Data Analytics firm တစ်ခုဖြစ်တဲ့ Arkham Intelligence ဟာ သူတို့ရဲ့ ARKM token နဲ့အတူ ကြေငြာလိုက်တဲ့ data intel exchange ဟာ crypto community အကြား ဝေဖန်မှုတွေ မြင့်တက်နေစေပါတယ်။
Arkham intel exchange ရဲ့ အလုပ်လုပ်ပုံကို အလွယ်ရှင်းပြရရင် user တွေဟာ သူတို့သိထားတဲ့ blockchain ပေါ်က မသင်္ကာဖွယ် transaction ဆိုင်ရာ အချက်အလက်တွေကို exchange ပေါ်မှာ အရောင်းအဝယ်လုပ်လို့ရနိုင်မှာပါ။
Arkham Intelligence ကတော့ ဒီ exchange ဟာ blockchain transaction တွေရဲ့ အမည်မသိလျှို့ဝှက်နေမှုကို ပြောင်းပြန်လှန်ပစ်နိုင်မှာဖြစ်ကြောင်းဆိုထားပါတယ်။ ဒါပေမယ့် user အတော်များများဟာ လျှို့ဝှက်နေချင်လို့ cryptocurrency တွေ သုံးကြတာကို Arkham intelligence က လိုက်ဖော်မယ်ဆိုတာကြောင့် မကျေနပ်ကြပုံပါပဲ။ ဒါ့အပြင် Arkham Intelligence ဟာ US အစိုးရ agency တွေနဲ့ ပူးပေါင်းပြီး ဖော်ကောင်လုပ်နေတာဖြစ်ကြောင်းလည်း မှတ်ချက်ပေးထားကြပြီး US အစိုးရဖက်ကနေ user data တွေကို ကူဖော်ပေးမှာသာဖြစ်ကြောင်းလည်း ဆိုကြပါတယ်။
ဒီလိုမှတ်ချက်တွေကို Arkham team ဖက်ကတော့ ငြင်းဆိုထားပြီး သူတို့ exchange ပေါ်မှာ trade မယ့် data တွေကို တင်းတင်းကြပ်ကြပ်ကန့်သတ်ထားမှာဖြစ်တဲ့အပြင် user data တွေကိုလည်း ပြန်ရောင်းစားမှာမဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။
လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေဖြစ်တဲ့ email တွေ၊ ဖုန်းနံပါတ်တွေ၊ နေရပ်လိပ်စာတွေ အပါအဝင် ပုဂ္ဂိုလ်ရေးဆိုင်ရာကလဲ့စားချေချင်လို့ ဖော်ကောင်လုပ်တဲ့ data တွေ၊ အတည်မပြုနိင်တဲ့ data တွေကို ကန့်သတ်သွားမှာဖြစ်ပြီး on-chain data တွေကိုပဲ လက်ခံသွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။
ဒါကြောင့် Arkham Intelligence ကို အကောင်းဖက်ကကြည့်ရင်တော့ crypto wallet တစ်ခုခု hack ခံရတဲ့အခါ industry တစ်ခုလုံးက user တွေဟာ hack နဲ့ ပတ်သက်လို့ သူတို့သိထားတဲ့ အချက်အလက်တွေကို Arkham ပေါ်မှာ လာတင်ရောင်းလို့ရနိုင်မှာဖြစ်ပြီး hacker တွေကို ခြေရာခံရာမှာ ပိုပြီးလွယ်ကူလျင်မြန်သွားစေနိုင်ပါတယ်။
တစ်ဖက်မှာလည်း Arkham team ဟာ user တွေလာတင်သမျှ data တွေကို သူတို့ပြောထားသလို စီစစ်ကြပ်မတ်နိုင်ပါ့မလားဆိုတာအပြင် မကြပ်မတ်နိုင်ခဲ့ရင်တော့ user privacy တွေ ချိုးဖောက်ခံရနိုင်တာကိုလည်း စိုးရိမ်ရပါတယ်။
အခုချိန်မှာတော့ Arkham team ဟာ သူတို့ရဲ့ ARKM token ကို Binance Launchpad ကနေ တဆင့် July လ 18ရက်နေ့မှာ Launch လုပ်တော့မှာဖြစ်ပြီး exchange ရဲ့ native token အဖြစ်လည်း အသုံးပြုသွားမှာပါ။ အခု launch လုပ်မယ့် ARKM token 50 million ဟာ total supply ရဲ့ 5% သာရှိသေးတာဖြစ်ပါတယ်။
Reference Link: https://finance.yahoo.com/news/backlash-over-arkham-intelligence-platform-203650557.html
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL