FutureNet နဲ့ Futuro Coin Scam သွားပြီးတဲ့နောက်တော့ Airdrop တွေကတော်တော်များများခေတ်စားလာခဲ့ပါတယ်။ICO Airdrop တွေ Token Airdrop တွေ Exchange Airdrop တွေအပြင် CMC List ဝင်တဲ့ Coin တွေလူသုံးများအောင်ဆိုပြီး Aidrop တွေချပေးတဲ့အရာတွေလဲရှိပါတယ်။
တချိူ့Token တွေကတော့ Aidrop မချပဲ၊Token Mining တွေအနေနဲ့လဲ တဖြည်းတဖြည်းနဲ့များလာခဲ့ပါတယ်။အစကတော့ Airdrop တွေကိုဘယ်လိုဘယ်ပုံလုပ်ရမယ်ဆိုတာလဲမသိခဲ့ဘူး။ရလာတဲ့ Airdrop တွေကို ဘယ်မှာသိမ်းထားရမလဲဆိုတာမသိခဲ့ဘူး။Airdrop တွေလုပ်မှပဲဘဲ Social Media တွေ
တော်တော်များများသိခွင့်ရလိုက်ပါတယ်။
အစကတော့ကျတော့အနေနဲ့ facebookနဲ့Instagram လောက်ပဲသိခဲ့တယ်။နောက်တော့ Airdrop နောက်လိုက်ရင်လိုက်ရင်နဲ့ တခြားSocial Media တွေပါ သိလိုက်ရပါတယ်။Airdrop လုပ်မှာပဲ တော်တော်စုံသွားခဲ့ပါတယ်။ဒါကလဲကောင်းတဲ့အချက်လို့ပြောလို့ရတာပေါ့။Google တွေကိုလဲ ကောင်းကောင်းမွန်မွန်နဲ့ အသုံးချတတ်လာခဲ့ပါတယ်။Youtube တွေထိပါ ဘယ်လိုသုံးရင် ဘာတွေကိုယ့်အတွက် အကျိူးရှိစေမယ်ဆိုတာထိ သိခွင့်ရခဲ့တယ်။
ကျတော်အနေနဲ့အရင်တုန်းကဆိုရင် ကိုယ်လုပ်နေတဲ့အရာတခုအကြောင်း ဒါမှမဟုတ် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိသေးရင် ကျတော်အနေနဲ့ အဲအရာကို နားလည်းတက်ကျွမ်းတဲ့လူကိုရှာမေးခဲ့ရပါတယ်။အခုတော့ကျတော် တခုခုသိချင်မိရင်တော့ အရင်ဆုံး Google ပေါ်ကိုတက်ပြီး ရှာတတ်ခဲ့ပြီး။Youtube ဆိုရင်လဲ လုပ်နည်းကိုင်နည်းတွေတော်တော်များများလေးလဲရှာကြည့်ပြီးလေ့လာတတ်ခဲ့ပါပြီး။
22:50PM