စားသောက်ဆိုင်တစ်ခုမှာ အဝယ်တော်ယောင်ယောင် ဝင်လုပ်ပြီးသကာလ လှမ်းမလျှောက်ချင်လည်းလျှောက်ဖြစ်နေရော .. ဒီနေ့ ထိုင်းဖက်က ကုန်ပစ္စည်းတွေ အဝင်ပိတ်ထားလို့ ပြတ်လပ်နေတဲ့ ထိုင်းစားသောက်ကုန်ကြမ်း လိုက်ရှာတာဆိုတော့ တစ်ဆိုင်ဝင် တစ်ဆိုင်မေး တစ်လမ်းဝင် တစ်လမ်းထွက်ပေါ့ .. ခြေလှမ်းသာများသွားတယ် ရလဒ်က ထူးမခြားနားပါပဲလေ .. ဘာပစ္စည်းကို ဘယ်လိုလိုက်ရှာရမလဲအတိအကျမရှိတော့ ဈေးကွက်ရဲ့ ပြဿနာက ဈေးတွေတက်ပြီးရင်း တက်ပေါ့ .. လက်ထဲပိုင်ထားတဲ့သူက ဆရာတစ်ဆူပဲ .. မှောင်ခိုသော မခိုသော ၊ ဂျူတီ သော မဂျူတီသော ပစ္စည်းတွေက ပျောက်တစ်ခါ ပေါ်တစ်လှည့် .. ဈေးတွေကလည်း မြင့်တစ်ခါ တက်တစ်လှည့် .. အကျဆိုလို့ စိတ်ဓာတ်ပဲ ကျန်မယ့်ကိန်း .. ဘာမှမရခဲ့လည်း လမ်းလျှောက်ခဲ့ရတာအမြတ်ပေါ့လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း မနက်ဖြန်များစွာမှာ ထိုင်းကုန်များများသွင်းနိုင်ကြပါစေသား လို့သာဆုတောင်းနေမိ ..