ငယ်ငယ်တုန်းကတော့စာရေးစာဖက်ရတာကိုဝါသနာလဲမပါခဲ့သလို စိတ်လဲမဝင်စားခဲ့ပါဘူး။အိမ်ကအမေကစာကျက်ဆိုရင် စာတော့ကျက်ပါတယ်အတွက်အချက်စာပဲကျက်တာ။(ဟဲ)အာ့ကြောင့်လဲ၁၀တန်းအောင်ကတည်းက math major ကိုယူခဲ့တာပါ။ဒါပေမယ့်ခုတော့မချစ်တော့လဲအောင့်ကာနမ်းအဖြစ်နဲ့ရင်ဆိုင်နေခဲ့ရပြီးပေါ့ဗျာ။
cryptocurrency ကိုစိတ်ဝင်စားပြီးလောလောဆယ်ဒီလမ်းမှာလျှောက်နေတော့လဲ စာဖက်လိုက်စာရေးလိုက်နဲ့ပေါ့။လောလောဆယ်တော့hive မှာpost တင်ဖို့တော်တော်ကြိုးစားရေးနေရပါတယ်။steemit တုန်းကတိုင်တော်တော်ပတ်ခဲ့ရတယ်။အရင်ကတည်းကရေးနေကျဖတ်နေကျမရှိတော့ တော်တော်တိုင်ပတ်တယ်လို့ပြောရမယ်။စာရေးကပျင်းတာနဲ့ငယ်ငယ်ကစာဖတ်ပျင်းတာနဲ့ဘာကိုတွေးလို့ဘာရေးရမယ်မသိဘူး။ဒါပေမယ့်လည် မရေးလို့လဲမဖြစ်ပြန်ဘူးလေ။ဒါကိုရေးမှကိုယ်လိုချင်တဲ့ Token ကိုရမှာကိုး။ဒီtoken ကိုရဖို့ဆိုရင်တော့ Exchange မှာဝယ်လို့ရနေသော်ငြားလည်း ကိုယ်မှာကအဲလောက်မရှိပြန်ဘူး။အာ့ကြောင့်စာကိုအဓိကတော့ copy တော့မရေးမိအောင်ကြိုးစားနေရတာပေါ့။
steem တုန်းကလဲတော်တော်ကြိုးစားပြီးရေးခဲ့ရတယ်။ဒါတောင်လွန်ခဲ့တဲ့၅နှစ်တုန်းကတွေ့ခဲ့ရတဲ့အရာတွေနဲ့ကြုံခဲ့ရတဲ့အဖြစ်တွေကိုပြန်စဥ်းစားပြီးရေးခဲ့ရတာတွေချည်းပါပဲ။hive မှာလဲအတတ်နိုင်ဆုံးစာဖတ်တဲ့လူတွေအတွက် အကျိူးရှိစေမယ့်အရာလေးတွေဆက်ရေးပေးပါဦးမယ်။
ချစ်ခြင်းများစွာဖြင့်