လက်ရှိမှာကျတော်သည်လည်ပဲ Hive Power ရှိသလောက်နဲ့ community ထဲကဘယ်သူကိုမဆို တတ်နိုင်သလောက် အားဖြည့်ပေးနေပါတယ်။steem လိုပဲ hive မှာ စုံစုံညီညီလေးနဲ့ဖြစ်စေချင်ပါတယ်။သူ့ vote မှ ငါvote မယ်ဆိုတဲ့ အတ္တတွေကိုလဲမထားစေချင်ဘူး။ကျတော်ကိုယ်တိုင်လဲ hive community ထဲက ဘယ်သူ့ပဲရေးရေး တတ်နိုင်းသမျှရှိတဲ့အရာလေးနဲ့အဆင်ပြေပြေလေး ကြိုးစားပေးနေပါတယ်။
ကျတော်ဆိုရှင်းရှင်းပြောရရင် HP မလောက်ငှပါဘူး။ရှိနေတဲ့အရာလေးနဲ့ဖြစ်အောင်လုပ်နေရပါတယ်။ သိပ်မကြာခင်ကျတော်လဲ ဒီblog လေးမှာ1လတင်းတင်းပြည့်ပါတော့မယ်။1လလုံးလဲ post တင်မပျက်ခဲ့ပါဘူး။တစ်ရက်ကို 1post အနည်းဆုံးတင်နိုင်အောင်ကြိုးစားပြီး တင်ပေးနေပါတယ်။အားလုံးကိုမကူညီနိုင်ရင်တောင် တချိူ့သောလူတွေကို ကူညီပေးနိုင်အောင် ကြိုးစားပေးနေပါတယ်။
ဒီလုပ်ငန်းက လုပ်တဲ့လူတိုင်လဲသိပါတယ်။တစ်ယောက်တည်းနဲ့ အဆင်မပြေနိုင်ပါဘူး။မြန်မာတွေရဲ့အကျင့်နည်းနည်းတော့ယုတ်သား အသိမိတ်ဆွေလောက်ပဲ vote ပေးကြတာများတယ်။တချိူ့ဆို တန်တူတွေလောက်ပဲအရေးပေးပြီး ကူညီပေးကြတာကိုတွေ့ရပါတယ်။ဒါမှလဲ ကိုယ်ပေးသလောက် ပြန်ရမှာလို့စိတ်မှာတွေးထားတာလားမသိဘူးဗျာ။
ကျတော်အနေနဲ့ပြောရရင် ကိုယ့်ထက်hp နည်းတဲ့လူဆိုပိုပြီး vote ပေးသင့်ပါတယ်။ ဆွဲတင်သင်တာပေါ့ဒါမှလဲ သူ့လိုကိုယ်လို ဖြစ်လာတဲ့အခါ ခုစိုက်ပြီးခုခူးစားလို့မရတာလဲhiveနှစ်ဦးနှစ်ဖက်အဆင်ပြေမှာပေါ့။အားလုံးပဲကူညီကြပါ။ကျတော်လဲ ကနေကူညီထားတဲ့ hp100ကိုလဲလေလွင့်မှုမရှိအောင်ကြိုးစားပေးနေပါတယ်။ 1လပြည့်တဲ့နေ့ကြရင်တော့ hbd ရဲ့10% ပဲဖြစ်ဖြစ် 20% ပဲဖြစ်ဖြစ် power up ပါဦးမယ်။
ချစ်ခြင်းများစွာဖြင့်