USS (US Secret Service) ဟာ သူတို့မှာလည်း ကိုယ်ပိုင် NFT Collection တစ်ခုရှိနေကြောင်းကို အတည်ပြုလိုက်ပါပြီ။
ဒီ NFT Collection အကြောင်းကို May လမှာတည်းက Reddit ပေါ်မှာ user အချို့က မေးနေခဲ့ကြတာဖြစ်ပြီးတော့ အခုမှသာ Secret Service ဖက်က အတည်ပြုလိုက်တာပါ။ ဒါကြောင့် US Secret Service ဟာလည်း Germany ထောက်လှမ်းရေးနည်းတူပဲ NFT Collection တစ်ခု ရှိသွားပြီဖြစ်ပါတယ်။
တကယ်တော့ ဒီ NFT Collection ကို OpenSea ပေါ်မှာ user အတော်များများက သတိထားမိနေကြပြီးသားဖြစ်ပြီးတော့ ဈေးဘယ်လောက်ပေးပေး မရောင်းတဲ့ NFT တွေလည်း ဖြစ်ပါတယ်။
USS ရဲ့ အချို့ agent တွေ အဆိုအရတော့ ဒီ NFT တွေဟာ ရောင်းဖို့မဟုတ်ဘဲ သူတို့ဌာနက ဝန်ထမ်းတွေတစ်ယောက်ချင်းစီအတွက် ထုတ်ပေးထားတဲ့ NFT တွေသာဖြစ်ကြောင်းနဲ့ NFT တွေရဲ့ အလုပ်လုပ်ပုံကို ပိုပြီးနားလည်နိုင်စေဖို့ OpenSea ပေါ် တင်ထားတာသာဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် အခုချိန်မှာ NFT တွေကို 0.0028 ETH ကနေ 0.02 ETH အထိ ဈေးတွေပေးထားပေမယ့် တစ်ခုကိုမှ ထုတ်ရောင်းထားတာမတွေ့ရပါဘူး။
USS ကတော့ သူတို့အနေနဲ့ crypto community နဲ့ တိုက်ရိုက်ထိတွေ့နိုင်ဖို့ကို ကြိုးစားနေတာဖြစ်ပြီး community နဲ့ တိုက်ရိုက်စကားပြောနိုင်ခြင်းဟာ cyber ရာဇဝတ်မှုတွေဖြေရှင်းရာမှာ မရှိမဖြစ်အရေးပါတဲ့အရာဖြစ်ကြောင်း ဆိုထားပါတယ်။
USS ဟာ US ရဲ့ အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာအရေးပါတဲ့ အရာတွေကို ကာကွယ်ပေးဖို့ တာဝန်ယူထားရတာပါ။
Comment မှာ Reference Link ချပေးထားပါမယ်။