ဒီနေ့မှာတော့ ပုံမှန်တင်နေကြ Tipping Hive
Engine Tokens များအကြောင်းကို ခေတ္တရပ်
နားကာ Football Fan Token များကို မိမိသိသလောက်
မျှဝေပေးသွားပါ့မယ်။
Football Fan Token အကြောင်းကို ကိုဟင့်ရဲ့
Massi PSG ဘောလုံးအသင်းကို ပြောင်းရွေ့မှာ
ဖြစ်လို့ PSG token များစျေးထိုးတက်သွား
ကြောင်း ဆိုတဲ့ဆောင်းပါးကို ဖတ်မိပြီးစိတ်ဝင်စား
သွားရခြင်းဖြစ်ပါတယ်။
အဲ့တာနဲ့ ဒီမနက်တော့ အလုပ်မသွားဖြစ်လို့ အားနေ
ပါတယ်။ အလုပ်မသွားဖြစ်ရတာကလည်း မအလ
ကြောင့်ပါပဲ။ မန္တလေးမြို့မှာတော့ ညဘက်ဆို
ဗုံးသံ၊ သေနက်သံ မကြားရတဲ့ညရယ်လို့ မရှိပါဘူး။
ညက ၄င်း မအလ များက Stay Home လုပ်ဖို့
လိုက်ခြောက်လန့်ကာ ကြေညာပါတယ်။ မနက် ၉
နာရီမှာ ညနေ ၃ နာရီအတွင်း အိမ်ပြင်မထွက်ရတဲ့။
ကြည့်ကြပါကုန်။ ဘာများလုပ်စားကြမလဲလို့။
ဒီမနက် စောစောစီးစီး သေနက်သံများ ဆက်တိုက်
ကြားနေရလို့ အလုပ်က နားထားရပါတယ်။
နိုင်ငံရေးအကြောင်းပြောရရင် ရေးလို့ကုန်မှာမဟုတ်
လို့။ ဟော... ပြောရင်း မိုက်ကြီးနဲ့အော်နေပါပြီ။
အပြင်မထွက်ရတဲ့။ စိတ်ပျက်ပါတယ်၊ ငြီးယုံကလွဲ၍။
ကဲ Football Fan token အကြောင်းကို
ဆက်ကြပါစို့။ ယုခုထိ ထုတ်လုပ်ထားတဲ့ ၄င်း Tokens များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
PSG (Paris Saint-Germain Fan Token)
BAR (FC Barcelona Fan Token)
CITY (Manchester City Fan Token)
ATM (Atletico Madrid Fan Token)
JUV (Juventus Fan Token)
ACM (AC Milan Fan Token)
ASR (AS Roma Fan Token)
ဒီ Tokens များကတော့ ကျွန်တော်ရှာဖွေ့တွေ့ရှိ
ထားသမျှဖြစ်ပါတယ်။ CITY မှလွဲ၍ ကျန်
Token များအာလုံး Binance တွင် စျေးကွက်
ဖွင့်ပြီးဖြစ်ပါတယ်။ ၄င်းတို့ရဲ့စျေးနှုန်းများကလည်း
တော်ရုံလိုက်စုဖို့မလွယ်အောင် စျေးကြီးလှပါတယ်။
၄င်းတို့၏ စျေးနှုန်းများကို အောက်ပါ ဇယားတွင်
ကြည့်ရှုနိုင်ပါတယ်။
Current prices by CoinMarket
| No. | Token Names | Prices |
|---|---|---|
| 1 | Paris Saint-Germain | $38 |
| 2 | FC Barcelona | $23.9 |
| 3 | Manchester City | $23.4 |
| 4 | Atletico Madrid | $19.5 |
| 5 | Juventus | $14 |
| 6 | AC Milan | $9.6 |
| 7 | AS Roma | $8.5 |
ကျွန်တော်ကတော့ Manchester United
Fan ဖြစ်ပါတယ်။ ဒါပေမဲ့ MU Fan Token
ကိုတော့ မတွေ့ရှိသေးပါဘူး။ ခုတော့မသိသေးပါ။
နောင်တချိန်ကျလျှင်တော့ Football Fan
Token များခေတ်ထလာကာ။ စျေးကောင်းလာ
နိုင်တယ်လို့ ထင်မိပါတယ်။ မိတ်ဆွေများ စိတ်ဝင်စား
တယ်ဆိုရင် Binance နဲ့ Coinmarket မှာ
ရှာဖွေလေ့လာနိုင်ပါတယ်။ ကျွန်တော်ဟာ
Trading သမားမဟုတ်လို့ ဘယ် Football
Fan Token ကတော့ဖြင့် စျေးကောင်းနိုင်ရဲ့လို့
အတက်မပြောနိုင်ပါ။ မိတ်ဆွေများမှ တက်သိနား
လည်တယ်ဆိုရင် မျှဝေပေးကြပါဦး။
လောလောဆယ်မှာတော့ ကမ္ဘ့ထိပ်သီးကလက်
တစ်ခုဖြစ်တဲ့ Barcelona ဘောလုံးအသင်းရဲ့
Fun Token ဖြစ်တဲ့ 1 BAR ကိုဝယ်စုထား
လိုက်ပါတယ်။
ဒီFootball Token အားလုံးဟာ အဓိက Chiliz Wallt နဲ့ချိတ်ထားကာ CHZ Token နဲ့ကစားနေကြပါတယ်။
Binance မှာတော့ BTC USDT နဲ့ BUSD တို့နဲ့ စျေး
ကွက်ဖွင့်ကစားနေကြပါတယ်။ အကယ်၍ စိတ်ဝင်စားလျှင်
အောက်ပါလင့်ကနေ Chiliz Wallet ကို ဝင်ရောက်
လေ့လာနိုင်ပါတယ်။
Chiliz Wallet ကို Download လုပ်ရန်နှိပ်ပါ
Refer ပေးချင်လျှင် ကျွန်တော်၏ Chat box ကိုလာရောက်
ဆက်သွယ်နိုင်ပါတယ်။
မိတ်ဆွေများရော ဘယ်လိုထင်ပါသလဲ။
ဘောလုံးဝါသနာအိုးများကတော့ ဒီTokensများကို
စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ မိတ်ဆွေများမှ
တစ်ခုခုထူးခြားတာများ သိထားရင်မျှဝေပေးကြပါ
ဦးဗျာ။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
<<---(Myanmar Language)--->>
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|