Privacy ချိုးဖောက်ခံရနိုင်ခြေတွေကြောင့် နိုင်ငံအတော်များများမှာ လည်ပတ်ခွင့်ပိတ်သိမ်းခံထားရတဲ့ Worldcoin project ကတော့ Chile နိုင်ငံမှာ တစ်ကျော့ပြန်နာမည်ကြီးနေပြန်ပါပြီ။ Worldcoin Project ဟာ Kenya နဲ့ Argentina နိုင်ငံတို့မှာ လုပ်ခဲ့သလိုမျိုးပဲ Chile နိုင်ငံ မှာလည်း eye scan အဖတ်ခံပြီး Worldcoin ID ယူတဲ့ ဘယ်သူ့ကိုမဆို 25 WLD token တွေ ($40 ကျော်တန်ကြေးရှိ) ပေးနေတာဖြစ်ပါတယ်။
Chile နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ Carlos ကတော့ 2022 ခုနှစ် September လတည်းက eye scan ဖတ်ခံခဲ့တာဖြစ်ပြီး WLD token တွေ ရခဲ့တာဖြစ်ကြောင်းနဲ့ ဒီ token တွေဟာ အခုဆိုရင် $150 ကျော်အထိ တန်ဖိုးရှိနေပြီဖြစ်တဲ့အပြင် နောက်ထပ် WLD token တွေလည်း ဆက်ရနေကြောင်း ဆိုထားပါတယ်။
Worldcoin Project ဟာ privacy ချိုးဖောက်တာတွေ ရှိလာနိုင်ကြောင်း ဝေဖန်ချက်တွေကိုလည်း သူ့အနေနဲ့ ကောင်းကောင်းသိထားပြီးဖြစ်ပေမယ့် နာမည်ကြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတာဖြစ်လို့ privacy ချိုးဖောက်တာမျိုးတွေ မရှိနိုင်ဘဲ ဒီလို project မျိုးကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ချင်ကြောင်းလည်း ဆိုထားပါတယ်။
Eye scan လာဖတ်ခံတဲ့သူတွေထဲမှာ crypto အကြောင်း လုံးဝမသိနားမလည်တဲ့သူတွေလည်း ပါဝင်ပြီး WLD token ကို ပြန််ရောင်းရင် ပိုက်ဆံပြန်ရမယ်ဆိုလို့ ရောက်လာကြသူတွေလည်း အများကြီး ပါဝင်နေပါတယ်။
Chile နိုင်ငံရဲ့ အခြေခံလုပ်ခလစာဟာ $500 ကျော်သာ ရှိတာကြောင့်လည်း တစ်လစာရဲ့ 8% လောက်ကို eye scan ဖတ်ခံရုံနဲ့ ရနိုင်မှာဖြစ်လို့ privacy အကြောင်းတွေကို ရှည်ရှည်ဝေးဝေး ထည့်မစဉ်းစားနိုင်ကြတဲ့သဘောလည်း ရှိပါတယ်။
Chile နိုင်ငံထက် လုပ်ခလစာရနှုန်းနည်းပြီး အခြေခံလစာ $100 ဝန်းကျင်သာ ရနိုင်တဲ့ Kenya လို နိုင်ငံမှာ လည်ပတ်ခွင့်ရှိခဲ့တုန်းကလည်း လူပေါင်းသောင်းနဲ့ချီ တန်းစီပြီး eye scan ဖတ်ခံခဲ့တာကို ကြည့်ရင် လူအများစုဟာ privacy ထက် ငွေကို ပိုလိုချင်ကြတာလို့လည်း အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။
ဒါကြောင့် အခြေခံလုပ်စာ 1 သိန်းခွဲ၊ 2 သိန်း ($60 ဝန်းကျင်) ပဲရှိတဲ့ မြန်မာနိုင်ငံကို Worldcoin Project ရောက်လာခဲ့ပြီး eye scan ဖတ်ခံတဲ့သူတိုင်းကို Digital ID နဲ့အတူ 25 WLD ထုတ်ပေးမယ်ဆိုရင်ရော scan ဖတ်ခံကြမှာလား?
Worldcoin Project အကြောင်းကို https://www.facebook.com/myancryptocurrency/posts/pfbid028csiEj7rzhw5PmqHJ4cQdgyqvnRAYvGANis7zg2ieP9GqPzeHRBdgeW4Z6RuankCl မှာ ဖတ်နိုင်ပါတယ်။
ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီး cryptocurrency တွေကို အရောင်းအဝယ်လုပ်ရာမှာ ကိုယ်တိုင်လေ့လာဆန်းစစ်ပြီးမှ လုပ်သင့်ပါတယ်။
Reference Link: https://decrypt.co/199393/chile-worldcoin-eye-scanning-orb-adoption
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL