Dogs Airdrop တွေဖြန့်ဝေဖို့အတွက် Exchange တွေကနေတစ်ဆင့် ထုတ်ယူတဲ့အခါမှာ ဘာမှလဲပူပန်းစရာမလိုသလို အေးအေးဆေးဆေး အကောင့်ထဲကိုရောက်ရှိလာခဲ့ပေးမယ့် ကိုယ်ပိုင် wallet တွေအနေနဲ့ထုတ်ယူတဲ့အခါမှာ အခက်ခဲပေါင်းများစွာနဲ့ ယခုထိထုတ်ယူလို့မရတဲ့လူတွေလဲရှိလို့နေပါတယ်။
Airdrop သမားတွေအနေနဲ့ နောက်ထပ် project တွေလာလို့ရှိရင် ကိုယ်မှာအနည်းဆုံးတော့ Exchange သုံးလေးခုလောက်ဆောင်ထားသင့်တယ်လို့ထင်ပါတယ်။ ခုနောက်ပိုင် Exchange တွေအနေနဲ့ကလဲ မြန်မာအတွက် NRC ရှိရင်ကို KYC အတွက်အဆင်ပြေပြေတင်နိုင်ပြီးပဲ ဖြစ်ပါတယ်။ တစ်ခုတော့ရှိတာပေါ့ NRC အနေနဲ့ 18နှစ်ပြည့် NRC ဖြစ်ဖို့လိုအပ်သလို NRC ထဲကမျက်နာကငယ်ငယ်တုန်းကမဖြစ်နေဖို့အရေးကြီးပါတယ်။
မြန်မာနိုင်ငံအနေအထားနဲ့ Exchange ထဲမှာဆို အဆင်ပြေပြေသုံးလို့ရတဲ့ဟာတွေကတော့ Binance,Bybit,Gate.io,Bitget,MEXC တွေကတော့ တော်တော်လေးလဲ အသုံးပြုကြပါတယ်။ အကုန်လုံးက passport ဒါမှမဟုတ် ကားယာဥ်မောင်းလိုင်စင် မရှိသေးရင်တောင် မြန်မာရဲ့ NRC တွေနဲ့ အကုန် verify လုပ်လို့ရပါတယ်။ OKX အနေနဲ့ကတော့ passport ရှိရင်တောင် verify တင်ဖို့အရမ်းခက်ပါတယ်။
Dogs နဲ့ အခက်အခဲကြုံဖူးတဲ့လူတွေအနေနဲ့ကတော့ နောင်လာမယ့် Telegram Airdrop တွေအတွက် ကြိုတင်လုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ Dogs ရဲ့နောက်မှာ ရှိနေတဲ့ အလားလားကောင်းတဲ့ Telegram Airdrop တွေရှိနေပါသေးတယ်။ သိပ်မကြာခင်အချိန်မှာလဲ ရှေ့ဆင့်နောက်ဆင့် Exchange တွေပေါ်ကိုရောက်ရှိလာပါတော့မယ်။ ထို Airdrop တွေကတော့ အောက်မှာ ချပြပေးသွားမှာပဲ ဖြစ်ပါတယ်။
Cats >> Airdrop Link
Blum >> Airdrop link (Binance Launchpool)
Major >> Airdrop Link
Agent301 >> Airdrop Link
လက်ရှိ 4 ခုကတော့ Telegram Airdrop တွေထဲမှာ လူပြောအများဆုံးနဲ့ တချို့သော Airdrop မလုပ်တဲ့လူတွေတောင်မှ လုပ်နေကြတာကိုတွေ့မိထာပါတယ်။အားလုံးပဲအချိန်ရှိတုန်းလေး join ထားကြပါဥိးဗျ။