ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ Grayscale ကိစ္စကြောင့် ဈေးတွေထိုးတက်ခဲ့ပြီး SEC ရဲ့ ETF တွေ အတည်ပြုဖို့ကို နောက်ဆုတ်လိုက်တဲ့ကိစ္စကြောင့် ဈေးတွေ ထိုးကျခဲ့ပြန်ပါတယ်။ Market ရဲ့ ထုံးစံအတိုင်းပဲ တက်ဖို့ဆိုရင် အင်မတန်ကြာတတ်ပြီး ကျဖို့ဆိုရင်တော့ တအိအိနဲ့ကို ပြိုကျလေ့ရှိပါတယ်။
အခုဆိုရင်လည်း Grayscale ရဲ့ သတင်းကောင်းကြောင့် တက်ထားခဲ့သမျှအားလုံးဟာ SEC ရဲ့ ETF ကိစ္စကြောင့် အကုန်ပြန်ပါသွားခဲ့ပြီး BTC ဈေးဆိုရင် $26k အောက်ကိုတောင် ဆင်းသွားခဲ့ပါသေးတယ်။ BTC ကျရင် အကုန်လိုက်ကျတတ်တဲ့ altcoin တို့ဟာလည်း ရဲရဲတောက်နေပြီးတော့ top10 coin တွေ အားလုံးနီးပါး နီနေပါတယ်။ ဒါပေမယ့် သူများတွေ နီနေချိန်မှာ 20% ကျော် စိမ်းနေတဲ့ coin တစ်ခုကိုတော့ ထူးထူးခြားခြားတွေ့ရပါတယ်။
ကျနော်တို့ရဲ့ အချစ်တော် Telegram ရဲ့ native coin ဖြစ်တဲ့ TON (Telegram Open Network) coin ပါ။ TON ဟာ 1 ရက်အတွင်းမှာ 2% နီးပါးအထိ တက်လာပြီးတော့ 7 ရက်အတွင်းမှာ 27% နီးပါးအထိ တက်ထားခဲ့တာပါ။
TON coin တက်နေရတဲ့အကြောင်းရင်းတွေထဲမှာ crypto market အပေါ်စိတ်ဝင်စားမှု မြင့်တက်လာကြမှုကြောင့်လည်းပါပေမယ့် Telegram Open Network ပေါ်မှာ PoS (Proof-of-Stake) developer တွေ များပြားလာတာကြောင့်လည်း ပါဝင်နိုင်ပါတယ်။
Telegram ဟာ ကျနော်တို့မျက်စိရှေ့မှာတင်ပဲ ဆက်တိုက်ကို တိုးတက်လာနေတာဖြစ်ပြီး Telegram Founder Durov ကလည်း Telegram အပေါ်မှာ အများကြီးမျှော်လင့်ထားကြောင်းနဲ့ Telegram ပေါ်မှာ ကိုယ်ပိုင် DEX (Decentralized Exchange) နဲ့ NFT Marketplace တွေ တိုးချဲ့နိုင်အောင် ဖန်တီးသွားမယ့်အကြောင်း မကြာခဏထုတ်ပြောလေ့ရှိပါတယ်။
ဒါ့အပြင် crypto industry ထဲမှာလည်း Telegram နဲ့ကင်းသူ မရှိသလောက်ကိုဖြစ်နေတာကြောင့် TON coin ဟာ နောက်ပိုင်းမှာ အလားအလာကောင်းတွေ ရှိနေပါတယ်။ အခုတောင်မှ Coinmarketcap ပေါ်က Top 10 altcoins (stablecoins မပါ) ထဲကို ရောက်နေပါပြီ။
ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီး crypto asset တွေကို ကိုယ်တိုင်လေ့လာဆန်းစစ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ပါတယ်။
Reference Link: https://cryptopotato.com/bitcoin-slipped-to-11-week-low-toncoin-defies-the-odds-with-massive-surge-weekend-watch/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL