အခုရက်ပိုင်အတွင်းစာရေးတဲ့အပိုင်းဘက်ကို အချိန်မပေးဖြစ်ဖူး ဖြစ်နေပါတယ်။ တစ်ရက်တစ်ရက်ကို Tiktok Lite ဘက်မှာအချိန်ကုန်နေပါတယ်။ အစကတော့ ဖုန်း 4လုံး အကောင့်4ခု အတော်လေးအချိန်ကိုလုနေခဲ့ရတယ်။ အခုတော့ ၂ကောင့်က ဘယ်လိုဖြစ်လို့ FAQ Error ထိသွားလဲဆိုတာ မသိလိုက်ဘူး။
FAQ Error ကို ကျွန်တော်အနေနဲ့မျိုူးစုံကြိုးစားဖြေရှင်ခဲ့ပါတယ်။ ဘယ်လိုမှအဆင်မပြေတဲ့အဆုံးမှာတော့ အဲနှစ်ကောင့်ကို ဒီအတိုင်းလေးပဲ ထားလိုက်ပါတော့တယ်။ အခုတော့ နှစ်ကောင့်ပဲကျန်ရှိနေတော့ အချိန်နည်းနည်းလေးပြန်ရပြီးလို့ ပြောလို့ရပါတယ်။ကျတော်အနေနဲ့ FAQ Error အတွက်အဖြေမရှိဖြစ်လို့နေပါတယ်။
Tiktok Lite အသုံးပြုသူနှင့် Service ပေးနေတဲ့မိတ်ဆွေများအနေနဲ့ FAQ Error ကိုဘယ်လိုပုံစံနဲ့ဖြေရှင်းရမယ်ဆိုတာ သိရင်မျှဝေပေးကြပါဦးနော်။ နောက်ထပ် Error အနေနဲ့ကတော့ Tiktok Lite အကောင့်အသစ်ကို ဘယ်လိုပုံစံလေးနဲ့ အသစ်ဖောက်ရင်အဆင်ပြေမလဲဗျ။
လက်ရှိမှာတော့ ကျွန်တော်အရင်ကလုပ်နေကြပုံစံအတိုင်းပဲ user အသစ်များကို ကူညီဖောက်ပေးနေပါသော်လည်း အရင်ကတော့ ၄ ၅ရက်လောက်ထိအဆင်ပြေပြေအသုံးပြုလို့ပြီးတဲ့နောက် ခုနောက်ပိုင်မှာတော့ နည်းစနစ်အတိုင် အကောင့်အသစ် ဖွင့်ပါသော်လည်း FAQ တန်မိသွားပါတယ်။ ဘာကြောင့်လဲ။
သိရင်မျှဝေပေးပါဦးနော်။ Tiktok အနေနဲ့ ဖုန်းထဲမှာ မြန်မာနိုင်ငံအနေနဲ့ VPN ကို Japan ထားပြီး အကောင့်ဖွင့်ပါသော်လည်း APP ထဲမှာတော့ FAQ Error တန်ပြနေပါတယ်။ Tiktok အနေနဲ့ Japan Server ဖြစ်နေပါသော်လည်း Tiktok Lite မှာတော့ FAQ FAQ နဲ့ပဲ အခက်အခဲရှိနေပါတယ်။Tiktok Lite အခုနောက်ပိုင် ဖွင့်လို့အဆင်ပြေရင် ကူညီပေးပါဦးလို့ ပြောချင်ပါတယ်ဗျ။