နက္ခတ္တဗေဒနှင့် ပတ်သက်၍ ရာသီစက်ဝန်းအတွင်း ရာသီတစ်ခုစီတိုင်း၏ အတိုင်းအတာနှင့်ပိုင်ဆိုင်မှုများကို ဤအပိုင်းတွင်းရှင်းပြပေးပါမည်။
In terms of Astrology, this section will explain the extent and properties of each zodiac within the zodiac cycle.
နေစကြာဝဠာတစ်ခုအတွင်း၌ ရာသီ ၁၂ပါးရှိသည် ကို ဖော်ပြပြီးဖြစ်ပါသည်။ ရာသီခွင်တစ်ခုသည် စက်ဝိုင်းပုံရှိသည့်အတွက် ဒီဂရီအားဖြင့် ၃၆၀ဒီဂရီ ပိုင်ဆိုင်သည်။ ထို့ကြောင့် ရာသီ၁၂ပါးသည် ညီမျှစွာပိုင်ဆိုင်မှုရှိသည့်အတွက် ရာသီတစ်ခုသည် ၃၀ဒီဂရီစီ ပိုင်ဆိုင်ကြပါသည်။ ရာသီများ၏ အစီအစဥ်တကျပိုင်ဆိုင်မှုများမှာ
မိဿရာသီ ၀° မှ ၃၀° ထိ
ပြိဿရာသီ ၃၀° မှ ၆၀° ထိ
မေထုန်ရာသီ ၆၀° မှ ၉၀° ထိ
ကရကဋ်ရာသီ ၉၀° မှ ၁၂၀° ထိ
သိဟ်ရာသီ ၁၂၀° မှ ၁၅၀° ထိ
ကန်ရာသီ ၁၅၀° မှ ၁၈၀° ထိ
တူရာသီ ၁၈၀° မှ ၂၁၀° ထိ
ဗြိစ္ဆာရာသီ ၂၁၀° မှ ၂၄၀° ထိ
ဓနုရာသီ ၂၄၀° မှ ၂၇၀° ထိ
မကာရရာသီ ၂၇၀° မှ ၃၀၀° ထိ
ကုမ်ရာသီ ၃၀၀° မှ ၃၃၀° ထိ
မိန်ရာသီ ၃၃၀° မှ ၃၆၀° (၀°) ထိ အသီးသီးပိုင်ဆိုင်ကြပါသည်။
It has alreadly been mention that there are 12 zodiacs in the a Solar Universe. Since a zodic is circular, it has 360° in degree. Therefore, the 12 zodiacs are owned equally, each zodiac owns 30 degrees(30°). The propertives in order of zodiac are;
Aries 0° to 30°
Taurus 30° to 60°
Gemini 60° to 90°
Cancer 90° to 120°
Leo 120° to 150°
Virgo 150° to 180°
Lubra 180° to 210°
Scorpio 210° to 240°
Sagittarius 240° to 270°
Capricorn 270° to 300°
Aquarius 300° to 330°
Pieces 330° to 360°(0°) , they each own.
ဤရာသီတစ်ခုစီတွင် ဂြိုဟ်ပိုင် အသီးသီးရှိ၏။ ထိုပိုင်ဆိုင်မှုများမှာ မိဿရာသီ ကို အင်္ဂါဂြိုဟ်၊ ပြိဿရာသီ ကို သောကြာဂြိုဟ်၊ မေထုန်ရာသီ ကို ဗုဒ္ဓဟူးဂြိုဟ်၊ ကရကဋ်ရာသီ ကို တနင်္လာဂြိုဟ်၊ သိဟ်ရာသီ ကို တနင်္ဂနွေဂြိုဟ်၊ ကန်ရာသီ ကို ဗုဒ္ဓဟူးဂြိုလ်၊ တူရာသီ ကို သောကြာဂြိုဟ်၊ ဗြိစ္ဆာရာသီ ကို အင်္ဂါဂြိုဟ်၊ ဓနုရာသီ ကို ကြာသပတေးဂြိုဟ်၊ မကာရရာသီ ကို စနေဂြိုဟ်၊ ကုမ်ရာသီ ကို စနေဂြိုဟ်၊ နှင့် မိန်ရာသီ ကို ကြာသပတေးဂြိုဟ်၊ တို့ အသီးသီးပိုင်ဆိုင်ကြပါသည်။
Each of these zodiacs has its own planet. These assets are owned by Mars in Aries, Venus in Taurus, Mercury in Gemini, Moon in Cencer, Sun in Leo, Mercury in Virgo, Venus in Libra, Mars in Scorpio, Jupiter in Sagittarius, Saturn in Capricorn, Saturn in Aquarius, Jupiter in Pisces, etc.
ထိုကဲ့သို့သော ဂြိုဟ်ပိုင်ဆိုင်မှုများကို အလွယ်တကူသိရှိနိုင်စေရန် မြန်မာ့ရှေးနက္ခတ်ပညာရှိကြီးများမှ "စာချိုး" များဖြင့်ရေးသားဖော်ပြခဲ့ကြပါသည်။ ထိုစာချိုးမှာ "စသာရွှေကူအင်းဝသူဆန်ဖြူတစ်တင်းပေး" ဟူ၍ဖြစ်ပါသည်။ ထိုအဓိပ္ပါယ်မှာ "စ ဆ ဇ ဈ ည" အက္ခရာကို အင်္ဂါ၊ "သ ဟ" ကို သောကြာ၊ "ယ ရ လ ဝ" ကို ဗုဒ္ဓဟူး၊ "က ခ ဂ ဃ င" ကို တနင်္လာ၊ "အ အိ ဥ" ကို တနင်္ဂနွေ၊ "ပ ဖ ဗ ဘ မ" ကို ကြာသပတေး၊ "တ ထ ဒ ဓ န" ကို စနေ၊ ဆိုသည့် မြန်မာ့စာလုံးအက္ခရာအယူအဆ၊အခေါ်အဝေါ်များကို အသုံးပြုထားခြင်းဖြစ်ပါသည်။ မြန်မာ့တို့၏ ရှေးနက္ခတ်ပညာရှိကြီးများ၏ လေးစားဖွယ် အတွေးအခေါ်များပင်ဖြစ်ပါသည်။
In order to easily know the properties of such planets, ancient astronomers of Myanmer have described them in poems. The poem is called " Sa Ther Shwe Ku Inn Wa Thu San Phyu Ta Tin Pay". That meaning is "Sa Sa Za Za Gna" is Mars, " Tha Ha" is Venus, "Ya Ya La Wa" is Mercury, "Ka Kha Ga Ga Nga" is Moon, "Ah Ei Au" is Sun, "Pa Pha Ba Pha Ma" is Jupiter, "Ta Tha Da Da Na" is Saturn, concepts and terms of the Myanmar alphabet are used. These are the admirable ideas and concepts of the ancient astronomers of Myanmar.
ဤသည်မှာ ရာသီခွင်များ၏ အကျယ်အဝန်း၊ ဂြိုဟ်ပိုင်ဆိုင်မှု၊ တို့ဖြစ်ပါသည်။ အထက်ဖော်ပါ အကြောင်းအရာများကို ကြည့်၍ မြန်မာ့နက္ခတ္တပညာရှင်ကြီးများကို လေးစားလိုစိတ်များဖြစ်ပေါ်စေရန် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ နောက်အကြောင်းအရာများသည်လည်း ထိုမျှမကသော စိတ်ဝင်စားဖွယ်၊ နက္ခတ်ပညာကို လေးစားဖွယ် အကြောင်းအရာများကို မျှဝေပေးသွားပါမည်။
This is the breadth of zodiac sings, planetary ownership, and so on. Looking at the great Myanmer astronomers. In the next topics, I will share some interesting and respectable things about astrology.
ပျော်ရွှင်ပြီး ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ဆုံတွေ့ကြပါမယ်။ မင်းဇော်
We will meet again in happiness and health. Min Zaw