သည်နေ့မှာတော့ မိမိ၏ပိုစ်အား ဖတ်ချင်စဖွယ်ဖြစ်
အောင် အလှဆင်ပုံများကို ကျွန်တော်သိရှိထားသည့်
အတိုင်း မျှဝေပေးပါမည်။ ဤပိုစ်သည် လူသစ်များ
အတွက်သာ ရည်ရွယ်ပါသည်။ အိုးဆားဗစ် ဝါရင့်
ကြီးများကတော့ ဤပိုစ်အားကျော်သွားနိုင်ပါသည်။
မိမိပိုစ်အား အများကမြင်၍ ဝင်ကြည့်လိုက်သည်နှင့်
နားမလည်လျှင်တောင် ပိုစ်အပြင်ဆင်အားကြည့်၍
လည်း ကြိုက်နှစ်သက်ကာ ဗုတ်ပေးသွားနိုင်ပါသည်။
တစ်နည်းအားဖြင့် ဤကဲ့သို့ ပိုစ်အား အလှဆင်ခြင်း
သည် မိမိ၏ Brand အားတည်ဆောက် ခြင်းလည်း
ဖြစ်ပါသည်။ ထို့ကြောင့် ပိုစ်အလှဆင်ခြင်းသည်
အရေးပါးသောကြောင့် ယခုလို မျှဝေပေးရခြင်းဖြစ်
ပါသည်။
Table ထဲသို့ Photo ထဲ့နည်း
အခုမျှဝေပေးမည့်အကြောင်းရာမှာ Table ထဲသို့
ဓတ်ပုံထဲ့နည်း ဖြစ်ပါသည်။ ဒီနည်းက အရမ်းကို
လွယ်ကူသည်။ နည်းမသိလို့သာ ခက်ခဲမည်ဟု ထင်ရ
ပါသည်။ သို့သော် အနည်းငယ်တော့ အလုပ်ရှုပ်ပါ
သည်။ အရင်ဆုံး ဓာတ်ပုံထဲသို့ Link ထဲ့ပြပါမည်။
အဆင့်-၁ ။
ပထမဦးစွာ ဓာတ်ပုံတစ်ပုံ Upload
လုပ်ပါ။ ပြီးလျှင် ထိုဓာတ်ပုံ၏ အစအဆုံးကို
လေးထောင့်ကွင်းခက်ပါ။ ပြီးလျှင် ကပ်လျှက်
( ရေးပါ။ ထို့နောက် မိမိထိုဓာတ်ပုံထဲ
သို့ ထည့်ချင်သော Links အား Paste ချ၍
) ခက်ပါ။ အဲ့ဒီအဆင့်ပြီးလျှင် မိမိပုံထဲတွင် Links
ချိတ်ပြီးသားဖြစ်နေပါလိမ့်မည်။ ထိုကဲ့သို့ ပုံသုံးပုံပြု
လုပ်ပါ။
အဆင့်-၂ ။
အောက်မှာ ချပေးထားသော အရာအား Copy ပြီး
သင်၏ ပိုစ်တင်ရာတွင် ကကြီးအားဖျက်ပြီး Past
ချပါ။ အဲ့ဒါဆိုလျှင် ဇယားကွက်ပေါ်လာပါလိမ်မည်။
| Column1 | Column2 | Column1 |
| ------------ | ------------ | ------------ |က
| Text | Text | Text |
ထို့နောက် Column နေရာတွင် မိမိဖော်ပြလိုသော
ခေါင်းစဥ်ရေးပါ။ ပြီးလျှင် Text စာသားကိုဖျက်ပြီး
ပထမဆုံး Links ချိတ်ထားသော Photos
Links ၃ ခုကိုအစားထိုးထဲ့ပါ။ တစ်ခုသတိထားရ
မည်မှာ Column ဖျက်ရာတွင် အတိအကျဖျက်ရ
မည်။ ပြန်အစားထိုးရာတွင်လည်း ဖျက်ထားသော
နေရာသို့ အတိအကျ အစားထိုးရမည်။
စလုပ်သူများအဖို့ နဲနဲတော့ခက်မည်ဟုထင်ပါသည်။
ကြိုးစားပြီးလုပ်ကြည့်ပါ အဆင်ပြေကြပါစေ...
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|
Post creator :
From : Myanmar
Name: KoKoMoeHein
07.12.21
Gif Photos Created by
Picsart and Gif Maker Editor