ကျတော်တို့မြန်မာပြည်သူပြည်သားတွေအနေနဲ့တော့ ဥပဒေဆိုတဲ့အောက်မှာမရှိတော့သလိုခံစားနေရတယ်။မြန်မာပြည်မှာဘယ်သူတွေကတော့ ဘယ်သူကိုလုပ်သွားတယ်။ဘယ်သူတွေက ဘယ်ဆိုင်ကယ်တွေကို လုသွားတယ် ခိုးသွားတယ် ဓားမြတိုက်သွားတယ် ကျတော်တို့တတွေက ဘယ်သူ့ကို သွားတိုင်လို့တိုင်ရမယ်မှန်းမသိဘူး။
တချိူ့ရပ်ကွက်တွေမှာ ရပ်ကွက်လူကြီးရှိသလို တချိူ့ရပ်ကွက်တွေမှာတော့ ဘာလူကြီးမှမရှိဘူး ဖြစ်နေတယ်။ရပ်ကွက်ထဲမှာတော့ ဘယ်အိမ်ကတော့ ဆိုင်ကယ်အခိုးခံလိုက်ရပြီး လူပါသိလျှက်နဲ့မတိုင်ရဲကြဘူး။တိုင်ပြန်တော့လဲ ဘယ်လူကြီးကမှလိုက်ပြီး မဖမ်းရဲသလို ဖမ်းခဲ့ရင်လဲ ရဲစခန်းမှာ တစ်ညလောက်ဖမ်းပြီး နောက်နေ့ပြန်လွှတ်တာချည်းပဲ ဖြစ်နေတယ်။
ရပ်ကွက်လူကြီးမရှိတဲ့ ရပ်ကွက်တွေမှာဆိုရင်လဲ ဘာပဲဖြစ်ဖြစ်ကိုယ့်ဖြစ်ကိုယ်ခံဆိုတဲ့ အဖြစ်ပဲရှိနေတယ်။အပြင်ထွက်လို့ လမ်းဆိုင်ကယ်အလုရတာပဲဖြစ်ဖြစ် ဖုန်းအလုခံရတာပဲဖြစ်ဖြစ် လုတဲ့လူမျက်နာနဲ့ လူကိုသိနေပါလျှက်နဲ့ သွားတိုင်ခဲ့ရင်လဲ ဖမ်းတော့ဖမ်းပေးပေမယ့် ဆိုင်ကယ်ပြန်မရတဲ့လူတွေလဲအများကြီးပါပဲ။
ဖမ်းခံရတဲ့လူတွေကလဲ နောက်နေ့ပြန်ထွက်ခဲ့သည်ရှိသော် တိုင်တဲ့လူကိုလာပြီး တခုခုပြန်လုပ်ခံရနိုင်တယ်ဆိုတော့ လုသွားတဲ့လူကို တချိူ့သောလူတွေအနေနဲ့လဲ မတိုင်ရဲဘဲ ဒီအတိုင်လေးပဲ ကံတရားပါလာခဲ့တယ်လို့မှ ခံယူပြီးဖြေသိမ့်နေခဲ့ကြပါတယ်။ကိုယ့်ပစ္စည်းနဲ့ကိုယ်တောင် ပြန်ကြောက်နေရတဲ့ဘဝက အတော်လေးတော့ အထီကျန်းနေတယ်။
လက်ရှိမြန်မာပြည်မှာ ကိုယ့်အလုပ်နဲ့ကိုယ်တာဝန်တွေကို မကျေပွန်းတဲ့လူတွေအများကြီးပဲ။ပေးထားတဲ့တာဝန်တွေ ဝတ္တရာတွေကို လစ်လျူရှု့ထားပြီးတော့ ဘာမဟုတ်တဲ့လူတစ်ယောက်ရဲ့ ခိုင်းစေမှုကို တိရစ္ဆာန်တစ်ကောင်လိုလိုက်နေမှုကြီးကဘယ်တော့ပြီးမလဲကွာ။
21:25PM