မြောက်ကိုရီးယားအစိုးရကျောထောက်နောက်ခံပြုထားတဲ့ Lazarus အဖွဲ့ဟာ Ronin Bridge နဲ့ Harmony Bridge တို့ အပါအဝင် crypto hack တော်တော်များများမှာ အဓိကပါဝင်နေခဲ့တယ်လို့ အားလုံးကလက်ခံထားကြပါတယ်။ အမေရိကန်နဲ့တောင်ကိုရီးယားဖက်ကလည်း မြောက်ကိုရီးယားဟာ သူ့ရဲ့ cyber hacker တပ်ဖွဲ့ကို အသုံးချပြီး ဒေါ်လာသန်းပေါင်များစွာကို နျူလက်နက်တပ်ဆင်ရေးအတွက် အသုံးချနေကြောင်း ပြောထားပါတယ်။ ဒီလပိုင်းလေးထဲမှာတင်ပဲ crypto $300 million ဖိုးလောက်အထိကို hack ထားကြတာပါ။
လွန်ခဲ့တဲ့ရက်ပိုင်းတွေကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေဟာ ဂျပန်နိုင်ငံ Hokkaido ကျွန်းပေါ်ကနေ ဖြတ်သွားခဲ့တာကြောင့် ဂျပန်ပြည်သူ၅သန်းလောက် ထိတ်လန့်တကြားဖြစ်ခဲ့ရပါသေးတယ်။
စစ်ရေးအကဲခတ်တွေကတော့ မြောက်ကိုရီးယားရဲ့ နျူလက်နက်တွေနဲ့ ဒုံးကျည်တပ်ဆင်ရေးတွေအတွက် ပိုက်ဆံတွေကို crypto hack တွေကနေ တစိတ်တပိုင်းရနေကြောင်း သုံးသပ်ကြပြီး cryptocurrency တွေကို hack ဖို့အတွက်လည်း မြောက်ကိုရီးယားမှာ ကျွမ်းကျင်စစ်တပ် ရှိနေကြောင်း ဆိုပါတယ်။
UN တို့၊ US တို့က sanction တွေ ဘယ်လောက်ချချ၊ ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီး ဘယ်လောက်ပဲ ခြိမ်းခြောက်ခြောက် ဝက်ပုလေးကတော့ သူ့ရဲ့ နျူတွေကို အဆုံးထိလုပ်သွားမယ့်ပုံပါပဲ။ အခုဆိုရင် ဒေသအချို့ကို နျူလက်နက်တွေ စမ်းသပ်ဖို့အတွက် ပြင်ဆင်ထားပြီးတဲ့အပြင် အရေးပေါ်စွန့်ခွာဖို့အတွက် မြေအောက်ဥမင်တွေကိုပါ အဆင်သင့်လုပ်နေကြောင်း UN Security Council ရဲ့ လေ့လာချက်တွေအရ သိရပါတယ်။
Reference Link: https://bitcoinist.com/bitcoin-for-bombs-north-korea-uses-stolen-crypto/
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL