မိတ်ဆွေတို့ရေ
ဒီနေ့ ပေါက်ပန်းဖြူချက်စားဖြစ်တယ်။ ချက်စားတဲ့အကြောင်းကတော့ ဝန်းထဲမှာ ပေါက်ပန်းဖြူပင်တွေရှင်းရင်း မိန်းကလေးတွေနဲ့ သင့်လျော်တယ် ဆိုတာနဲ့ ချက်စားဖြစ်တာပါ။
ပေါက်ပန်းဖြူ ချက်နည်းလေး ပြောပြချင်ပါတယ်။အရင်ဆုံး ပေါက်ပန်းဖြူကို အညှာလေးတွေဖြုတ်ပီး ရေ ဆေးထားပါ။ ကြက်သွန်ဖြူ ငပိ၊မန်ကျည်းသီးအနည်းငယ်နှင့်ဆီသက်ပါ ပီးလျှင် ခရမ်းချဥ်သီး၊ကြက်သွန်နီ တစ်လုံးစီထည့်ပီး အရသာထည့် အဖုံးအုပ်ထားပါ။ ညိုးသွားရင် ပေါက်ပန်းဖြူပွင့်ကိုထည့် မွှေ ပုဇွန်ခြောက်၊ငရုတ်သီးကြမ်းမှုန့်တို့ကို ထည့်ပါ။ ကျန်းမာရေးနဲ့ညီညွတ်ပီး စားလို့ရတဲ့ဟင်းတစ်ခွက်ရပါပီ။
အရသာအနေနဲ့ကတော့ ဟင်းအနှစ်ကို စားရင် ချဥ်၊ငံ၊စပ် အရသာလေးနဲ့ ပေါက်ပန်ဖြူပွင့်ဖက်ကို စားရင်တော့ ခါးသက်သက် အရသာလေးနဲ့ အရမ်းစားကောင်းတဲ့ဟင်းလေးတစ်ခွက်ပါပဲ။