ကိုယ့်ရဲ့ device ထဲကနေ crypto တွေကို ခိုးယူသွားနိုင်တဲ့ Skype app အတု တစ်ခု ပျံ့နှံ့နေကြောင်း security expert တွေက သတိပေးထားပါတယ်။ ဒီ app ကို China အတွင်းက phishing link တွေနဲ့ scam နေကျ ရာဇဝတ်ဂိုဏ်းတစ်ခုက ထုတ်ထားတာဖြစ်ပြီး ပစ်မှတ်ရဲ့ phone ထဲက USDT တွေကို Ethereum နဲ့ Tron wallet တွေထဲကို ခိုးထုတ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါ့အပြင် phone ထဲမှာရှိတဲ့ file တွေ၊ ဓာတ်ပုံတွေ၊ ID အချက်အလက်တွေကိုလည်း ခိုးယူတာတွေဖြစ်နိုင်ပြီးတော့ အခုလက်ရှိမှာဆိုရင် ဒီရာဇဝတ်ဂိုဏ်းရဲ့ wallet တွေထဲကို 200,656 USDT အထိ ဝင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
ဒီရာဇဝတ်ဂိုဏ်းဟာ China မှာ Google PlayStore သုံးမရတဲ့အချက်ကို အခွင့်ကောင်းယူပြီးတော့ third-party website တွေမှာ ဒီလိုမျိုး app အတုတွေ ထည့်ထားတာဖြစ်နိုင်ပါတယ်။ အခု Skype app အတု မတိုင်ခင်ကလည်း Binance app တစ်ခုပေါ်လာခဲ့ဖူးပြီးတော့ ဒီရာဇဝတ်ဂိုဏ်းရဲ့ လက်ချက်ပဲဖြစ်နိုင်ကြောင်း ယူဆထားကြပါတယ်။
သူတို့ရဲ့ အဓိကပစ်မှတ်တွေကတော့ Google PlayStore တို့လိုနေရာတွေမှာ မရှိတဲ့၊ လူသုံးများတဲ့ app တွေကို third-party app store တွေမှာ လိုက်ရှာ၊ download ဆွဲတတ်ကြတဲ့ user တွေဖြစ်နိုင်တာကြောင့် app တွေ သုံးမယ်ဆိုရင် အတတ်နိုင်ဆုံး Google PlayStore ကနေ (ဒါမှမဟုတ်) သက်ဆိုင်ရာ app ရဲ့ တရားဝင် website ကနေ download ဆွဲပြီးမှ သုံးကြဖို့ တိုက်တွန်းပါတယ်။
Reference Link: https://protos.com/fake-skype-app-stealing-usdt-previously-impersonated-binance/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL