ရှေ့မှာ Automatic Rifle (AR) gunတွေအကြောင်းပြောပြီးပြီဆိုတော့ Ar သေနတ်တွေမှာသုံးတဲ့ကျည်အမျိုးအစားတွေရဲ့ အပြင်းအပျော့အကြောင်းတွေလာပါတော့မယ်။
Gun 3 လက်ဆိုပေမဲ့ ကျည်ဆံကတော့အပျော့နဲ့အပြင်းရှိတဲ့အတွက်ကျည်းကတော့ ၄ မျိုးတော့ဖြစ်သွားပါတယ်။M4 rifle and Qbz97 rifle gunနှစ်ခုကတော့ အုပ်စုတူတဲ့အတွက် 5.56 mm ရှိတဲ့ကျည်အမျိုးအစားကိုသုံးရပါတယ်။
5.56 mm ကျည်ကိုအပျော့နဲ့အပြင်းဆိုပြီးနှစ်မျိုးရှိပါတယ်။အပျော့ကတော့ 5.56 mm bullet ဖြစ်ပြီး အပြင်းကတော့ HE 5.56mm bullet ဖြစ်ပါတယ်။5.56 mm ကျည်အပျော့လုပ်မယ်ဆိုရင် Iron bar 10 ခုနဲ့ gunpower 5ခုလိုအပ်မှာဖြစ်ပါတယ်။
5.56 mm ပြင်းအားမြင့်တဲ့ကျည်ပြုလုပ်မယ်ဆိုရင်တော့ Iron bar 10 ခု ၊Gunpowder 20 ခုနဲ့ sulfur powder 10 ခုလိုအပ်ပါ့မယ်။
He ကတော့ရိုးရိုးထက်ပိုပြီးအကုန်အကျပိုများတာကတော့အမှန်ပါပဲ။Gunpowder လုပ်တဲ့အခါမှာ မီးသွေးနဲ့ Sulfur powder ကိုပေါင်းစပ်ရပါတယ်။
He ကျည်လုပ်တဲ့အခါမှာ Sulfur powder ပါထပ်ကုန်တယ်ဆိုတော့အကုန်အကျပိုများလာတာတော့အမှန်ပါ။Akm အတွက်ကတော့ 7.62mm ကိုအသုံးပြုရပါတယ်။7.62 mm အပျော့ကတော့ 7.62mm bullet ဖြစ်ပြီးအပြင်းကတော့ HE 7.62mm bullet ဖြစ်ပါတယ်။ရိုးရိုးကျည်အတွက်ဆိုရင် Iron bar 10 ခုနဲ့ gunpower 5ခုလိုအပ်မှာဖြစ်ပါတယ်။He အပြင်းအတွက်ဆိုရင် Iron bar 10 ခု ၊Gunpowder 20 ခုနဲ့ sulfur powder 10 ခုလိုအပ်ပါတယ်။