Binance US ဟာ သူတို့လိုချင်တဲ့ စာရွက်စာတမ်းတွေကို မပေးနိုင်နေကြောင်း SEC ဖက်က ထုတ်ပြောလာပါတယ်။ Binance US အနေနဲ့ SEC နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပေးထားပေမယ့် SEC ဖက်က တောင်းဆိုထားတဲ့ customer asset တွေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ပေးဖို့ ပျက်ကွက်နေကြောင်း SEC က ပြောလာတာပါ။
ပေးထားတဲ့အချက်အလက်တွေထဲမှာလည်း bank account တွေရဲ့ အတည်မပြုနိုင်တဲ့ screenshot တွေ၊ နေ့ရက်နဲ့လက်မှတ်တွေမပါတဲ့ စာရွက်စာတမ်းတွေ၊ အတုလုပ်ထားသယောင်ထင်ရတဲ့ ပေးစာတွေသာ များနေပြီးတော့ အချက်အလက်မှန်ကန်မှု ရှိ၊ မရှိကို သေချာအတည်မပြုနိုင်ကြောင်း SEC ဖက်က ဆိုထားပါတယ်။
ဒါ့အပြင် Binance ရဲ့ customer asset တွေကို ထိန်းသိမ်းဖို့အတွက် နာမည်ပြောင်းဖွဲ့စည်းထားတဲ့ Ceffu company အကြောင်း အချက်အလက်တွေ ပေးဖို့ကိုလည်း ငြင်းဆိုထားကြောင်း SEC က ဆိုထားပါသေးတယ်။
SEC တရားစွဲတာခံရပြီးနောက်ပိုင်းမှာ BinanceUS ဟာ ကသောင်းကနင်းဖြစ်နေပုံရပြီးတော့ အကြီးပိုင်းအရာရှိတွေ နှုတ်ထွက်မှုတွေလည်း မကြာခဏဖြစ်နေတဲ့အပြင် BInanceUS ရဲ့ CEO ပါ ရာထူးကနေ လောလောလတ်လတ် နှုတ်ထွက်ထားတာပါ။ ဒါပေမယ့် Binance CEO CZ ကတော့ BinanceUS CEO ဟာ အနားယူဖို့ လိုအပ်လို့ နှုတ်ထွက်တာသာဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ဆိုထားပါတယ်။
Reference Link: https://www.theblock.co/post/251323/sec-says-its-not-getting-what-it-needs-from-binance-us
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL