ဒီနေ့တော့ ပြီးခဲ့တဲ့ လပြည့်နေ့က အမှတ်တရ
အကြောင်းအရာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ပိုစ်မှာ ပါဝင်မဲ့ အကြောင်းတွေကတော့ -
နိဗ္ဗန်ဈေး
အနီးစခန်းစျေး
တန်ဆောင်မုန်း လပြည့်နေ့အမှတ်တရ
နိဗ္ဗန်စျေး
မြန်မာ့ရိုးရာတစ်ခုဖြစ်တဲ့ နိဗ္ဗန်စျေးဟာ လက်ရှိမှာ
မြင်တွေ့ရခဲ့တဲ့ ဓလေ့တစ်ခုဖြစ်နေပါပြီ။ ထူးထူးြခားြခား ကွျန်တော်ကြုံတွေ့ခဲ့ရတဲ့ နိဗ္ဗန်စျေး
အကြောင်းကို မျှဝေပေးပါ့မယ်။
ပြင်ဉီးလွင်မြို့နယ်၊ အနီးစခန်း၊ ရပ်ကွက်ကြီး ၁၇
တွင်တည်ရှိတဲ့ ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်တွင် ထူးထူးြခားြခား နိဗ္ဗန်စျေးကျင်းပခဲ့ပါတယ်။
ဒါကြောင့် ထို့နေ့လပြည့်နေ့တွင် ကွျန်ေတာ်နဲ့
အစ်မနှစ်ယောက်၊ ယောက်ဖတို့ သွားရောက်ခဲ့ကြပါတယ်။ အနီးစခန်း၊ ဓာတ်တော်ချိုင့် ရေတံခွန်လမ်းထဲချိုးဝင်ပြီး၊ လမ်းခွဲတွေ့လှျင် ရန်ကြီးအောင်လမ်းအတိုင်း ဆင်းလာပြီး ရထားလမ်းအကျော်တွင် ဗုဒ္ဓဓီတာ သီလရှင် စာသင်တိုက်ကို ရောက်ရှိမှာဖြစ်ပါတယ်။
ကျောင်းထဲကို စသင်ရောက်ရှိတဲ့အခါမှာ
ဆောက်လက်စ ကျောင်းတိုက်ကို ယခုအခါ
ထင်းရှားစွာတွေ့မြင်ရပါသည်။ ညာဘက်က
ကျောင်းဆောင်ထဲတွင် နိဗ္ဗန်စျေးကို ခင်းကျင်းထားပါတယ္။ စားစရာတွေကတော့ ကြာစံကြော်၊
သင်္ဘောသီးသုတ်၊ လက်ဖက်သုတ်၊ ေကာ်ဖီ၊
ကျောက်ကျော စသဖြင့် ခင်းကျင်း
ကျွေးမွေးထားပါတယ်။ ဇွန်း၊ ခရင်းနဲ့ ပန်းကန်ပြားများကို ချေပး
ထားပြီး မိမိကြိုက်ရာကို ရွေးချယ်စားသံုးနိုင်ပါ
တယ်။
အဲ့ဒီမှာ တစ်ခုမတူတာက လက်မှတ်မလိုြခင်းပဲ ြဖစ်ပါတယ်။ ကွျန်တော်တို့ ငယ်ငယ်က ကြုံခဲ့ရတဲ့ နိဗ္ဗန်စျေးဟာ တကယ့်အပြင်လောက စျေးကဲ့သို့ ဆိုင်ခန်းေတွနဲ့ခင်းကျင်းထားတယ်။ ပြီးရင် ေစျးအဝင်မှာ လက်မှက်ယူဖို့ တန်းစီရပါတယ်။ ထိုလက်မှက်နဲ့ ေစျးတန်းထဲက စားစရာေတွကို မိမိြကိုက်ရာမှာယူစားသံုးရမှာ ြဖစ်ပါတယ်။ ယခုကျင်းပတဲ့ နိဗ္ဗန်ေစျးဟာ ယခင်ရိုးရာနှင် အတူေတာ်ငြားလည်း အလှူရှင်များရဲ့ ေစတနာနှင့် သဒ္ဒါတရားကိုေတာ့ သာဓုေခါ်ရမည် ြဖစ်ပါတယ်။
အနီးစခန်းေစျးနဲ့ လပြည့်ေန့ အမှတ်တရ
တန်ဆောင်မုန်းလပြည့်နေ့ဟာ မြန်မာလူမျိုးတွေ တန်ဖိုးထားတဲ့ေန့ဖြစ်ပြီးတော့ Covid 19 မဖြစ်ခင်မှာ တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် တောင်ကြီးနဲ့ ပြင်ဦးလွင်မြို့တွင် မီးပုံးပျံ ပွဲများနှစ်စဉ်ကျင်းပလေ့ရှိခဲ့ပါတယ်။
ပြီးတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ တန်ဆောင်မုန်း လပြည့်ညကိုလည်း ဆေးပေါင်းခတဲ့ည အဖြစ်မှတ်ယူကြပါတယ်။ ပြီးတော့ တန်ဆောင်မုန်းလပြည့်နေ့တွင် မယ်ဇလီဖူးများကို သုတ်စားပါက ကျန်းမာရေးအတွက် အထူးကောင်းမွန်းတယ်လို့ ယုံကြည်ကြကာ မယ်ဇလီဖူးများကို သုပ်ကာ အိမ်နီးချင်းများကိုလည်း မျှဝေပေးကြတဲ့ ဓလေ့ရှိပါတယ်။
ကွျန်ေတာ်တို့ မိသားစုလည်း အိမ်မှာ ငါးကင်နဲ့ ခရုချက်လုပ်စားဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။ ဒါေြကာင့် မနက်ေစာစော လိုအပ်တာများကို ဝယ်ဖို့ ေစျးဝယ်ထွက်ခဲ့ပါတယ်။ အနီးစခန်းေစျးကတော့ ရပ်ကွက်ကြီး ၁၇ တွင် အကြီးဆံုးဖြစ်ပြီး စည်းကားပါတယ်။ သန့်ရှင်းလတ်ဆတ်မှုကတော့ အနည်းငယ်လိုအပ်နေဆဲဖြစ်ပါတယ်။ ထိုနေ့ကတော့ တစ်အိမ်သားလံုးအလုပ်ရှုပ်ကြပြီး ပျော်ရွှင်စရာ တန်ဆောင်မုန်းလပြည့်နေ့ကို ြဖတ်သန်းခဲ့ြကပါတယ်။ မှတ်ချက် ထိုနေ့် လပြည့်ညတွင ပင့်တကူ လိုက်ေကာက် တူ၊ တူမလေးများကတော့ ထိုနေ့အမှတ်တရအတွက် အဓိက ဇာတ်ကောင်များြဖစ်ကြပါတယ်။
#ကိုကိုမိုးဟိန်း
#kokomoehein