မနက်အိပ်ယာထတာနဲ့ရေမိုးချိူးပြီးတော့ အလုပ်လာခဲ့ပါတယ်။ဒါကတော့ ဝန်ထမ်းသမားတွေလုပ်နေကြအလုပ်ပါပဲ။မနက် 9:00AM ကနေ ညနေ 5:00PM ထိ အလုပ်လုပ်ကြတယ်၊ပြီးရင်အိမ်ပြန်၊ဒါပါပဲ ဝန်ထမ်းဆိုတဲ့ ဘဝပေါ့။
ဝန်ထမ်းဖြစ်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပဲမလား၊ဝန်ထမ်းဘဝကို ရရှိဖို့အတွက် 5နှစ်ဆိုတဲ့အသက်ကနေ 20 ထိဆိုတဲ့အသက်ထိ စာတွေကျက်ခဲ့ကြရတယ်၊စာမေးပွဲဆိုတဲ့ လှေကားထစ်ကြီးကို ဖြတ်ကျော်ခဲ့ရပါသေးတယ်။
15နှစ်ဆိုတဲ့ကာလကြီးက အခုချိန်မှာ ပြန်တွေးကြည့်လိုက်မယ်ဆိုရင် ခနလေးဆိုတဲ့ ခံစားချက်လေးတစ်ခုတော့ ခံစားမိလောက်မှာပါ၊ကျွန်တော်ကိုယ်၌ကလဲ အခုလိုမျိူးလေ ခံစားမိပါသေးတယ်။ဒါပေးမယ်လဲ အဲ15နှစ်ဆိုတဲ့ကာလကြီးက လွယ်တော့မလွယ်ကူးလှပေ။
15နှစ်လုံးလုံး ဝန်ထမ်းမဖြစ်ကတည်းက ဝန်ထမ်းဆိုတဲ့ဘဝကြီးကို ရိုက်သွင်းလိုက်သလိုပါပဲ၊ငယ်ငယ်လေးကတည်း မထချင် ထချင်နဲ့ကျောင်းသွားဖို့ 7:00AM ကတည်းက ကုန်ရုန်းထခဲ့ကြပြီးတော့ ကျောင်းသွားဖို့ ပြင်ဆင်ခဲ့ကြတယ်။
9:00AM ဆိုတာနဲ့ အိမ်ကနေ ဝန်ထမ်းဖြစ်ဖို့အတွက် ပြင်ဆင်ဖို့ရာ အခန်းထဲကို 3:00PM ဆိုတဲ့အချိန်ထိ သင်ခဲ့ကြရတယ်။ဒါတင်မပြီးပြတ်နိုင်သေးဘဲ နောက်ထပ် 5:00PM ထိ ဖြည့်ဆပ်ခဲ့ရပါသေးခဲ့ပါသေးတယ်။
24နာရီတစ်ရက်ကနေ 7ရက်ထိ တစ်ရက်မှမနားရဘဲ နေ့စဥ်ရက်ဆက်လိုပါပဲလေ၊ပျော်တဲ့ရက်ရှိလိုက် မပျော်တဲ့ရက်ရှိလိုက်နဲ့ တစ်ခါတစ်လေ မနက်ပျော် နေ့မပျော်ရတဲ့ ရက်တွေဆိုတာကလဲ မနည်းသလို မနက်မပျော် နေ့လည်ပျော်ခဲ့ရတဲ့ ရက်တွေကလဲ မနည်းခဲ့ပါဘူးလေ။