မန္တလေးမြို့၏ အထင်ကရများထဲမှ ခြင် သည်လည်း
တစ်ခုအပါအဝင်ဖြစ်ပါသည်။ ခြင်သည် ပူအိုက်သော
ရာသီဥတုတွင် ပို၍ရှင်သန်ပေါက်ဖွားနိုင်လိမ့်မည်
ထင်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ပေါ်
ဒေသ အေးသောနေရာများတွင် ခြင် များနည်းပါး
ပါသည်။ သို့သော် တောင်ပေါဒေသတွင်တော့
ငှက်ဖျား ခြင်များ ပေါသည်ဟု ကြားဖူးပါသည်။
မန္တလေးမြို့ စရောက်သည့်နေ့က အရင်ဆုံးရင်ဆိုင်
ရသည့် ပြဿာနာမှာ ခြင် ဖြစ်သည်။ မိမိနေထိုင်မဲ့
အခန်းထဲကို ပစ္စည်းနေရာချပြီး အမောဖြေခိုက်မှာပဲ
တဝီဝီဖြင့် မမခြင်များသည် ကျွန်တော့်ကို အနမ်းဝိုင်း
ပေးကြပါတော့သည်။ တစ်ဦးချင်းမဟုတ်ပဲ ဝိုင်းပြုံ
ပြီး အချစ်ခံရသဖြင့် မခံနိုင်တော့ပဲ အနီးနားမှ ကုန်ဆုံ
ဆိုင်သို့ပြေးကာ ခြင်းဆေးဝယ်ရပါတော့သည်။
ခြင်ဆေး ဝယ်လာပြီး အဆောင်ထဲဝင်မည်အလုပ်မှာ
ပင် အဆောင်ပိုင်ရှင်အစ်မက လှမ်းပြောသည်။
"ခြင်ဆေး ဘာတံဆိပ်လဲ "
"ဂေါ်ဇီလာပါ အစ်မ"
" ဟယ် အဲ့တာဆို ခြင်တွေက သေမှာမဟုတ်ဘူး
ယိုယိုမှ ရမှာ"
"ဟုတ်လား နောက်မှ ပြောင်းဝယ်တော့မယ်"
(ဘာလဲ ယိုယိုဆိုတာ) မိမိအတွေးဖြင့်။
ထိုအစ်မ၏ စကားမှန်ကြောင်း ခြင်ဆေးမီးညိပြီး
နောက် လက်ခံလိုက်ရတော့သည်။ ခြင်းဆေးငွေ့
ကြားထဲပင် ခြင်များသည် လူးလားပျော်မွေ့နေကြ
လေရဲ့။ ထို့နှစ် တစ်ခွေမရ၍ နှစ်ခွေ မီးညိထွန်းတော့
မှ နည်းနည်းခံသာတော့သည်။ ခြင်ဆေးအနှံ့ကတော့
ဖြင့် တစ်ခန်းလုံး မွန်ထူနေတော့သည်။
ခြင်ဆေးက တစ်ခါထွန်းလျှင် နှစ်ခွေ။ မနက်တစ်ခါ။
နေ့လည်တစ်ခါ။ ညတစ်ခါ။ စုစုပေါင်း တစ်ရက်
၆ ခွေ ကုန်သည်။ ဘယ်ခံနိုင်လိမ့်မလဲ။ သုံးရက်နှင့်
ခြင်ဆေးခွေ ကုန်ချေပြီ။ ဒီလိုနဲ့ အဆောင်ပိုင်ရှင်
အစ်မ ပြောတဲ့ ယိုယို ရှာဝယ်ရပါတော့သည်။
သိပ်မရှာရပါ။ နာမည်ပြောလိုက်တာနှင့် တန်းထုပ်
ပေးသည်။ ဒီလောက်ညွန်းနေရတဲ့ ယိုယို လာစမ်းဟဲ့
ဆိုကာ စမ်းသပ်ကြည့်တော့ နည်းနည်းတော့ ထူးခြား
လာပါသည်။ တစ်ခွေတည်းနဲ့ ခြင်များကို နိုင်နင်း
သည်ကို တွေ့ရသည်။
ဒီလိုနှင့် တစ်ရက်က CoCo ဆိုင်ထဲ ခေါက်ဆွဲ
ထုပ်လေး ဝင်ဝယ်ရင်း ကျွန်တော်တို့ အချစ်တော်ကြီး
One Champion ခါးပင် နှစ်ခုပိုင်ရှင်
Aung La N Sang ကိုယ်တိုင် ကြေညာထားတဲ့
လက်ဝှေ့ကျော် ခြင်ဆေးခွေကို သွားတွေ့မိသည်။
ထို့နှင့် အိမ်ကယိုယို ကုန်ရင်တော့ ဒီခြင်ဆေးခွေ
စမ်းသုံးကြည့်ဦးမှဟု စိတ်ကူးရမိလေသည်။
ဒီကနေ့တော့ ယိုယိုကုန်ပြီ။ အဲ့တာနဲ့ သတိတရ
CoCo ကိုသွားပြီး လက်ဝှေ့ကျော် ကိုဝယ်ခဲ့ပါ
သည်။ ရိုးရိုးမဝယ်ခဲ့ပါ။ ပထမဆုံး အနေနဲ့ ကျွန်တော်
တို့အချစ်တော်ကြီးကို ဂုဏ်ယူသောအားဖြင့်
အမှတ်တရ ဓာတ်ပုံလေးပါ ရိုက်ယူခဲ့ပါသည်။
သုံးရတာ အရမ်းအဆင်ပြေပါတယ်။ စျေးနှုန်းက
၅၅၀ ကျပ်ပါ။ အနံ့က နံ့သာဖြူသင်းသင်းလေးမို့
တစ်ခြားခြင်ဆေးများထက် ပိုသာသွားပါသည်။
ဒီညတော့ လက်ဝှေ့ကျော် နဲ့ အိပ်စက်ပြီး စိတ်ထဲမှ
လည်း ပြီးခဲ့သော အောင်လ၏ နိုင်ပွဲအတွက်
ဂုဏ်ယူနေမိပါတော့သည်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
<<---(Myanmar Language)--->>
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|