ရှေ့မှာဗုံးလုပ်ရမဲ့ပစ္စည်းတွေအကြောင်းလဲသေချာရှင်းပြခဲ့ပြီးဖြစ်သလို Damage အနည်းဆုံးဖြစ်တဲ့ Simple oil drum အကြောင်းလည်းအသေအချာနားလည်သွားလောက်ပါပြီ။
ခုတစ်ခါကတော့အလယ်အလတ်အဆင့်ရှိတဲ့ Handmade charge ပဲဖြစ်ပါတယ်။Handmade charge ကတော့အလယ်အလတ်ဆိုသလို Simple oil drum နဲ့ Military C4 နဲ့ပါတွဲဖက်သုံးလို့ကောင်းတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
Handmade ကျတော့အကုန်အကျအများကြီးသိပ်မရှိတော့ပိုပြီးပေါပေါသုံးနိုင်တယ်လို့ခံစားရပါတယ်။Military c4 ထက်စာရင် ၃ ဆ နီးပါးလောက်အကုန်အကျသက်သာတာကိုလက်တွေ့မြင်တွေ့ရနိုင်ပါတယ်။Simple oil drum လောက်လဲ Damage မနည်းတော့အကြိုက်ဆုံးလို့ပြောလို့ရပါတယ်။
Handmade charge ကိုတော့ Simple oil drum+Handmade charge (or) Handmade charge+ Military C4 ကြိုက်သလိုမျိုးတွဲသုံးနိုင်ပါတယ်။အဲလိုဆက်စပ်တွဲသုံးရင်ပိုပြီးထိရောက်သလိုခံစားရစေပါတယ်။မတူညီတဲ့ Damage တွေနဲ့ပေါက်ကွဲစေတဲ့အတွက်ကြောင့်ပါ။
ဒီလိုမတူညီတဲ့ Damage အတွဲတွေကိုသုံးခြင်းအားဖြင့်လဲရန်သူကိုလှည့်စားနိုင်ပါသေးတယ်။ရန်သူဟာ Active ဖြစ်နေရင် သူတို့ဖြိုခွင်းခံရတဲ့နံရံတွေကိုပြန်ပြင်တဲ့အခါဘယ်လောက်ပြင်ရမယ်ဆိုတာမှန်းဆလို့မရအောင်ဒီနည်းလမ်းကိုသုံးကာလှည့်စားလို့ရပါသေးတယ်။