အိမ်နဲ့ဝေးခြင်း
ဒီနေ့ကတော့ ဘဝမှာ မှတ်မှတ်ရရ နေ့တစ်နေ့ပါပဲ။
မန္တလေးကို သွားပြီး အလုပ်လုပ်တဲ့နေ့ပေါ့။
တကယ်ဆို ကျွန်တော့်စိတ်တွေ မပျော်ဘူး။
မန္တလေးဆိုတာ ကျွန်တော်နဲ့ မစိမ်းပါဘူး။
ကျွန်တော် ရှစ်နှစ် တိုင်တိုင် ကျင်လည်ခဲ့ရတဲ့မြို့ပါ။
မန္တလေးမြို့ကို ကျွန်တော်ချစ်ပါသည်။
ဒါပေမဲ့ ကျွန်တော့်စိတ်တွေ မပျော်နိုင်ဘူး။
ပြင်ဦးလွင် ရဲ့အေးတဲ့ချမ်းရာသီဥတု။ အဖေ၊ အမေ၊
အကို၊ အမ၊ ညီ ၊တူကလေး၊ ပြီးတော့ ယောက်ဖ
သူတို့အားလုံးရဲ့ အဝေးကို ထွက်သွားရမှာ
ကျွန်တော်ဘယ်ပျော်နိုင်မလဲ။ အလုပ်မရှိ၊ ဝင်ငွေမရှိ
နဲ့ အိမ်မှာ ခိုကပ်မနေသင့်ဘူး။ ကျွန်တော်တို့ အိမ်ကလေးက ထရံကာ၊ သွက်မိုးကို ဖြစ်သလိုလေး
အဖေဦးစီးပြီးဆောက်ထားတာပေါ့။ မိုးရွာရင်
မိုးမလှုံပါဘူး။ မှတ်မိသေးတယ်။ တစ်ညက မိုးတွေ
သည်းမဲရွာတော့ အိမ်ထဲကို ရေတွေဝင်ရော။
ရေကအတော်များတယ်။ မဖြစ်ဘူးဆိုပြီး ရေတွေ
ခပ်ထုတ်ရ။ ရေဝင်တဲ့နေရာတွေ ပိတ်ရဖြင့်
မိုးအေးအေးနဲ့ အလုပ်တွေရှုပ်ကြပေါ့။ အဲ့ဒီညလေးကို
မမေ့နိုင်ဘူး။
အခုတော့ ဒီစာရေးနေချိန်မှာ ကျွန်တော်ချစ်သော
မိသားစုနဲ့ ဝေးနေရပြီလေ။ ကျွန်တော့်ရင်ထဲမှာ
ဟာသာသာကြီးဖြစ်နေတယ်။ ထိုင်မရ၊ ထမရ၊
အိပ်မရ ဗိုက်ကြီးသည်လိုဖြစ်နေတယ်။ သြော်...
စာတွေ ကဗျာတွေမှာ ရေးတဲ့ အိမ်လွမ်းကဗျာတွေ
ခုမှ သူတို့ဘာကြောင့် ရေးသလဲ ကိုယ်ချင်းစာမိ
တယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေး
ရမယ်လေ။ သိပါတယ် ကျွန်တော့်ဘဝကို။ ဘာပဲ
ဖြစ်ဖြစ်ဗျာ ဒီချိန်မှာ ကျွန်တော် အိမ်ကို အရမ်းလွမ်း
နေပါတယ်။ ဖြစ်နိုင်ရင် ခုချက်ချင်းကို ပြန်လိုက်ချင်
ပါတယ်။ ခုတော့ မန္တလေးမြို့ကြီးမှာ အလုပ်လုပ်ရင်း
အိမ်ကိုလွမ်းနေရပြီ။
လွမ်းတယ်....
သတိရတယ်...
အိမ်ပြန်ချင်တယ်...
ရင်ထဲမှာ အကြိမ်ကြိမ် အော်ဟစ်ရင်း...
ကိုကိုမိုးဟိန်း
သစ်အယ်သီး
<<---(Myanmar Language)--->>
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|