Ukraine ကျူးကျော်စစ်နောက်ပိုင်း Binance ဟာ Russia မှာ service တွေပေးခဲ့မှုနဲ့ မကြာခဏဝေဖန်ခံခဲ့ရပါတယ်။ အထူးသဖြင့် sanction ချထားတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေပါမချန် service ပေးခဲ့ကြောင်း စွပ်စွဲခံရတာမျိုးတွေဖြစ်ပြီး Binance အနေနဲ့ Russia က service တွေကို ကန့်သတ်မှုအတော်များများလုပ်ပြီး တင်းခံခဲ့ပေမယ့်လည်း စွပ်စွဲမှုတွေက ရပ်မသွားပါဘူး။
US SEC ကနေ Binance ကို တရားစွဲပြီးနောက်ပိုင်းမှာတော့ အမှားခံလို့မရတဲ့ အနေအထားတစ်ခုဖြစ်လာတာကြောင့် Russia ကနေ ထွက်ခွာဖို့အထိ ဆုံးဖြတ်ခဲ့ပြီး Binance Russia ကို ပြည်တွင်း company တစ်ခုဖြစ်တဲ့ CommEX ကို ရောင်းချခဲ့ပါတယ်။
ဒီအထိလည်း စွပ်စွဲမှုတွေက ပါလာဆဲပါပဲ။ CommEX ဟာ Binance အရောင်းအဝယ်လုပ်တော့မှ ပေါ်လာတဲ့ company လိုဖြစ်နေတဲ့အပြင် CommEX ရဲ့ ပိုင်ဆိုင်မှုအချက်အလက်တွေဟာလည်း မရှင်းမလင်းဖြစ်နေတာကြောင့် Binance CEO CZ ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်နေနိုင်ကြောင်း crypto community က ဝိုင်းပြီး သုံးသပ်ထားကြတာပါ။ CZ ဟာ Binance Russia ကို သူပိုင် company တစ်ခုဆီရောင်းလိုက်ပြီးတော့ ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်လိုက်တဲ့အကွက်ဖြစ်ကြောင်းလည်း X မှာ ဝိုင်းပြီး ဝေဖန်ထားကြပါတယ်။
အထူးသဖြင့် Binance Russia နဲ့ CommEX တို့ကြား ငွေလွှဲမှုတွေဟာ အရင်တည်းက ရှိခဲ့တာကြောင့် ဒီလိုစွပ်စွဲချက်တွေကို ပိုပြီးခိုင်မာလာစေတာပါ။
ဒါပေမယ့် CZ ကတော့ CommEX နဲ့ Binance တို့ဟာ လုံးဝမသက်ဆိုင်ဘဲ Binance အနေနဲ့ Russia က ထွက်ခွာရာမှာ ရာနှုန်းပြည့်ထွက်ခွာတာဖြစ်ပြီး CommEX ရဲ့ share တစ်ခုကိုမှ ပြန်မဝယ်ထားကြောင်း ပြန်ရှင်းထားပါတယ်။
CommEX နဲ့ transaction တွေဟာလည်း အရင်က အစမ်းသဘောအဖြစ် သုံးခဲ့တာသာဖြစ်ပြီး CommEX ကို Binance Russia အတိုင်း လည်ပတ်နိုင်စေဖို့ ကူညီပေးတာသာဖြစ်ကြောင်း ဆိုထားပါတယ်။
ဒီကိစ္စမှာ ဘယ်သူ့ဖက်ကမှန်တယ်၊ မှားတယ်ကို အတိအကျမသိရပေမယ့် CZ ရှိနေသ၍ကတော့ Binance ဟာ ကျဉ်းထဲကျပ်ထဲရောက်နေရင်တောင် ဆီလိုမျိုး ထွက်ပေါက်ရှာနေနိုင်ဦးမှာပါပဲ။
Reference Link: https://cryptopotato.com/cz-addresses-commex-fud-following-binances-russian-exit/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL