Chakra Meditation ကိုမည်သည့် ခေတ်ကာလတွင် အစပြုခဲ့သလဲ ? ဟူသောမေးခွန်းကို မေးစရာရှိပါသည်။ အိန္ဒိယရှေးဟောင်းမြင့်မြတ်သောကျမ်းဂန်များ၏ ဖော်ပြချက်အရ Chakra ၏ အခြေခံသဘောတရားသည် B.C. 1500 မှ 500 ခန့်ကဖြစ်သည် ဟုဖော်ပြထားသည်။ အချိန်ကာလ ကြာလာသည်နှင့် အမျှ B.C. 800 မှ 200 အကြားတွင် ရေးသားခဲ့သော Upanishads တွင် Chakra များကိုစိတ်စွမ်းအင်စင်တာများ အဖြစ် ပိုမိုရှင်းလင်းပြတ်သားစွာဖော်ပြခဲ့ပြီး လူတစ်ဦးချင်းစီ၏ အလုံးစုံသော သုခ ကိုရရှိစေသည် ဟုရေးသားဖော်ပြထားသည်။ ဤကဲ့သို့ဖြင့် ဝိညာဥ်ရေးရာသွန်သင်ချက်များ တိုးတက်လာသည်နှင့်အမျှ ၄င်းနှင့်ဆက်စပ်သော အလေ့အကျင့်များကို လမ်းညွှန်ထားသည့် Chakra Meditation သည် ဖွံ့ဖြိုးတိုးတက်လာစေသည်။ ထိုသို့တိုးတက်လာသည်နှင့်အမျှ အမျိုးမျိုးသောဝိညာဥ်ရေးရာဆိုင်ရာ ထုံးတမ်းစဥ်လာများ လွှမ်းမိုးလာပြီး ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာသို့ ချဥ်းကပ်တိုးဝင်လာခဲ့ပါသည်။ ဤသို့ ဆင့်ကဲတိုးတက်လာသည့် Chakra Meditation သည် ရှေးဟောင်းဒဿနအယူအဆ မှ ဝိညာဥ်ရေးရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများအတွက် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးသည့် ပညာရပ်အဖြစ်ရပ်တည်လာခဲ့ပေသည်။
ယခု Chakra Meditation ကို ကျွန်တော်သိအမျှဝေပြီးလေ့လာကြပါမည်။ Chakra Meditation ၏ပြောင်းလဲနိုင်သောစွမ်းအားကို ရှာဖွေရန် သတိပဋ္ဌာန်နည်းပညာကို အသုံးချလျှက်ချိန်ညှိရပါမည်။ Chakra Meditation သည်ခန္ဓာကိုယ်အတွင်းရှိ အဓိကစွမ်းအင်ဗဟိုချက် (သို့) Seven Chakra တို့ကို အာရုံစိုက်သည့် သတိပဋ္ဌာန်ကျင့်စဥ်တစ်ခုဖြစ်ပါသည်။
Chakra Meditation ကိုမည်သို့စတင်ရမည်နည်း ?။ Meditation နှင့်အတူ Seven Chakra ကို ကျော်ဖြတ်ရန်မှာ အသွင်ကူးပြောင်းမှု အတွေ့အကြုံတစ်ခုဖြစ်ပါသည်။ Meditation နည်းလမ်းသည် ခန္ဓာကိုယ်၏စွမ်းအင်ဗဟိုချက်အားဟန်ချက်ညီစေခြင်း၊ အလုံးစုံသောသုခကိုမြင့်တင်ပေးခြင်း၊ အသိဥာဏ်မြင့်မားခြင်း နှင့် အတွင်းစိတ်ငြိမ်းချမ်းမှုကို ပိုမိုနက်ရှိုင်းစေသည်။ Chskra တစ်ခုစီ၏ သီးခြားရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ဝိညာဥ်ပိုင်းဆိုင်ရာ ရှုထောင့်များနှင့်ဆိုင်သည်။ ထို့ကြောင့် Meditation ၏ တီထွင်ဖန်တီးမှု နှင့် ထိထိရောက်ရောက် စတင်နိုင်ရန်သိထားသင့်သော အချက်များစွာရှိပါသည်။
🙏 ပိတ်ဆို့နေသော Chakra များ
မည်သည့်Chakra များသည်ပိတ်ဆို့နိုင်ကြောင်းနားလည်ရန်လို့အပ်ပါည်။ သင့်ခန္ဓာကိုယ်နှင့်စိတ်ခံစားမှုများကို ချိန်ညှိခြင်းဖြင့်စတင်လိုက်ပါ။ ပိတ်ဆို့မှု၏ စိန်ခေါ်မှုကို ရင်ဆိုင်ရန် မိမိ၏ Chakra နယ်ပယ်များကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ ခန္ဓာကိုယ် အစိတ်အပိုင်များ နာကျင်ခြင်း၊ တောင့်တင်းခြင်း၊ မအီမသာဖြစ်ခြင်း (သို့) ကမောက်ကမဖြစ်မှုများ နှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း (သို့) လွှမ်းခြုံသည့်ခံစားချက်များ တို့သည် ပိတ်ဆို့မှု ကို ပြသနေပါသည်။
ထိုသို့ပိတ်ဆို့မှုကို အကောင်ဆုံးတုံ့ပြန်ရာတွင် မိမိ၏ Chakra များကို ပွင့်လင်းမှု နှင့် ဟန်ချက်ညီမှုတို့ကိုချိန်ညှိပြီး အသက်သွင်းသင့်သည်။ အဘယ်ကြောင့်ဆိုသော် Chakra များအားလုံးသည် အကောင်းဆုံးကြိမ်နှုန်းဖြင့် တုန်ခါနေသောကြောင့် ပိတ်ဆို့မှုကို ဖျက်ပစ်နိုင်ပေမည်။
🙏 Chakra တစ်ခုစီအတွက် ရည်ရွယ်ချက်
Meditation မစမှီ မိမိလုပ်ဆောင်လ်ုသည့် Chakra အတွက် ပြတ်သားသောရည်ရွယ်ချက်ကို သတ်မှတ်ထားရန် လိုအပ်ပေလိမ့်မည်။ ဥပမာအားဖြင့် Root Chakra အတွက် ရည်ရွယ်ချက်မှာ လုံခြုံရေးကိုမြင့်တင်ရန်၊ Throat Chakra ဆိုပါက ပြောဆိုမှုများကို မြင့်တင်ရန်၊ အစရှိသဖြင့် တစ်ခုခြင်းစီအတွက် ရည်ရွယ်ချက်ထားရမည်။
🙏 အခြေခံကျသော လမ်းညွှန်မှု
Chakra စတင်သူ ဖြစ်ပါက လွယ်ကူစွာသိနားလည်စေရန်အတွက် လမ်းညွှန်မှုရှိသော Meditation ဖြင့် သွားသင့်သည်။ ဥပမာ အားဖြင့် Meditation တွင် မည်သည့် Mudra ဖြင့်ကျင့်သုံးသည်ဟုဆိုရာတွင် Mudra များစွာအတွင်းမှ အခြေခံကျသော Dhyana Mudra ဟုခေါ်သော ညာလက်သည်ဘယ်လက်ပေါ်တင်လျက် လက်မနှစ်ခုထိပ်များတွဲထားသည့်ပုံစံကိုသုံးသင့်သည်။ ထိုကဲ့သို့ပင် ပိုမိုတိကျသော ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် လွယ်ကူစွာ သိမြင်နိုင်ပါမည်။
🙏 အရောင်များ နှင့် မန္တန်များ ပေါင်းစပ်မှု
Chkra တစ်ခုစီသည် သီးခြားအရောင်များ နှင့် မန္တန်များ ရှိကြသည်။ ထိုအရောင်နှင့်မန္တန်တို့မှာဆက်စပ်မှုများရှိနေသည်။ Meditation လေ့ကျင့်နေချိန် မန္တန်ရွတ်ခြင်း (သို့) ဂါထာမန္တန်ကိုနားထောင်ခြင်း နေစဥ် သက်ဆိုင်ရာ Ckakra နေရာတွင် သက်ဆိုင်ရာ အရောင်များကို မြင်ယောင်ကြည့်ခြင်းသည် မိမိ၏ Chakra လေ့ကျင့်မှုကို ပိုမိုနက်ရှိုင်းစေသည်။ ထို့အပြင် ပိတ်ဆို့နေသော Chakra များကို တုန်ခါမှုနှင့်အတူ ချိန်ညှိနိုင်ပေမည်။
🙏 မှတ်တမ်း
Chakra Meditation တစ်ခုစီပြီးမြောက်တိုင်း သင့်၏အတွေ့အကြုံမှတ်တမ်းယူရန် အချိန်အနည်းငယ်ပေး၍ လုပ်ဆောင်သင့်ပါသည်။ တွေ့ကြုံခဲ့ရသမျှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတွေးအမြင် နှင့် ခံစားချက်များကို မှတ်ထားသင့်သည်။ ထိုမှတ်တမ်းကို ခြေရာခံလျက် မိမိ၏ Chakra ကို ပိုမို နက်ရှိုင်းစွာသိမြင်ပြီး တိုးတက်မှု သုခကိုခံစားနိုင်ပေလိမ့်မည်။
🙏 ဟန်ချက်ထိန်းသိမ်းခြင်း နှင့် လှုပ်ရှားမှု
Chakra Meditation တွင် ဟန်ချက်ညီမျှစွာထိန်ူသိမ်းနိုင်စေရန်အတွက် Yoga ၏ကျင့်စဥ်များနှင့်ပေါင်းစပ်၍ လေ့ကျင့်နိုင်ပေမည်။ ထိုအပြင် မိမိ၏ ခန္ဓာကိုယ် ကို ထိန်းသိမ်းသည့်အနေဖြင့် အပေါ့စား ကိုယ်လက်လှုပ်ရှားရသည့် အားကစားတစ်ခု ကိုပါ ပေါင်းစပ်လေ့ကျင့်သင့်သည်။
အထက်ပါအကြောင်းအရာများသည် Chakra Meditation အတွက် သိသင့်သိထိုက် သည့် အကြောင်းအရာများဖြစ်သည် ဟု ယူဆ၍ ရေးသားထားခြင်းဖြစ်ပါသည်။
Chakra Meditation သည် မိမိ၏ ကိုယ်ရေးကိုယ်တာ ခရီးရှည်ကြီး ကို လျှောက်လှမ်းနေကြောင်းကို သိနားလည်သင့်ပါသည်။ ထိုခရီးရှည်ကြီးသည် မိမိ၏ ခန္ဓာကိုယ်အတွင်းပိုင်း ရူခင်းကို ကြည့်ရှုရင်း စူးစမ်းလေ့လာခွင့်များရရှိမည်။ ထို့ကြောင့် Meditation ကိုလေ့ကျင့်သူတိုင်းသည် စိတ်ရှည်သည်းခံခြင်း၊ ပွင့်လင်းမှုရှိခြင်း နှင့် ထက်သန်သောသိလိုသင်ယူလို့စိတ်ရှိခြင်း တို့ဖြင့် ချဥ်းကပ်လျက် တိုးတက်သည့်သိမြင်မှုများ ရယူသင့်ပါသည်။
Chakra ကိုတန်ဖိုးထား၍ချစ်မြတ်နိုးသောစိတ်ဖြင့် Chakra ခရီးရှည်ကို လျှောက်လှမ်းနိုင်သည့် "Chakra ချစ်သူ" များဖြစ်လာကြပါစေ ဟုဆုတောင်းလျက်......။