Zuck ကတော့ Metaverse ကို တစ်ကွက်ပြလိုက်ပါပြီ။ အရင်က Zuckerberg ပိုင် Meta Company ရဲ့ Metaverse ဟာ ကာတွန်းရုပ်တွေကို စုတ်ပြတ်နေတဲ့ graphics နဲ့ ဖန်တီးထားတယ်လို့ ပြင်းပြင်းထန်ထန်ကို ဝေဖန်ခံခဲ့ရဖူးပါတယ်။ တကယ်လည်း Meta ရဲ့ Metaverse ရုပ်ထွက်တွေဟာ အရှက်ရစရာဖြစ်ခဲ့ပြီး Meta အနေနဲ့လည်း $ billion နဲ့ ချီပြီး အရှုံးပေါ်ခဲ့ပါတယ်။
ဒါပေမယ့် Zuck ကတော့ Metaverse ကိစ္စကို လက်မလျှော့ခဲ့ဘဲ အခုချိန်မှာဆိုရင်တော့ အပြင်က လူပုံစံအတိုင်း photorealistic ရုပ်ထွက် ထုတ်ပေးနိုင်မယ့် Metaverse avatar တွေကို မိတ်ဆက်လာနိုင်ပါပြီ။ Computer scientist တစ်ယောက်ဖြစ်တဲ့ Lex Fridman နဲ့ Zuckerberg တို့ Metaverse ထဲမှာ 1 နာရီကျော်ကြာ စကားပြောထားကြတဲ့ video file ကို မှာ ကြည့်နိုင်ပါတယ်။
Video ထဲမှာ တွေ့မြင်နေရတဲ့ လူ 2 ယောက်ဟာ တကယ့်လူတွေမဟုတ်ပါဘူး။ Metaverse ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့နေရမယ့် digital သွင်ပြင်တွေ ဖြစ်ပါတယ်။
ဒီလို digital သွင်ပြင်တွေရနိုင်ဖို့အတွက် Meta company ထုတ် Quest 3 headset တွေနဲ့ noise-cancelling headphone တွေကို သုံးထားတာပါ။ ဒီ Quest 3 headset တွေဟာ Apple ရဲ့ Vision Pro လိုမျိုးပါပဲ။ မတူတဲ့အချက်ကတော့ Quest 3 ဟာ machine learning software ကို သုံးပြီး ဝတ်ဆင်ထားသူရဲ့ ခေါင်းတစ်ခုလုံးကို camera ပေါင်း 100 ကျော်နဲ့ full scan ဖတ်ပေးပြီးတော့ တစ်ဖက်လူရဲ့ headset ဆီမှာ သွားပေါ်စေတာပါ။
ဒါကြောင့် ဒီနည်းပညာကို လူတိုင်းသုံးနိုင်ဖို့ဆိုတာကတော့ နှစ်အနည်းငယ်စောင့်ရဦးမှာဖြစ်ပြီး Apple Vision Pro နဲ့လည်း ခေတ်ပြိုင်ဖြစ်လာနိုင်ပါတယ်။
ဒီလို VR headset ပိုင်းကို အပြိုင်အဆိုင် develop လုပ်နေကြပုံမျိုးနဲ့ဆိုရင် 2024 ခုနှစ်လောက်ကနေစလို့ တဖြည်းဖြည်းနဲ့ Ready Player One အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တော့မှာပါ။
ဒါပေမယ့် ကျနော်တို့ကတော့ တော်လှန်ရေးမပြီးနိုင်သရွေ့ သူများထက် ဆယ်စုနှစ်တစ်ခုစာ နောက်ကျနေဦးမှာပါပဲ။
Reference Link: https://cointelegraph.com/news/metaverse-podcast-lex-fridman-mark-zuckerberg-avatars-meta-codec
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL