ဒီနေ့တော့ရေးလက်စ ဆောင်းပါးလေးကိုခနလေးတော့ရပ်ထားလိုက်ပါဦးမယ်ဗျ။ကျတော်အနေနဲ့ လက်ရှိမှာဖြစ်ပေါ်နေတဲ့နိုင်ငံတကာကသတင်းတွေကို ဖက်ပြီးတော့နောင်ဖြစ်လာမယ့်အရာတွေကိုကျတော်အနေနဲ့မြင်မိတာလေးကိုရေးသားခြင်းဖြစ်ပါတယ်။ကျတော်ရေးတဲ့အရာတွေကလဲ ကျတော့်အတွေးသာဖြစ်ပါတယ်။ ဘယ်သတင်းကိုမှ ကိုးကားပြီးရေးသားခြင်းမဟုတ်ပါဘူး။
မြန်မာကနေစလိုက်တဲ့မီးက အရှိန်မထိန်းနိုင်ဘဲ ယူကရိန်းဆီမှာဆက်ပြီး လောင်းကျွမ်းနေပါတယ်။နိုင်ငံတကာကရော် UN US EU တွေရဲ့မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ Sanction တွေအရေးမပါတဲ့တံခါးကိုဖွင့်လိုက်ပိတ်လိုက်နဲ့ လုပ်လာခဲ့တာ မြန်မာ၊ဆူဒန်၊အာဖဂန်နစ္စတန် တခြားသောမဖွံဖြိုးသေးတဲ့နိုင်ငံလေးတွေမှာ မြန်မာကနေစလိုက်တဲ့ အာဏာသိမ်းမှုကြီးကနေ နိုင်ငံအကြီးကနိုင်ငံလေးတွေကို အတင်းအဓမ္မသိမ်းယူတဲ့အထိအရှိန်တွေမြင့်တက်လာခဲ့တယ်။
ဘာမဟုတ်တဲ့ ရှုတ်ချမှုတွေ အရာမရာက်တဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ အရေးမပါတဲ့ တံခါးတွေဖွင့်လိုက်ပိတ်လိုက်နဲ့ဆော့ကစားလာခဲ့ရာကနေ အခုဆိုရင် အနိုင်ကျင့်ဗိုလ်ကျတဲ့အထိရောက်ရှိလို့လာခဲ့ရပါပြီး။ဒါတွေဟာအမှန်တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ဘာမှဟုတ်တဲ့ super power တွေကိုပြနေလို့သာတနေ့ထက်တနေ့အခြေအနေတွေဆိုးလို့လာနေပါတယ်။ရှင်းရှင်းပြောရမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် Power တွေတန်ညှိနေခဲ့ကြတယ်။
စားပွဲဝိုင်းပေါ်မှာသာ တစ်ယောက်နဲ့တစ်ယောက်နဲ့ အားပြိုင်နေခဲ့ကြပြီးတော့ အမှန်တကယ်လက်တွေ့မှာတော့ အပြောနဲ့အလုပ်တွေက တော့်တော့်ကိုကွဲပြားခြားနာနေခဲ့တော့ မြန်မာကနေစပြီးတော့ ယူကရိန်းထိ မီးစတွေ ကူးစက်ခဲ့နေခဲ့တယ်။နောင်မှာလဲ ထိုမီးက ဘယ်တွေထိကူးစက်နေဦးမှာလဲ ဘယ်အချိန်ထိများ မီးကလောင်းကျွမ်းမှာလဲကွာ။