ကမ္ဘာကြီးဟာ ကိုဗစ် စတွေ့ကတည်းကနေ ယခုအချိန်ထိ နေကောင်းကျန်းမာခြင်းမရှိသေးပါဘူး။ကိုဗစ်ကနေ ကမ္ဘာကြီးကို နှိပ်စက်လာခဲ့တာ အခုဆို တစ်မျိူးမဟုတ် ထပ်ဆင့်ပြီးတော့ နှိပ်စက်နေတယ်။လူတွေကနှိပ်စက်လိုက် လောကကြီးကနှိပ်စက်လိုက်နဲ့ ကမ္ဘာကြီးက တော်တော်နဲ့နလံထူးနိုင်မယ်မထင်ဘူး။
ကမ္ဘာကြီးရဲ့တနေရာကနေ လူတွေကစတင်ပြီးတော့ နှိပ်စက်လိုက်တာအခုဆိုရင် တနေရာနဲ့တနေရာကနေ မီးခိုးကြွက်လျှောက်နဲ့အခုချိန်ထိမြစ်မပျက်နိုင်သေးဘူး။လူတွေကနေ စတင်ပြီးနှိပ်စက်ခဲ့တော့ လူတွေကပဲ ပြန်လည်ကောင်းမွန်အောင် ကုသပေးနေတုန်းပဲရှိပါသေးတယ်။နောက်ထပ် လူတွေက ထပ်ပြီးတော့ နှိပ်စက်နေတယ်။
လူတွေကတဆင့်နှိပ်စက်လိုက် လူတွေကကိုယ်တိုင်ကနှိပ်စက်လိုက် ခုတော့ ကမ္ဘာကြီးကို လောက ကနေထပ်နှိပ်စက်နေခဲ့ပြီး။မြန်မာနိုင်ငံမှာတော့ ပူလိုက်တဲ့ရာသီဥတု ပြောမနေပါနဲ့ တော်တော်ဆိုးလွန်ပါတယ်။ပူလဲ ပူသလို တခြားနေရာမှာတော့ ရေတွေကြီးတာများ ပြောမနေပါနဲ့ တခါမှမကြီးဘူးတဲ့နေရာမှာ ရေဘေးသင့်နေလေရဲ့။
မြန်မာတင်မကပဲ ကမ္ဘာ့အရပ်ရပ်မှာလဲ နေပူမိုးခေါင်နေသလို တချိူ့မြစ်သေးသေးလေးတွေမှာ ရေခမ်းခြောက်နေတယ်လို သတင်းတွေမှာဖက်မိတယ်။ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။အပူချိန်များပြီး ရာသီဥတုတွေ ဖောက်ပြန်နေပြီး တောမီးတွေ လောင်တဲ့နေရာက လောင်နေကြပြီး။လူတွေ ဘယ်လိုလုပ်ပြီး ရှေ့ဆက်ကြမလဲ ဒါတောင် ကုန်စျေးနှုန်းပြောင်းလဲမှုတွေ ဆီစျေးကြီးမှုတွေလဲ မပါသေးဘူး။ဘယ်လို အသက်ရှင်နေထိုင်ကြမလဲ။
22:20PM