မင်္ဂလာပါ Hive Myanmar တို့ရေ...
ကျွန်တော့်ရဲ့ ထွေလီပွေလီ လုပ်ငန်း
ကိစ္စတွေကြောင့် Hive နဲ့
Hive Platform ပေါ်က မြန်မာတွေနဲ့
အဆက်သွယ် ပြက်သွားတော့ မြန်မာ
စာနဲ့ Post တွေကို လွမ်းမိသားဗျ။
အရင်ကတော့ ဆာဟင်ရဲ့ ပိုစ်တွေကို
အငမ်းမရ လိုက်လံဖတ်ရှုပြီး Hive
အိမ်မက်တွေ အကြီးကြီး မက်ခဲ့ရတာ
ပေါ့။ အဲ့ဒီ အိမ်မက်ကြီး ဖြစ်လာတော့
မလားဆိုပြီး တွေးတွေးပြီး ယနေ့ထိ
ကြိတ်ပျော်နေရတုန်းပါပဲ။
အလွမ်းသည်နေတာနဲ့ လိုရင်း
ခေါင်းစဥ်မရောက်တော့မှာစိုးလို့
ဆက်ကြစို့...
Hot နေတဲ့ Stars Arena
Stars Arena ကို သိကြလားဗျ။
သိတယ်ဆိုရင်တော့ ပိုပြီးသိအောင်
မသိသေးရင်လည်း အသိတိုးအောင်
ကျွန်တော်သိသလောက် မျှဝေပေး
လိုက်ပါတယ်။
Star Arena ကို ကျွန်တော်စပြီးသိတာ
က ကျွန်တော်တို့ Hive Myanmar တွေ
ရဲ့ အချစ်တော်ကြီး Rising Star Game
ကြောင့်ပါ။ အဲ့နေ့က Mission လုပ်ရင်း
Stars Arena ကြော်ညာလေးတက်လာ
လို့ ဝင်ကြည့်ရင်း Stars Arena ကို
သိသွားတာပါ။
Stars Arena ဆိုတာ
က Twitter ကိုမကြိုက်တော့လို့ ပြောရ
မယ်ဆိုရင် ခွေးဖေဖေကြီး အီလွန်မက်
နဲ့ မတည့်တဲ့သူတွေက Twitter အစား
Stars Arena ကို ဖန်တီးခဲ့ကြတယ်လို့
သိရပါတယ်။
Stars Arena ဆိုတာ ထူးထူးခြားခြား
ကြီးလားဆိုတော့ မဟုတ်ဘူး။
မထူးခြားဘူးလားဆိုပြန်တော့လည်း
သူက သူများနဲ့မတူဘူး ထူးခြားနေပြန်
တယ်။ မထူးခြားဘူးဆိုတာက
ကျွန်တော်တို့လို Contents Creators
တွေတွက် အသုံးပြုရတာ မခက်ဘူး။
မထူးခြားဘူးလို့ ပြောချင်တာ။
ထူးခြားတယ်ဆိုတာက Stars Arena
က Content ဖန်တီးပြီး ပိုစ်တင်ရုံနဲ့
Reward သို့မဟုတ် Tips၊ မြန်မာလို
လက်ဖက်ရည်ဖိုး မရဘူး။ (ဟဲဟဲ
မြန်မာ အတွေးနဲ့ ပြောမှ အားရသလို
ရှိလို့ ငပိထဲ့လိုက်ရပါသည်)
Stars Arena ရဲ့ လုပ်ပုံ
က Tickets နဲ့ ထိန်းချုပ်ထားတယ်။
ဆိုလိုတာက ထမင်းစားလက်မှက်ပေါ့။
မိတ်ဆွေရဲ့ ထမင်းစားလက်မှက်ကို
တန်ဖိုးရှိအောင် လုပ်ပေးမှာက
မိတ်ဆွေ ဖောက်သည်တွေပဲ။ ရှုပ်သွား
မယ်ထင်တယ်။ မိတ်ဆွေရဲ့ Stars
Arena အကောင့်မှာ Tickets ကို Buy/
Sell ဆိုပြီးပါတယ်။ မိတ်ဆွေက Post
တွေ Comment တွေလုပ်၊ တခြားသူ
တွေရဲ့ ပိုစ်တွေကို Share တာတွေ လုပ်
ပေးရင် မိတ်ဆွေရဲ့ Tickets တွေက
စျေးကြီးလာမယ်။ စျေးနည်းတုန်းက
မိတ်ဆွေရဲ့ Tickets ကိုဝယ်ထားတဲ့သူ
က မိတ်ဆွေရဲ့ Tickets စျေးတက်တဲ့ခါ
ရောင်းစားမယ်။ အဲ့လို အရောင်းအဝယ်
လုပ်ရင်းနဲ့ မိတ်ဆွေရဲ့ အကောင့်က
တန်ဖိုးမြင့်လာမယ်။ အဲ့လောက်ဆို
သဘောပေါက်ပြီ ထင်ပါတယ်။
Stars Arena က Free လား?
လောလောဆယ်မှာတော့ 100% Free
စလုပ်လို့ရပါတယ်။ စစခြင်း
မိမိကိုယ်ကို မိတ်ဆက်ပါ။ ပြီးရင်
Cryptos ဒါမှမဟုတ် Web.3 နဲ့
ပက်သက်တဲ့ အတိုအထွာတွေ တင်ရင်း
နဲ့ Followers နဲ့ Engagement လုပ်ပါ။
အဲ့တာဆိုရင် တဖြေးဖြေး မိတ်ဆွေရဲ့
အကောင့်က တန်ဖိုးမြင့်လာမှာပါ။
AVAX နဲ့ Stars Arena
AVAX ရဲ့လက်ရှိ စျေးတက်နေလို့
ပေါက်စျေးက 12$ ဒေါ်လာကျော်ပါ။
AVAX ကို Binance နဲ့ တခြား
Exchange တော်တော်များမြားမှာ
Trade/ အရောင်းအဝယ် လုပ်လို့ရပါ
တယ်။ Stars Arena ကိုသုံးပြီး
Cryptos Contents တွေကို Share
ခြင်းအားဖြင့် AVAX Token သို့မဟုတ်
Online Digital Money ရရှိမှာပါ။
အော်... မေ့တော့မလို့၊ မိမိရဲ့ ပိုစ်ကို
အရမ်းကြိုက်လို့ တခြားလူ အတွက်
အသိနဲ့ ဗဟုသုတ ရသွားလို့ အဲ့ဒီလူက
မိမိကို Tips(လက်ဖက်ရည်ဖိုး) ပေးနိုင်
အောင်လည်း Stars Arena လုပ်ဆောင်
ပေးထားပါသေးတယ်။
Stars Arena လုပ်တော့မယ်ဆိုရင်
လောလောဆယ်မှာတော့ Stars Arena
က တိုးတက်အောင် လုပ်နေဆဲ ကာလ
ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်တွေမှာလည်း
Hacker တစ်စုရဲ့ တိုက်ခိုက်ခြင်းကို
ခံခဲ့ရပါတယ်။ ဒါကတော့ ဖြစ်လေ့ဖြစ်
ထရှိတဲ့ ကိစ္စဖြစိပါတယ်။ ကျွန်တော်တို့
လူမှုဝန်းကျင်မှာလည်း ဒီလိုပါပဲ။
အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဟာ
မနာလို သူတွေရဲ့ တိုက်ခိုက်ခြင်းကို
ခံကြရစမြဲပါပဲ။
ကဲ... မိတ်ဆွေတို့ Stars Arena ကို
စလုပ်ချင်တယ်ဆိုရင် အောက်မှာ
ကျွန်တော် ပေးထားတဲ့ Links ကနေ
ဝင်ရောက်ပြီး စလုပ်နိုင်ပါတယ်။ အကောင့်ဖွင့်ဖို့ မိတ်ဆွေရဲ့ Twitter
အကောင့်သာ လိုအပ်ပါတယ်။
ဲမိတ်ဆွေတို့ ကျွန်တော့် Links ကနေဝင်
မယ်ဆိုရင် ကျွန်တော်ရဲ့ Stars Arena
အကောင့် မိတ်ဆွေတို့ရဲ့ Tickets Buy/
Sell ရဲ့ 1% ကလေးသာ ခံစားရမှာပါ။
မက်မောစရာမရှိပေမဲ့ မိတ်ဆွေတို့
အသိတိုးအောင် မျှဝေပေးလိုက်ရခြင်း
ဖြစ်ပါတယ်။
Stars Arena အကောင့်ဖွင့်ရန် Links
https://www.starsarena.com/?ref=Myanmarkoko5
ကျွန်တော့်ရဲ့ လက်ရှိ Stars Arena
Posts တွေကို ဖက်ရန်
https://www.starsarena.com/Myanmarkoko5/status/660c3cce-88cf-4554-bb90-62d8c9f953d0
"Discord ကို Join ပြီး Contents Creators များဆုံစည်းကြရအောင်"