မနေ့က စောစောမအိပ်တဲ့သူတွေကတော့ Metamask နဲ့ Apple တို့ ပေါင်းပြီး ပလေးတာ ခံလိုက်ကြရပါတယ်။ ည 8 နာရီခွဲလောက်မှာ Apple App Store ပေါ်ကနေ Metamask wallet ဖြုတ်ချခံလိုက်ရပြီဆိုတဲ့သတင်းတွေ တောက်လျှောက်တက်လာခဲ့ပြီး တကယ်လည်း Metamask website ရဲ့ App Store link မှာရော၊ App Store ထဲမှာပါ Metamask app ကို ရှာမတွေ့တော့ပါဘူး။
ဒါကြောင့် Apple သာ Metamask ကို ဆက်ပြီး support မပေးတော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးတွေနဲ့ iOS သမားတွေ ရင်တုန်ပန်းတုန်ဖြစ်ခဲ့ကြရပါတယ်။ Metamask ဖက်ကို ဆက်သွယ်ကြည့်တော့လည်း သူတို့ကိုယ်တိုင်တောင် ဘာဖြစ်သွားမှန်းမသိလိုက်ဘဲ Apple ဖက်ကို ဆက်သွယ်နေကြောင်းသာ ပြန်ပြောခဲ့ပါတယ်။ ဒါကြောင့် Metamask seedphrase တွေကို သေချာပြန်မှတ်ထားကြဖို့နဲ့ App Store auto-update တွေကို ပိတ်ထားကြဖို့ X ပေါ်ကတဆင့် နှိုးဆော်တာတွေရှိခဲ့ပါတယ်။
အများစုကတော့ Apple ဟာ transaction fees တွေကနေ App Store fees ဆိုပြီး 30% ကောက်တဲ့ကိစ္စမှာ ညှိနှိုင်းမရကြလို့ ဖြုတ်ချခံရတာလို့ ထင်ကြေးပေးခဲ့ကြပါတယ်။ တကယ်လည်း Apple ဟာ crypto wallet တွေရဲ့ transaction fees တွေကနေ App Store အသုံးပြုခဆိုပြီး အခွန်ကောက်ဖို့ တောက်လျှောက်ပြောနေခဲ့တာပါ။
ဒါပေမယ့် ည 11 နာရီကျော်လောက်မှာတော့ App Store ပေါ်ကို Metamask wallet တစ်ဖန်ပြန်ရောက်လာပြန်ပါတယ်။ ဒါကြောင့် Apple နဲ့ Metamask တို့ပေါင်းပြီး crypto bro တွေကို ပလေးသွားကြတာပါပဲ။
ဒီတစ်ခေါက်ကတော့ App Store ပေါ်ကို Metamask ပြန်ရောက်လာနိုင်ပေမယ့် ဘူဇွာဆန်လာနေတဲ့ ပန်းသီးရဲ့မူဝါဒအမျိုးမျိုးကြောင့် iOS user တွေအနေနဲ့ ကိုယ့်ရဲ့ software wallet မှန်သမျှရဲ့ seedphrase ကို သေချာမှတ်ထားသင့်ပြီး အပို device တစ်ခုလည်း ဆောင်ထားသင့်ပါတယ်။ တကယ်လို့သာ iOS ထဲမှာ install လုပ်ထားပြီးသား Metamask app တွေပါ ပါကုန်မယ်ဆိုရင် seedphrase မမှတ်မိရင် ဘာမှလုပ်လို့မရပါဘူး။ ဒါကြောင့် ဒီတစ်ခေါက် Metamask အဖြုတ်ခံရမှုကို အကြိုလေ့ကျင့်ပေးတဲ့အနေနဲ့ သတိထားကြသင့်ပါတယ်။
Reference Link: https://www.theblock.co/post/256525/metamask-appears-to-have-been-removed-from-the-apple-app-store