မြန်မာနိုင်ငံမှာ အခုလောလောဆယ်မှာ ရောဂါကူးစက်မှုနှုန်းက တစ်ဖန်မြင့်တက်လိုလာနေပါပြီး။မသိသလို နေနေတဲ့လူများကလဲ ကိုယ်ကိုကိုယ်ဂရုစိုက်ပြီးနေကြပါနော်။အပြင်ထွက်ရင် Mask တပ် လက်သန့်ဆေးရည်များလဲ ယူဆောင်သွားကြစေချင်ပါတယ်။
အခုဆို $ စျေးအခက်အခဲကြောင့် တချိူ့သော ဆေးဝါတွေက ပြတ်လပ်လို့ သွားခဲ့ပြီး။$ စျေးကြောင့် တချိူ့ဆေးဝါတွေ စျေးတွေအဆမတန်ကို တက်လို့လာနေခဲ့ပါပြီး။$စျေးကြောင့်ပဲ စက်သုံးဆီစျေးတွေ မြင်မကောင်းအောင်ကိုပဲ အတက်ချည်းပဲဖြစ်လို့နေပါတယ်။ဒီလိုတွေအစစအရာရာတွေ စျေးတက်နေချိန်မှာ Stay At Home ဆိုတဲ့ အသိလေးနဲ့ နေစေချင်ပါတယ်။
အခုချိန်မှာ covid ကူးစက်ခံရရင် အရင်လိုလွယ်လွယ်ကူးကူးနဲ့ ကုသလိုအဆင်မပြေဘူးဆိုတဲ့အသိလေးရှိနေစေချင်တယ်။အစအစအရာရာတွေ စျေးတက်နေတဲ့အချိန်မှာ ထိုရော်ဂါကြီးကို မဖြစ်ပွားစေချင်ဘူး။ကျွမ်းကျင်တဲ့ဆရာဝန်တွေဆိုတာလဲ မရှိတာကများနေတဲ့အချိန်မှာ ကိုယ့်အသက်ကို တန်ဖိုးထားစေချင်တယ်။
နိုင်ငံတော်အနေနဲ့လဲ ကူးစက်သူတွေကို အရင်လို ကောင်းကောင်းမွန်မွန်နဲ့ လက်ခံကုသပေးမှာလဲ မဟုတ်သလို ကိုယ့်ဖြစ်ကိုယ်ခံဆိုတဲ့ အတွေးမျိူးလေးကို ရင်ထဲမှာသတိအမြဲအသိရပါ။Third Wave တုန်းကလို သတိရပါ။အခုတစ်ခေါက်ဆိုရင် Third Wave ထက်ဆိုးပါလိမ့်မယ်၊ကိုယ်ပိုင်သတိလေးနဲ့ Carrier မဖြစ်ပါစေနဲ့။
23:30PM