အာလုံးပဲမင်္ဂလာပါ,
ကိုဗစ်တွေကတော့ လက်ရှိမှာ လူမသိသူမသိအဖြစ်များနေပါတယ်။လူသိသူသိတွေကလဲ တစ်ရက်ကို ပြည်တွင်း ပြည်ပကနေ ကူးစက်သူပေါင်း ရာဂဏန်းအထက်မှာရှိနေပါတယ်။ပြည်ပထက် ပြည်တွင်း ကူးစက်မှုက 95% အထက်မှာရှိနေပါတယ်။
လက်ရှိအနေအထားကာလမှာ MOH page ကို အကြောင်းအမျိူးမျိူးကြောင့် like and follow ဖြုတ်ထားသူများအနေဖြင့် ကိုယ့်အတွက်မဟုတ်ရင်တောင် ကိုယ့်မိသားစုအတွက် ပြန်လည်ပြီးတော့ follow လေးပြန်လုပ်ထားစေချင်ပါတယ်။ဒါမှလဲ covid ရဲ့အခြေအနေကို သိခွင့်ရမှာပါ။
MOH အနေနဲ့ မှန်မှန်ကန်ကန် ကြေငြာသည်ဖြစ်စေ မမှန်မကန်ကြေငြာသည် ဖြစ်စေ သတိဆိုတာ ပိုတယ်လို့ မရှိလို့ထင်ပါတယ်။ မြေပြင်အခြေအနေအရသိသင့်သိထိုက်တယ်လို့ ယူဆမိပါတယ်။ကိုယ်နေထိုင်တဲ့ မြို့နယ်က covid သတင်းတွေကိုလဲ စောင့်ကြည့်ပြီးတော့ သွားလာလှုပ်ရှားသင့်ပါတယ်။
အစစအရာရာအပြင် ဒေါ်လာစျေးတွေ ဆေးရဲ့စျေးတွေ ဆေးပြတ်လပ်မှုတွေ ကာလမှာ ကိုယ့်အနေနဲ့ Covid မကူးစက်မိအောင် ပတ်ဝန်းကျင်ရဲ့ အခြေအနေကို လေ့လာသင့်ပါတယ်။ယခုအချိန်မှာ ဆေးဝါးတွေကလဲ မစုံလင်း ကုသပေးမယ့် ဆရာဝန်တွေက မကျွမ်းကျင်တဲ့ အခြေအနေမှာ ကိုယ့်ကို မှီခိုနေရတဲ့ မိသားစုတွေကို ကြည့်ပေးပါ။
အခုအချိန်မှာ နိုင်ငံရေးအခြေအနေတွေက ဘာတွေပဲဖြစ်နေပါစေ သိသင့်သိထိုက်တာလေးတော့ သိစေချင်ပါတယ်။media တွေအနေနဲ့ covid အခြေအနေတွေ မတင်တာ တွေ့နေရတော့ covid ကိုနေ့စဥ်ကြေငြာပေးနေတဲ့ Ministry Of Health, Myanmar ရဲ့ Page ကို like and follow မလုပ်ထားရင်တောင် ပုံမှန် ည ၈ နာရီမှာတော့ ဝင်ကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။
အရေးတော်ပုံအောင်ရမည်။