဆိုသူ မှာ တောင်ကြီး မြို့တွင် အလွန်နာမည် ကြီးသောအထက်လမ်း ဆရာဖြစ်၏။ တခေတ်တခါက အလွန်နာမည်ကြီးသော ထမီခြုံလျင် လဒ ဖြစ်သည်ဟူ သော အောက်လမ်း ဆရာမ စောနန်းဝေ ၏ တပည့်ရင်း ဖြစ်၏။ ( ဤကာစကားချပ်)
ထိုဆရာဒွန်ဆိုသူမှာ လူမိုက် ကျားသက်ဇော် ကျောပေါ်မှ မိမိထိုးပေးထားသော အလွန်လက်ရာမြောက်သော ကျားပုံကို ကြည့်၍ မိမိဤကဲ့သို့ တက်တူး ဆက်၍ ထိုးပေးနေလျင် နှောင်တွင် မြန်မာပြည် တက်တူးဆရာတို့ မိမိကြောင့် ထမင်းငတ်မည်ကို မြင်သဖြင့် ပဲခူး ဒေးစွန်ပါ ဘုရားတွင် မိမိစုတ်တံ ၊ စုတ်ခွက်များ အားလုံး ကို လှူဒါန်းလိုက်၍ မိမိဤတသက် တက်တူး မထိုးတော့ပါ ဟူ၍ ဘုရားအား အကုန်လှူဒါန်းလိုက်သောဟူ၏။
ဆရာဒွန်လည်း တောင်ကြီးသို့ မပြန်တော့ပဲ ဒေးစွန်ပါ တောင်တွင်သာ တရားအားထုတ်နေကြောင်း ကြားသိရ၏။ သာဓု သာဓု မောင်မင်းကြီးသာ နိဗ္မါန် ချမ်းသာ ရပါစေ။ ဆရာဒွန်၏ လက်ရာမြောက်လှသော ကျားပုံကို ကြည့်ချင်လျင် ကျားသက်ဇော် ကျောပေါ်တွင် သွားရောက်ကြည့် ရှုနိုင်ပါ၏။ မသွား ရောက်နိုင်သူများအတွက်လည်း အနီးစပ်ဆုံး ကျားပုံကို ဥပမာ ပြပေးလိုက်ပါမည်။ (Google တွင် Hello Kitty ဟူ၍ ရိုက်ရှာကြည့်ပါလေ။)
ယခင်ဆောင်းပါးတွင် Myanmar Steemit ၏ ရွာခံလူမိုက် ကျားသက် ဇော်အကြောင်း အသေးစိတ်ဖေါ်ပြခဲ့ပြီး ဖြစ်၍ အခြားသောရွာသာများ အကြောင်း ဖေါ်ပြပေးရန် အကြောင်းဖန်လာချေပြီ။ အဘယ်သို့ သော အကြောင်းနည်း။ ခေါ် ဓါးစိုးနိုင် ဖြစ်၏။ ဓါးစိုးနိုင်ကာ တခေတ်တခါက နာမည်ကြီးခဲ့သော ယိမ်းနွဲ့ပါး ဓါးပိုင်ရှင် ၏ မြစ်တော်သူ ဖြစ်၏။
ဓါးစိုးနိုင်၏ အဘေးကာ ယိမ်းနွဲ့ပါးဓါးကိုင်၍ အင်္ဂလိပ်တို့အား တော်လှန်ခဲ့သူဖြစ်၏။ ဤ ယိမ့်နွဲ့ပါးဓါးမှာ နာမည်ကြီး၍ အနှီး ဓါးအား ပြုလုပ်ခဲ့စဉ်က ပိုနေသော သံစအား ဓါး အတို လေး တချောင်း ထပ်မံပြုလုပ်ထားသော ဟူ၏။ ယိမ်နွဲ့ပါး ဓါးအရှည်မှာ အင်္ဂလိပ်တို့ သိမ်းယူ သွားပြီ ဖြစ်သော်လည်း ဓါးအတိုလေးမှာ ယခု မင်းစိုးနိုင် လက်အတွင်း ရောက်ရှိနေပြီ ဖြစ်၍ ဓါးစိုးနိုင်ဟူ၍ နာမည်တလုံးနှင့် မိုက်နေသူ ဖြစ်၏။
ဓါးစိုးနိုင်ကာ လူမိုက်ဖြစ်သော်လည်း Myanmay Steemit ရွာမှ ကလေးများ၏ အချစ်တော်ဖြစ်၏။ အဘယ့်ကြောင့်ထိုကလေးများ လူမိုက်ဓါးစိုးနိုင်အား ချစ်ကြသနည်း။ အကြောင်းရှိပါ၏။ စနေ တနင်္ဂနေ့ ကဲ့သို့ သော ကျောင်းပိတ်သော နေ့များတွင် ဓါးစိုးနိုင်မှာ ကလေးများနှင့် တရုန်းရုန်းရှိတတ်၏။ မုန့်ဖိုး ပေးသောကြောင့်လော။ မဟုတ်ပါ။
Myanmar Steemit တရွာလုံးရှိ ကလးများကာ တပါတ်စာ ကျိုးနေသော ခဲတံများအား ယူလာ၍ ဓါးစိုးနိုင်အား ခဲတံချွန်ခိုင်းကြ၏။ ဓါးစိုး နိုင်လည်း ကလေးများ၏ ခဲတံအား စိတ်ရှည် လက်ရှည် ချွန်ပေးသောဟူ၏။ ကောင်းလေစွ။ တခေတ်တခါ နာမည်ကြီးခဲ့သော ဓါးမှာ ယခုတော့ ခဲတံချွန်သော ဓါး ဖြစ်နေလေပြီ။ ရှိစေတော့။
ခေါ် လက်မနှေး ဇော်ထွေးအကြောင်းမှာ ထွေထွေထူးထူးပြောရန် မရှိပါ။ သူ၏ ဂုဏ်ပုဒ်အတိုင်း ရန်ပွဲ ဟေ့ ဆိုလျက် ဇော်ထွေးတို့ပါပြီး ဖြစ်၏။ သူ၏ လက်သုံးစကားမှာ " ငါလူမိုက် ငါ့ခေါင်းကြည့် ဒါဏ်ရာကြီးပဲ " ဟူလို။ ဤလူမိုက်သုံးဦးတို့ စတေးချရာနေရာမှာ
ခေါ်သီဟကို၏ ထန်းတောတွင် ဖြစ်၏။
သီဟကို မှာ လူမိုက်များကို ကြောက်၍ ထန်းရည် အလကားတိုက်ရ သောကြောင့် မိန်းမဖြစ်သူ ဆန္ဒီပိုး အား ညနေဖက်တွင် ပိုက်ဆံများများ မအပ်နိုင်သဖြင့် မိန်းမဖြစ်သူမှ ညစာ ငတ်မယ် ပြောထားသဖြင့် အကြံအိုက်နေသူ ဖြစ်၏။ သို့ပေသိ အရက်ပုန်းချက်သူ
သူ ထံမှ ချက်အရက်များပါ ယူရောင်းသဖြင့် ယခုတော့ ညစာပုံမှန်စားနေရသည်ဟူသတတ်။ အဘယ်သို့သော ညစာဟူ၍ သိချင်လျင် သီဟကို အားသာမေးပါလေ။
ကျွနုပ်လည်း သီဟကို ပြောပြသဖြင့် ၏ အရက်ချက်သောတဲသို့ ရောက်ရချေတမုံ့။ မောင်ရှိန်သူကာ ချက်အရက်တမျိုးတည်းသာ ချက်သော်လည်း သူ၏ တဲအတွင်း၌ကာ နိုင်ငံခြားဖြစ် အရက်များလည်း ရှိ၏။ အံ့သြဖွယ်ကောင်းလေစွ။ နိုင်ငံခြား အရက်များ မည်သို့ ရရှိကြောင်းမေးသောအခါ သူကိုယ်တိုင်ချက်ထားကြောင်း ပြောပြသဖြင့် ပို အံ့သြရ၏။
အဘယ်သို့သော formula များဖြင့် မောင်ရှိန်းသူ အရက်ချက်နေပါသနည်း။ ရှုလော မိတ်ဆွေ။ မောင်ရှိန်းသူကာ ချက်အရက်တမျိုးတည်းသာချက်၏။ ဘရန်ဒီ လိုချင်လျင် ချက်အရက်ကို လိမ္မော်ခွံဖြင့် စိမ်သောဟူ၏။ ဝီစကီ လိုချင်လျင် ချက်အရက်အား သစ်ကြပိုး ခေါက်ဖြင့် စိမ်လိုက်လျင် ကမ္ဘာကျော် နာမည်ကြီး အရက်ဖြစ်သော ဝက်သစ်ချ စည်ပိုင်း ဖြင့် ထားသိုထားသော Blue label, johnny walker ဝီစကီ ၏ အနံ့အရသာနှင့် တထေရာတည်း ရနိုင်သောဟူ၏။
မောင်ရှိန်းသူ ၏ တီထွင်ချက်ကာ အံ့မခန်း ရှိပေစွ။ အခြားသော အရက်ချက်နည်း formula များစွာရှိသော်လည်း Myanmar Steemit လူငယ်များ အတုယူ မှားမည် စိုးသောကြောင့် မဖေါ်ပြနိုင်တော့သည်ကို သည်းခံကြပါကုန်။
ထို့နောက် မှ ကျွန်တော့အား အလွန်ထူးဆန်းသာ အရက်တပုလင်းပြ၏။ အရက်၏ နာမည်ကာ နှစ်တထောင် ရွှေပန်း အရက်ဟူလို။ မြန်မာပြည် မြောက်ဖျားပိုင်း ရေခဲတောင်ဒေသရှိ ပနန်ဒင်ဟူ သော ဒေသတွင် နှစ်တထောင်လျင် တခါ သာပွင့်သော ရွှေပန်း ဖြင့် ချက်ထားသော အရက်ဖြစ်၏။
ထိုအရက်၏ တန်ဖိုးကို မေးသောအခါ နဖာကလော် တဇွန်းစာခန့်ကို SBD 1000 ခန်မျှ ပေးရသဖြင့် ကျွနုပ်ကာ အံ့သြမဆုံး ရှိချေတော့၏။ မောင်ရှိန်းသူ ထို ရွှေပန်းအား မည်သို့ ခက်ခက်ခဲခဲ ယူ ခဲ့ရပုံကို သူ၏ ဘလော့ ထဲတွင် ဝင်ရောက် ဖတ်ရှုနိုင်ကြောင်းလည်း သိရ၏။ ထိုကြောင့် ရွှေပန်း အရက် သောက်လိုလျင် SBD သာစုထားကြပါလေ။
ထို့နောက် ကျွနုပ်လည်း မောင်ရှိန်သူ၏ အရက်ချက်သောတဲမှ ထွက်၍ ရွာတောင်ဘက်ရှိ စမ်းချောင်းသို့ ထွက်လာခဲ့၏။ ရွာတောင်ဘက် သွားသောလမ်းတွင် ယွန်းသီရိ နှင့် တွေ့၏။ ယွန်းသီရိ မှာ Myanmar Steemit ကျေးရွာတွင် မှော် အတတ်ကို တဖက်ကမ်းခတ် တတ်မြောက်ထားသူဖြစ်၏။
ကျွနုပ်အားတွေ့သည်နှင့် ဆရာဒွန် အကြောင်းကို မေးလေ၏။ အကြောင်းမှာ
ဆရာဒွန်ထံတွင် ဆရာမ စောနန်းဝေ ၏ ထဘီ ခြုံလိုက်လျင် လဒ ဖြစ်သွားသော ထဘီ ရှိနေသောကြောင့် ဖြစ်၏။ ကျွန်တော် ကလည်း ဤ တမာရွက် ပြုတ်နံ့ သင်းနေသော ထဘီ အား ဆရာဒွန် ကလည်း သူတရားအားထုတ်ရာ ဒေးစွန်ပါ သို့ ယူမသွားတန်ရာ ဟုပြောပြရ၏။
အမှန်တော့ ထို ထဘီ မှာ ဆရာဒွန် လမ်းစရိတ် မလောက်၍ အပျိုကြီး အေးမိုမို ၏ အပေါင်ဆိုင်တွင် 5 SBD ဖြင့် ပေါင်ထားခြင်း ဖြစ်၏။ ကျွနုပ်လည်း ယွန်းသီရိအား စကားအမြန်ဖြတ်ရ၏။
ယွန်းသီရိ ၏ မှော်အတတ်မှာ အလွန်ထူးဆန်းသလို အစွမ်းလည်းထက်သောကြောင့် ဖြစ်၏။ စက္ကူ တို့ကို မိမိလိုရာ ပုံစံ ခေါက်ပြီးမှော် အတတ်ဖြင့် အသက်သွင်းပြီး စေခိုင်းခြင်း ဖြစ်၏။ မယုံလျင် သူ၏ ဘလော့တွင် ရောင်စုံစက္ကူများခေါက်၍ အသက်သွင်းထားသည်ကို သွားကြည့်ပါလေ။
ကျွနုပ်ကာ Myanmay Steemit ရွာသို့ ရောက်ကတည်းက အထူး အဆန်းများသာ ကြားနေရ၏။ အဘယ်သို့သော အထူးအဆန်းနည်း ။ ပြောပြပါမည်။ ယခင် ဆောင်းပါးတွင် ယွန်းသီရိ မှ ထူးဆန်းသော ထဘီ ကို အလို ရှိနေကြောင်း အပေါင် ဆိုင်ပိုင်ရှင် အပျို ကြီး
ထံတွင် ရှိကြောင်း ကျွနုပ်ပြောပြခဲ့မိသည်ကို မှတ်မိကြသည် မဟုတ်လော။ မမှတ်မိလျင် ပြန်သွား၍ ဖတ်ကြပါကုန်။
အမှန်မှာ ယွန်းသီရိ မှ အေးမိုမို ထံတွင်ရှိသော ထိုထူးဆန်းသော ထဘီကို အောက်ဈေးဖြင့် လာဝယ်ခြင်းဖြစ်၏။ SBD 10$ ပေး၏။ အေးမိုမိုကာ အပျိုကြီးပီပီ ဈေးကွက်ကို ကြိုမြင်ပြီး ဖြစ်၏။ ယွန်းသီရိ ကာ SBD 50$ အထိတက်ပေး၏။ အေးမိုမိုကာမရောင်း ။ ယွန်းသီရိ စိတ်ပျက်လေပြီ။
ထို့နောက်ကာ အေးမိုမို မှ Myanmay Steemit ကျေးရွာသို့ တီးတိုး တီးတိုး သတင်းဖြန့် ၏။ မိမိထံတွင် ဆရာဒွန် ထံမှ ရသော ထူးဆန်းသော ထဘီရှိကြောင်း SBD 100$ ပေးလျင်ပင် မရောင်းနိုင်ကြောင်း သတင်းဖြန့်၏။ တရွာလုံးကာ စိတ်ဝင်တစားရှိချေပြီ။ ထိုထက်ထူးဆန်းသော သတင်းကာ ထိုထူးဆန်း သော ထမီနှင့် အတူထားသော အခြားသောထဘီ များတွင်လည်း power များကူးနိုင်သည်ဟု ဆိုသောသတင်းဖြစ်၏။
ထို ပါဝါကူးထားသော ထဘီမှာ လည်း ခြုံလိုက်လျင် လဒ မဖြစ်တောင် စာကလေး လောက်တော့ ဖြစ်နိုင်သည်ဟူလို။ အေးမိုမို ထိုသို့ သတင်းဖြန့်ပြီးနောက် သူ၏ အပေါင်ဆိုင်ကာ ထဘီ ပေါင်သူ များနှင့် လက်မလည် ၊ ထမင်းစားချိန်ပင်မရှိ။ ကိစ္စမရှိပါ ဒီလိုဈေးကွက် တဟုန်းထိုး ထိုးတက်ရန်မှာ မလွယ်။ မိုးရွာတုန်း ရေခံရမည် မဟုတ်တုံ့လော။
တရွာလုံးကာ အုတ်အော်သောင်းတင်း ရှိချေပြီ။ Myanmar Steemit ရွာ အတွင်းရှိ အမျိုးသမီး များဖြစ်ကြသော မျိုးသူဇာ ၊
မမမြန်မာ ၊
ဆုလှိုင် ၊
အိအိခိုင် အစရှိသော အမျိုးသမီးများကလည်း မိမိတို့ ထဘီ အဟောင်းများ ဈေးကောင်း ရနိုင်သည်ဟူ၍ အေးမိုမို အပေါင်ဆိုင်သို့ ပြေးလေ၏။
ထိုအမျိုးသမီးမျာ်းမှာ လောဘမတတ်နိုင်ရကာ မိမိတို့ ဝတ်လာသော ထဘီ လည်း ချွတ်ပေါင်ကြ သောဟူ၏။ အားကစား ဘောင်းဘီများဝတ်လာ၍ သာတော်သေး၏။ မဟုတ်လျင် Myanmar Steemit ကျေးရွာကာ ခွေးတစီစီ ရှိချေ တော့မည်။ အေးမိုမို ကလည်း အပေါင်ခံ၏။ ထဘီ တထည် အပေါင်ခံလျင် SBD5$ သာပေး၍ ပြန်ရွေးလျင် SBD50$ ခန့်ပေးရ၏။ ရွေးလိုအားများလျင် ဈေးတက် တတ်၏။
ယခုတလော Myanmay Steemit ကျေးရွာတွင် BTC , ETH ,Steem , SBD များ ဈေး ငြိမ်နေ၍ ထဘီ အဟောင်းဈေးကွက်သာ အတက်အကျ ရှိ၏။ ဤတွင် ရဲ့ရင့်ကျော် ကလည်း bitcoin နှင့် မချမ်းသာသမျှ ထဘီ ဟောင်းနှင့် ချမ်းသာစေ၍မည်ဟူ၍ ထဘီ အဟောင်းများသာ ဝယ်စုသောဟူ၏။ အကြံကြီးသော ရဲ့ရင့်ကျော်ပါပေ။
မောင်မင်းကြီးသာက ငါးပွက် ရာငါးစားချတတ်ပေ၏။ ဤသို့ ထဘီ ဈေးကွက် အုတ်အော် သောင်းတင်း ဖြစ်နေစဉ် ထို ဈေးကွက်ကို ထိန်းချုပ်လိုသူ ပြည့်စုံခင်ခင် ရောက် လာ၏။
ပြည့် စုံခင်ခင်မှာ ဆရာဒွန်ပေါင်ထားသော ထိုထူးဆန်းသော ထဘီ ကို မည်သူမျှ မပေးနိုင် သောဈေးဖြစ်သည့် SBD တသိန်းဈေး ဖြတ်၍ ဝယ်ယူလေပြီ။ အံ့သြ ဘနန်း ရှိလေစွ။ ဤကဲ့သို့ သော ထဘီ အဟောင်းတထည် အား အသပြာတသိန်း ပေးဝယ်သည်ဆိုခြင်းမှာ ရူးနေသူ မဟုတ်တုံ့လော။ ပြည့် စုံ ခင်ခင်ကာ ဂရုမစိုက် သူ့အကြံနှင့် သူရှိ၏။
အေးမိုမိုကာ ဝမ်းသာလုံးဆို့၍ တက်ချေပြီ။ သို့သော် ကံကြမ္မာ အပြောင်းအလည်းကာ မြန်လွန်းလှ၏။ အေးမိုမိုကာ ထို SBD တသိန်းထိုက်သော ထဘီ အားရှာမတွေ့တော့ချေ။ အပူလုံးကြွကာ တက်လေပြီ။ ဘယ်မှာမှ ရှာမရ။ အရူးမီးဝိုင်း သကဲ့သို့ ရှိချေပြီ။
ထို့နောက် အေမိုမို မှ ထဘီ စွန်တောင်ဆွဲ၍ ကာလသားခေါင်း ခေါ်ကိုရွှေဘို အိမ်သို့ ပြေးလေ၏။ ကိုရွှေဘို အိမ်သို့ ရောက်သော် အသပြာတသိန်းထိုက်သော ထဘီ ပျောက်ကြောင်း တိုင်တန်းလေတော့၏။ ထို့နောက် ဤ Myanmar Steemit ကျေးရွာတွင် သူခိုးရှိ နေပြီ ဖြစ်၍ ဤမျှ လောက် အုပ်ချုပ်ရေး ညံ့ဖျင်း ရပါမည်လောဟု ကိုရွှေဘိုအား ရန်တွေ့၏။
ကာလသားခေါင်း ကို ရွှေဘိုလည်း မနေသာတော့ပြီ။ ရွာနာမည် ပျက်ချေတော့မည်။ ဆေးတံကို ခဲကာ စဉ်းစားရလေပြီ။ ထို့နောက် လျိုဝှက်၍ ဒေးစွန်ပါတွင် တရားအားထုတ်နေသော ဆရာဒွန်ထံသို့ သွား၍ ထိုထူးဆန်း သော ထဘီ ၏ အရောင်အဆင်း နှင့် အနံ့တို့ ကို မေးရ၏။ ရွာအတွင်းရှိ ထဘီပေါင်းများစွာကို လှန်လှော်ကြည့်ရှုရ၏။ အနံ့ခံ ကြည့်ရ၏။
ရွာခံလူမိုက် သုံးဦးအားလည်း မျက်ချေမပြတ်စောင့်ကြည့်ရ၏။ လိုအပ်လျင် အဝတ်အစားအစုတ်တို့အား ဝတ်၍ ပလားစတစ် ကောက်သမား အယောင်ဆောင်၍ သတင်းတို့ကို ထောက်လှမ်းရ၏။
ဤသည်ကာ နှောင်တချိန် မြန်မာပြည် စုံထောက်လောကတွင် လွန်စွာမှ နာမည်ကြီး ၍ စုံထောက်တိုင်းက အတုယူထိုက်သော အမှုတွဲ တခုဖြစ်လာမည့် " ကာလသားခေါင်းကိုရွှေဘိုနှင့် Myanmar Steemit ကျေးရွာမှ ထူးဆန်းသော ထဘီ တထည်ပျောက်ဆုံးမှု " ဟူသော အလွန်နာမည်ကြီးသော အမှုတွဲ၏ အစပင်ဖြစ်ချေတော့၏။
ကာလသားခေါင်း ကိုရွှေဘို ခက်ခက် ခဲခဲ ဖေါ်ထုတ်ခဲ့ရသော ထို ထူးဆန်းသောထဘီပျောက်မှု ကို နှောင်အလျဉ်းသင့်လျင် ဖေါ်ပြပေးပါမည်။ အမှန်မှာ ဤကဲ့သို့ ထဘီဟောင်း ဈေးကွက်တခု ဖြစ်စေရန် အေးမိုမိုအား အကြံပေး၍ စနစ်တကျ ကြံစည်သူမှာ Myanmar Steemit ကျေးရွာ၏ ရက်ကန်းရုံ ပိုင်ရှင် 3 in 1 မယ်ကြည် ခေါ် ပင်ဖြစ်လေတော့၏။
တရွာလုံးရှိ ထဘီ များ အပေါင်ဆိုင်ရောက်မှ သူရက်ကန်းရုံမှ ထွက်သောထဘီ အသစ်တို့ ရောင်းရမည် မဟုတ်လော။ အကြံပိုင်သော မယ်ကြည်ဖြစ်၏။ Steemit တွင် တက်ကျမ်းရေးနေသူအပေါင်းတို့ မယ်ကြည့် ထံ စနည်းနာကြပါကုန်။
PS… ဆောင်ပါးရှည်လွန်းသောကြောင့် သတ်မှတ်ထားသော ပမာဏ ထက် ကျော်လွန်နေသဖြင့် အချို့ ဖြတ်ချခဲ့ရပါသည်။ ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
20/12/2021 - Monday - 18;54 Pm