လက်ရှိမြန်မာနိုင်ငံရဲ့အလယ်ဗဟိုတည့်တည့်မှာရှိနေတဲ့မန်းလေးရွှေမြို့တော်ရဲ့အနေအထားဟာဖြင့်တော်တော်ကိုဆိုးရွားနေပါတယ်။သွားရလာရတာလဲ safe မဖြစ်သလို မီးပွိုင့်တော်တော်များတွေကလဲ ပျက်နေပြီး။ CCTV တွေဟာလဲ ဘယ်သူတွေဘာပဲလုပ်လုပ် ဘာပဲဖြစ်နေဖြစ်နေ အရေးမလုပ်ဘူး။ဆန္ဒပြသူတွေနဲ့အစိုးရဆန့်ကျင်သူတွေအတွက်ပဲအလုပ်လုပ်တယ်ထင်ပါတယ်။အပြင်ထွက်လို့ဘယ်သွားသွားအနောက်ကနေဘယ်သူ့ကဓားနဲ့ခုတ်ပြီးဘယ်အချိန်ဆိုက်ကယ်လုမလဲဆိုတဲ့စိတ်က အမြဲတွေးပူနေရတယ်။
covid ကာလကြီးမဖြစ်ခင်တုန်းကဆိုရင်မန်းသူမန်းသားတွေဘယ်အချိန်ပဲသွားသွား လာလုမယ်သူမရှိသလောက်ကိုနည်းပါတယ်။covid တုန်းကလဲ တခါတလေးတော့ရှိတတ်တယ်။အခုလိုမျိူးဆိုးဆိုးဝါးဝါးကြီးရယ်လို့မဟုတ်ဘူး။ခုဟာကနည်းနည်းမှောင်ပြီးလူသွားလူလာပြတ်တာနဲ့လုမယ်လူဆိုတာချည်းပဲ။ဖုန်းလေးတပြောပြောနဲ့ Click ဆိုင်ကယ်စီးလာပြီးဆိုရင် ဆိုင်ကယ်လုတဲ့အပြင်လူပါသတ်သွားတဲ့အထိပဲတရားဥပဒေဆိုတာလဲမရှိဘူး။ဘယ်မှာတိုင်လို့လဲမရဘူး။ကုန်ကုန်ပြောရရင် ညအိပ်ရင်တောင်ဆိုင်ကယ်ကို ကိုယ့်အနားထားပြီးအိပ်ရမလိုကိုးဖြစ်နေပြီး။ခြံနဲ့ဝန်နဲ့အိမ်ဆိုရင် ဆိုင်ကယ်ခြံထဲမထားရဲတဲ့အဖြစ် နေ့လဲ စိတ်မချရ ညဆိုင်ရင်လဲစိတ်မချရတဲ့အနေအထားသို့ရောက်နေလေးရဲ့။ ဒီလိုအဖြစ်အမျိူးနဲ့မန်းသူမန်းသားတွေ တော်တော်ဒုက္ခများနေပါတယ်။
ခုချိန်မှာ ရဲထက်သူခိုးတွေလုယက်နေတဲ့လူတွေကိုပိုပြီးကြောက်နေရတယ်။အရင်လိုဘယ်လောက်မှောင်မှောင်တစ်ယောက်တည်းထွက်လဲပြဿနာရှာမယ့်သူဆိုတာမရှိဘူး။မှောင်ပြီးဆိုတာနဲ့ဆိုင်ကယ်တစ်စီးလူသုံးယောက်ဆိုင်ကယ်နားကပ်လာရင်ကို သတိထားနေရတဲ့အဖြစ်လူပျက်ရင် ဘယ်အချိန်မှာဓားထောက်မလဲဆိုတာကို သတိထားနေရတယ်။မန်းလေးမြို့ကြီးလဲအရင်လိုညတွေတိုင်မစည်းကားတော့ဘူး။မြို့ကြီးကတိတ်ဆိတ်ခြောက်ကပ်နေလေရဲ့။စာဖတ်သူအမျိူးတွေလဲ ဂရုစိုက်ကြပါ။
ချစ်ခြင်းများစွာဖြင့်