BinanceUS ဟာ user asset တွေကို နောက်ပေါက်ကနေ access ရှိနေကြောင်းကို သက်သေပြနိုင်ဖို့အတွက် US SEC ဖက်က အသည်းအသန်ကြိုးစားနေပါတယ်။
SEC ဟာ 2023 ခုနှစ် June လမှာတည်းက Binance နဲ့ BinanceUS တို့ကို security product ဥပဒေချိုးဖောက်မှုအပါအဝင် အမှုပေါင်း 13 မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး ဒီအမှုတွေထဲမှာ security exchange ကို မှတ်ပုံမတင်ဘဲ လည်ပတ်မှု၊ ဈေးကစားမှု၊ Binance International platform ပေါ်မှာ US user တွေကိုပါ တရားမဝင် service ပေးခဲ့မှု၊ US user fund တွေကို နောက်ပေါက်ကနေ ရွှေ့ထုတ်မှုတွေလည်း ပါဝင်ပါတယ်။
BinanceUS အနေနဲ့ user fund တွေကို နောက်ပေါက်ကနေ access ရနေမှုကို တားဆီးပေးဖို့ SEC ဖက်က တရားရုံးမှာလည်း တောင်းဆိုထားပြီးတော့ BinanceUS ဖက်ကတော့ SEC ဟာ သက်သေတစုံတရာ မရှိဘဲ အသားလွတ်စွပ်စွဲနေတာသာဖြစ်ပြီး company ကို ပြိုလဲအောင်ဖန်တီးနေတာသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ US SEC ဖက်က တရားစွဲခဲ့ပြီးတည်းက BinanceUS ရဲ့ လစဉ် user တစ်ဝက်နီးပါးလျော့ကျသွားပြီး company ဝင်ငွေရဲ့ 90% ကိုလည်း တရားစရိတ်တွေမှာ သုံးစွဲနေရပါတယ်။
လောလောဆယ်မှာ Binance CEO ဟောင်း CZ ဟာ Binance International ကနေရော၊ BinanceUS ကနေပါ နှုတ်ထွက်ထားပြီဖြစ်ပြီးတော့ တရားရုံးက စီရင်ချက်ချမယ့်နေ့ကို US မှာ နေရင်း စောင့်ဆိုင်းနေပါတယ်။
Reference Link: https://cryptopotato.com/sec-persists-in-searching-for-fraud-evidence-at-binance-us-report/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL