Hive Myanmar အဖွဲ့သားများအားလုံး မဂ်လာပါ...
ကျွန်တော်ကတော့ Hive Platform ပေါ်သို့ ၏ အကူအညီဖြင့် ရောက်ရှိလာသော လူသစ်လေးတစ်ဦး ဖြစ်ပါတယ်...
ဒီ post လေးကတော့ Hive Myanmar Community tag ကို အသုံးပြု၍ ကျွန်တော်၏ကြိုးစား ရေးသားထားသော ပထမဦးဆုံး post လေးဖြစ်ပါတယ်ခင်ဗျာ...
ဒီနေ့ ကွန်ပျူတာ လက်တော့ပ် battery အားမဝင် plugged in ,not charging ပြနေတဲ့ error အလုံးလေး အကြောင်းတင်ပြခြင်ပါတယ်။
မီးကပျက်နေတော့ ညကျမှလုပ်မယ်စိုပြီး ထားလိုက်တယ်။ ညရောက်တော့ မီးကပြန်လာတဲ့အချိန် laptop computer ပြင်ဖို့အတွက် ပြင်ဆင်လိုက်တယ် ။
ပထမပြင်ဆင်မှုအစ!
adapter ကြောင့်ဖြစ်တာလား အရင်စစ်ကြည့်ပါတယ်။ adapter ကောင်းတယ်။ထို့နောက် battery ကိုထပ်မံစစ်ဆေးချိန်တွင် battery ကောင်းနေတာကိုတွေ့ရှိရတယ်။ driver တွေများပြုတ်နေလားလို့ စစ်ဆေးပြန်တော့လည်း အကုန် update ဖြစ်တယ်။ troubleshooting power usage ကိုထပ်လုပ်တယ် ဒါလည်းမရ။
အဲဒါနဲ့ သူနဲ့သက်ဆိုင်တဲ့
driver တွေ အကုန် uninstall လုပ်ပြီး install ပြန်တင်လိုက်တယ်။ power shut down ချပြီး AC Adapter ကြိုးနှင့် Battery ပါဖြုတ်ထားလိုက်တယ်။
ကံကောင်းခြင်းအစ နှင့် နောက်ဆုံးတွေ့ရှိမှုနည်းလမ်း !
Ac adapter ကြိုးထိုးပြီး
battery မထည့်ပဲ power ပြန်ဖွင့်ထားရမည်။power တက်လာလျှင် battery plugged fail ပြနေမည် battery ဖြုတ်ထားသည့် အတွက်ကြောင့် ဖြစ်သည်။
ပြီးလျှင် device manager ထဲမှ "batteries" နဲ့ သက်ဆိုင်တဲ့ driver "microsoft Ac Adapter" နှင့် "microsoft ACPI compliant contro method battery" ကို uninstall လုပ်ပြီး power shut down ပြန်ချထားရပါမည်။Ac adapter ကြိုးဖြုတ်ပြီး battery ကိုလည်း ပြန်တက်ထားရမည် ဖြစ်ပါသည်။
ထို့နောက် AC Adapter ကြိုးတက်ပြီး power ပြန်ဖွင့် လိုက်တဲ့အချိန်မှာပဲ plugged in, charging နှင့် battery အားလည်းပြန်ဝင်နေတာကိုတွေ့ရှိရပါမည်။
အောင်မြင်စွာနဲ့ပြီးဆုံးသွားသည့် အတွက်စိတ်ချ လက်ချ အိပ်မယ်လို့ အချိန်ကြည့်လိုက်တော့ မနက် 3:00 AM ဖြစ်နေလို့ မအိပ်တော့ပဲ ဆွမ်းလောင်းလှူဖို့အတွက် မိန်းမကိုပြန်နှိုးပြီး ကျွန်တော်ကတော့ နှစ်ခြိုက်စွာနဲ့ပဲ
ပြန်လည်အိပ်ပျော်သွားပါတော့တယ်😄
အားလုံးကိုအစဥ်အမြဲ လေးစားလျက်
ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
ကံကောင်းသောနေ့လေးဖြစ်ပါစေ
အားလုံး ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေ
21.09.2022