Rising Star ကစားသူ မြန်မာများသိပြီးအတိုင်း၊
June 27 ကစလို့ Millionaire Mission က
အပြောင်းလဲလုပ်ပါတော့မည်။ ဆိုတော့ ဘာတွေ
ပြောင်းလဲသွားမလဲဆိုတာ ကျွန်တော်ရှာဖွေတွေ့ရှိပြီး
တွက်ချက်ထားတာကို မျှဝေပေးပါမည်။
အားလုံးသိပြီးသည့်အတိုင်း ယခင်က Starbits
mission လုပ်ရန် 1000 Fans ရှိဖို့နှင့်
Level-50 ဖြစ်ဖို့သာလိုပါသည်။
June 17 စ၍ Starbits Millionaire ပြောင်းလဲခြင်း
ဒီလ 27 ရက်နေ့ကစပြီး Starbits Millionaire
ပြောင်းလဲခြင်းစမည်။ ဘာတွေပြောင်းလဲသွားမလဲ
ဆိုရင် အောက်ပါအတိုင်းရှင်းပြပါမည်။
ပထမဆုံး ဒီMissionကိုစလုပ်သူ
ဒီMissionကို ပထမဆုံးလုပ်သူတစ်ယောက်အနေ
နဲ့ ပထမတစ်ရက်လုပ်လျှင် Fans 1000
သာလိုပါမယ်။ ဒုတိယရက် (ဒုတိယကြိမ်) လုပ်မည်
ဆိုလျှင် 1090 Fans လိုပါမည်။ 10 ရက်ဆိုလျှင်
Fans 1900 လိုပါမည်။
10ရက် 1000+900 = (1900)
ဆိုတော့ ရက်၃၀ တစ်လဆိုရင် ကျွန်တော်တို့
Fans 3000 စုနိုင်မှရပါမည်။
သို့သော် သင်က Starbits Millionaire ကို
အကြိမ် 100 လုပ်ပြီးသူဆိုလျှင် ထိုပြောင်းလဲမည့်
နေ့မှစ၍ သင်ဟာ Millionaire Mission
လုပ်ဖို့ 10900 Fans လိုအပ်ပါမည်။
ဥပမာ အနေဖြင့် ကျွန်တော်ဟာ Starbits
Millionaire ကို 148 ကြိမ်ပြုလုပ်ပြီးဖြစ်သည်။
ထို့ကြောင့် ပြောင်းလဲမည့် နေ့မှစ၍ ကျွန်တော်ဟာ
Fans 15220 Fans ရှိမှ ဒီ mission ကို
လုပ်လို့ပါမည်။
Starbits Millionaire ပြောင်းလဲခြင်းအပေါ် တွက်ချက်မှု
ဆိုတော့ Millionaire card ပိုင်ဆိုင်ထားသူတွေ
ဟာ မဖြစ်မနေ တစ်လကို Fans 3000 ဝယ်ယူဖို့
လိုအပ်ပါမည်။ လက်ရှိပေါက်စျေးဖြင့်တွက်ပြပါ
မည်။ Foxon ဖန်တီးထားတဲ့ https://rsgfam.com/shop/fans ထဲက
Fans ပေါက်စျေးဖြင့် တွက်ပြပါမည်။
Fans 3000 = 157300 Starbits(40 Hive)
တစ်လလျှင် ကျွန်တော်တို့ဟာ 3 သိန်း Starbits
ရသည်။ ဒါပေမဲ့ ကဒ်ဝယ်ရမှာနဲ့ဆိုတော့
တစ်လကို Starbits 1 သိန်းခွဲ ပဲရတော့မည်။
Hive ဖြင့်တွက်လျှင်တော့ 40 Hive ကျော်ရမည်။
အထက်ပါတွက်ချက်မှုမှာ လက်ရှိ Fans စျေးနှုန်း
နဲ့ Starbits စျေးနှုန်းတို့ကို အခြေခံတွက်ထားသော
ကြောင့် အပြောင်းလဲရှိနိုင်ပါသည်။
ထို့ကြောင့် နောက်ပိုင်းတွင် Fans များတဲ့ ကဒ်စျေး
တွေဟာ စျေးတက်လာမလား မပြောတက်ပါ။
ဆိုတော့ လက်ရှိ Rising Star ကစားသူတိုင်း
အခွင့်ရေးရှိတုန်း Fans များများဝယ်ထားဖို့
အကြံပြုလိုက်ရပါသည်။
ကျွန်တော်လည်း ဒီနေ့ Fans ဝယ်ဖြစ်ခဲ့ပါသည်။
Fans 1200 ကို Starbits 6သောင်းကျော်ဖြင့်
ဝယ်ယူခဲ့ပါသည်။
ရရှိခဲ့တဲ့ ကဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါ
သည်။
Rising Star ကစားများ၏ အထင်အမြင်များကို
လည်း မျှဝေပေးသွားကြပါဦး။
အားလုံးကိုကျေးဇူးတင်ပါသည်။