အိန္ဒိယဗဟိုဘဏ်ဟာ သူတို့ရဲ့ Digital Rupee ကို November ၁ရက်နေ့မှာ စတင် launch လုပ်သွားတော့မှာပါ။ ဒီ Digital Rupee Pilot ကို ဗဟိုဘဏ်ဖက်က ရွေးချယ်ထားတဲ့ ကုန်သည်တွေ၊ ရွေးချယ်ထားတဲ့ ဒေသတွေက ကုန်သွယ်ကဏ္ဍတွေမှာ စမ်းသပ်သွားမှာဖြစ်ပြီး နောက်ပိုင်း Pilot project တွေမှာတော့ အခု project က အတွေ့အကြုံတွေအလိုက် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေနဲ့ လက်ကားအရောင်းကဏ္ဍတွေမှာ စမ်းသပ်သွားမှာဖြစ်ကြောင်း ဗဟိုဘဏ်ဖက်က ဆိုထားပါတယ်။ ဗဟိုဘဏ်ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီ Digital Rupee ဟာ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေအတွက် ပိုမိုမြန်ဆန်လာစေဖို့ ရည်ရွယ်ပြီးတော့ အစိုးရလက်အောက်မှာရှိနေတာကြောင့်လည်း Bitcoin လိုမျိုး decentralized currency တွေမှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ဆိုထားပါတယ်။
အိန္ဒိယဟာ blockchain နယ်ပယ်မှာ ဦးဆောင်နိုင်တဲ့ နည်းပညာရှင်တွေ အမြောက်အမြားကို ပိုင်ဆိုင်ထားပေမယ့်လည်း cryptocurrency တွေကိုတော့ အခွန်အခတွေအများကြီးကောက်ပြီး ဦးချိုးထားတာပါ။ အခုထုတ်မယ့် Digital Rupee ဟာလည်း နိုင်ငံတွင်း cryptocurrency တွေရဲ့ လွှမ်းမိုးမှုကို လျှော့ချနိုင်ဖို့နဲ့ အစိုးရထိန်းချုပ်ထားတဲ့ digital currency တစ်ခု ထုတ်နိုင်ဖို့အတွက် ရည်ရွယ်တာလည်းဖြစ်ပါတယ်။
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL