I got up 5 am. After preparing for
the shop I started running with my
nephew and niece. Firstly I walk for
15 minutes. After that I ran for 12
minutes. The result is 1.29 km.
It is not very good.
The weather is cold. Seeing Morning
Glory early morning is very nice.
And we can have the nice view of
mountains when we running. We can
see waterfall and also we can hear
the sound of waterfall loudly.
I am alive today and in good health.
I am better today. because I do
exercise early morning that make
me feel to be good. what about you.
Life is too short
Stay Safe And Alive
အသက်ရှင်နေကြောင်း စိန်ခေါ်မှု - ၂၇ ရက် / မနက်ပိုင်း ပြေးခြင်း #၄ ရက်
အခုဆိုလျှင် အလေ့ကျင့်ကောင်းလေးတစ်ခု မွေးမြူ
နေပါသည်။ အဲ့ဒါကတော့ မနက်ပိုင်း စောစောထကာ
အပြေးလေ့ကျင့်ခန်း လုပ်ခြင်းပဲဖြစ်ပါသည်။
ငယ်ငယ်ကတည်းက လေ့ကျင့်ခန်းကို ပုံမှန်မလုပ်ဖူး
ခဲ့ပါ။ ထို့ကြောင့် ယခုလို ပိန်ပိန်ပါးပါး ဖြစ်နေသည်ဟု
ခံစားမိသည်။ အရမ်းကြီးလည်း မဝချင်ပါ။
ပေါင်ချိန် ၁၂၀ လောက်ထိတက်ချင်သည်။ ယခင်
တုန်းက အလုပ်မှာ မနက် ၇ နာရီစောသွားခဲ့ရ၍
လေ့ကျင့်ခန်းမလုပ်နိုင်ခဲ့။ မလုပ်နိုင်ဆိုသည်ထက်
မလုပ်ချင်ခဲ့သည်ဆိုလျှင် မှန်ပေမည်။
ယခုတော့ အလုပ်မရှိ၍ စိတ်မလေအောင် ရှာကြံလုပ်
ရသည်။ မနက်ပိုင်း အပြေးလေ့ကျင့်ခန်းလုပ်သည်မှာ
၄ ရက်မြောက်ရောက်ရှိခဲ့ပြီ။ သတိထားမိတာတစ်ခု
က ယခုလို မနက်စောစော လုပ်ခြင်းအားဖြင့်
စိတ်ကြည်လင်ကာ နေလို့ထိုင်လို့ ကောင်းစေသည်။
ပြီးလျှင် အတွေးသစ်အမြင်သစ်များ ရရှိစေသည်။
ထို့ကြောင့် နံနက်ပိုင်း စာတစ်ပုဒ်ရေးဖို့ စဥ်းစားထား
သည်။
အပြေးလေ့ကျင့်ခန်းလုပ်သည့်နေရာမှာ ဓာတ်တော်
ချိုင့်ရေတံခွန်သို့သွားသည့် လမ်းမပေါ်တွင်ဖြစ်သည်။
ပတ်ဝန်ကျင်းကတော့ သစ်ပင်ပန်းမန်များဖြင့် စိမ်း
လန်းစိုပြေလှသည်။ အဆင့်ဆင့်ကာရံထားသော
တောင်တန်းများကို တမေ့တမော ကြည်ရှူခံစားနိုင်
သည်။ ကားလမ်းအဆုံးနေရာမှ လမ်းကြည့်လျှင်
ဓာတ်တော်ချိုင့် ပထမထပ်ရေတံခွန်ကို လှမ်းမြင်နိုင်
သည်။ ရေကျသံများ တဝေါဝေါဖြင့် ကျယ်ကျယ်
လောင်လောင်ကြားနေရသည်။ လေအေးများက
လည်း တဖြူးဖြူးတိုက်ခက်ကြသည်။ ထိုအချိန်
ခံစားရသော ခံစားမှုက ဘာနဲ့မှ မလှဲနိုင်။
ကျွန်တော် ဒီနေ့အသက်ရှင်နေပါသည်။ မိတ်ဆွေတို့
ရော ကျန်းမာတော်မူပါစ။ ဘဝဆိုတာ တိုတောင်း
လွန်းလှပါသည်။ အသက်ရှင်နေချိန်မှာ မိမိဘာ
ကြောင့် ရှင်သန်နေရသလဲဆိုသည့် မေးခွန်းကို မကြာ
ခန မေးသင့်ပါသည်။ ဒီလိုမေးမိတိုင်း မိတ်ဆွေထံသို့
အဖြေပေါင်းမြောက်များစွာ ရောက်ရှိလာပါလိမ့်
မည်။ ထို့နောက် မိတ်ဆွေ လုပ်သင့်သောအလုပ်၊
လူသားဆန်သော အလုပ်များကို တွေးဖြစ်၊ လုပ်ဖြစ်
လာပါလိမ့်မည်။
ဘဝဟာ တိုးတောင်းလွန်းပါသည်
လုံခြုံစိတ်ချစွာ အသက်ရှင်နေထိုင်ပါ
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|
Post creator :
From : Myanmar
Name: KoKoMoeHein
29.10.21