နက္ခတ်ဗေဒ၏ အခြေခံကျသော အကြောင်းအရာများကို လေ့လာကြရအောင်။ အခြေခံကျသော အကြောင်းအရာများမှာ စကြာဝဠာ၊ ရာသီ၊ နက္ခတ်၊ တာရာ၊ ဂြိုဟ်များ တို့ပါဝင်ပါသည်။ ဒီအကြောင်းအရာတွေကို အသေးစိတ်မဟုတ်သည့်တိုင် သိနားလည်အောင်ပြောပြပေးသွားပါ့မယ်။
Let's learn the basic of the Astrology. Basic topics include The Universe, Zodiac, Navakam, Constellations, and Planets. Even if these topics are not detailed, Iwill tell you to understand them.
စကြာဝဠာ
စကြာဝဠာတွင် သုံးမျိုးရှိပါသည်။ ထို သုံးမျိုးမှာ နေစကြာဝဠာ၊ မဟာစကြာဝဠာ၊ အနန္တစကြာဝဠာ တို့ဖြစ်ပါသည်။ နေစကြာဝဠာတွင် နေကိုခြံရံထားသောဂြိုဟ်များ၊ လများ၊ ဥက္ကာပျံများ၊ ဂြိုဟ်သိမ်ဂြိုဟ်မွားများ၊ ကြယ်တံခွန်များ ဖြင့်ဖွဲ့စည်းထားပါသည်။ မဟာစကြာဝဠာတွင် နေစကြာဝဠာများနှင့်ဖွဲ့စည်းထားပြီး၊ အနန္တစကြာဝဠာတွင် မရေမတွက်နိုင်သော နေစကြာဝဠာများပါဝင်နေပါသည်။
Universe
There are three types in the Universe. The three types are the Solar Universe, the Great Universe, and the Infinite Universe. The Solar Universe consists of planets, moons, meteors, asteroids, and comets surrounding the sun. The Great Universe is composed of Solar Universes, The Infinite Universe includes innumerable Solar Universes and megauniverses.
ရာသီ
ရာသီ ဆိုသည်မှာ နေစကြာဝဠာကြီးကို စက်ဝိုင်းပုံအဖြစ်သတ်မှတ်ပြီး ရာသီ ၁၂ခုကအညီအမျှပိုင်ဆိုင်ထားခြင်းကိုဆိုလိုသည်။ ထိုရာသီ တို့မှာ မိဿရာသီ၊ ပြိဿရာသီ၊ မေထုန်ရာသီ၊ ကာရကဋ်ရာသီ၊ သိဟ်ရာသီ၊ ကန်ရာသီ၊ တူရာသီ၊ ဗြိစ္ဆာရာသီ၊ ဓနုရာသီ၊ မကာရရာသီ၊ ကုမ်ရာသီ၊ မိန်ရာသီ တို့ဖြစ်ကြပါသည်။
Zodiac
The zodiac means that the Solar Universe is defined as a circle and is owned equally by the 12 zodiac sings. These zodiac sings are Aries, Taurus, Gemini, Cancer, Leo, Virgo, Libra, Scorpio, Sagittarius, Capricorn, Aquarius, and Pisces.
နက္ခတ်
နက္ခတ် ဆိုသည်မှာ ရာသီ၁၂ခု သို့မဟုတ် နေစကြာဝဠာ ကို အပိုင်း ၂၇ ပိုင်းအညီအမျှပိုင်းလျှက် တစ်ပိုင်းတိုင်းကို နက္ခတ်တစ်ခုပိုင်ဆိုင်ကြသည်။ ထိုနက္ခတ် ၂၇ခုမှာ အဿဝဏီ၊ ဘရဏီ၊ ကြတ္တိကာ၊ ရောဟဏီ၊ မိဂသီ၊ အဒြ၊ ပုဏ္ဏဖုသျှ၊ ဖုသျှ၊ အဿလိသ၊ မာဃ၊ ပြုဗ္ဗဖလဂုဏီ၊ ဥတ္တရဖလဂုဏီ၊ ဟဿတ၊ စိတြ၊ သွာဒိ၊ ဝိသာခါ၊ အနုရာဓ၊ ဇေဋ္ဌ၊ မူလ၊ ပြုဗ္ဗသဋ်၊ ဥတ္တရသဋ်၊ သရဝဏ်၊ ဓနသိဒ္ဓိ၊ သတ္တဘိသျှ၊ ပြုဗ္ဗဘဒြပိုဒ်၊ ဥတ္တရဘဒြပိုဒ်၊ ရေဝတီ တို့ဖြစ်ပါသည်။
Nakhkat
Nakhkat means 12 zodiac signs or the Solar Universe divided into 27 equal parts, each part has Nakhkat. The 27 are Aswini, Bharani, Kruthika, Rohini, Mrigashira, Arudra, Punarvasu, Pushya,Aslesha, Makha, Purva Phalguni, Uthara, Hasta, Chitra, Swati, Visakha, Anuradha, Jyeshta, Moola, Purva Ashada, Utharashada, Shravana, Dhanishta, Satabhisha, Purvabhadrapada, Utharabhadrapada, Revathi.
တာရာ
နေစကြာဝဠာအတွင်းရှိ နက္ခတ်၂၇ခုကို တာရာ၉လုံးကပိုင်ဆိုင်ပါသည်။ တာရာ ၉လုံးမှာ ကျီးတာရာ၊ ဟင်္သာတာရာ၊ ပုဇွန်တာရာ၊ ချိန်ခွင်တာရာ၊ ဆံကျင်တာရာ၊ တံငါတာရာ၊ ဆင်တာရာ၊ မြင်းတာရာ၊ ဗျိုင်းတာရာ တို့ဖြစ်ပါသည်။ တာရာတို့၏ပိုင်ဆိုင်မှုမှာ နက္ခတ်အစဥ်အတိုင်းကို ၃ခုတိုင်းသည် တာရာတစ်ခုအစဥ်တကျ ပိုင်ဆိုင်ကြသည်။
Constellation
The 27 Nakhkat in the Solar Universe are owned by 9 constellation. The 9 constellations are Perseus, Auriga, Constellation comprising stars from the head, and forelegs of the Great Bear, Constellation comprising stars from the hindlegs of the Great Bear, Coma Berenices, Hercules, Cygnus, Cepheus, Cassiopiea. The ownership of the Conestellations is according to the ordet of the Nakhkat.
ဂြိုဟ်များ
နက္ခတ်ဗေဒ ရှိဂြိုဟ်များကို ၁၂လုံး ဟုသတ်မှတ်ထားပါသည်။ ထိုဂြိုဟ်များမှာ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ ရာဟု၊ ကိတ်၊ ယူရေးနပ်၊ နက်ပကျွန်း၊ ပလူတို ဂြိုဟ်တို့ဖြစ်ပါသည်။
Planet
The planets in astrology are defined as 12. These planets are Sun, Moon, Mars, Mercury, Jupiter, Venus, Saturn, Rahu, Ketu, Uranus, Neptune, and Pluto.
ဤအချက်များအားလုံးသည် နက္ခတ်ဗေဒကို စိတ်ဝင်စားသူ၊ လေ့လာသူတိုင်းသိထားသင့်သောအခြေခံအချက်များဖြစ်ပါသည်။ နောက်အပိုင်းများတွင် ရာသီ၏ပိုင်ဆိုင်မှုများနှင့်ခွဲဝေထားမှုတို့ကို ကျွန်တော်လေ့လာထားသမျှကို ရေးသားတင်ပြပေးပါမည်။
All these points are the basic points that everyone who is interested in astrology should know. In the next sections I will write down what I have learned about the properties and distribution of the zodiac sings.
မိတ်ဆွေသင်္ဂဟအပေါင်းရွှင်လန်းကြပါစေ လို့ဆုတောင်းလိုက်ပါတယ်။ မင်းဇော်
I pray for all my friends to be happy and peaceful. Min Zaw