ပြီးခဲ့သော ပို့စ်တွင် လက်ဆောင်ပေးပို့ရသော
Tokens ဖြစ်တဲ့ PIZZA နဲ့ LUV တို့အကြောင်း
မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒီပိုစ်မှာတော့ PIZZA နဲ့ LUV လိုပဲနောက်ထပ်
Tipping token တစ်ခုဖြစ်တဲ့ ENGAGE
token အကြောင်းကို မျှဝေပေးသွားပါ့မယ်။
ဒီENGAGE ဟာလည်း PIZZA နဲ့ LUV တိုလို့
Token ကိုင်ဆောင်ထားဖို့အပ်ပါတယ်။ ဒါပေမဲ့
သူကတော့ အရင်းနှီးက PIZZA နဲ့ LUV ထက်
နဲနဲများပါတယ်။ ဘာလို့လဲဆိုတော့ ENGAGE ဟာ
အနည်းဆုံး 1001 ENGAGE tokens မိမိရဲ့
HIVE ENGINE Wallet မှာ ဝယ်ယူထားဖို့လို
ပါတယ်။
1001 ENGAGE ဝယ်ယူထားတယ်ဆိုရင်
PIZZA နဲ့ LUV တို့လိုပဲ မိမိကြိုက်နှစ်သက်တဲ့
ပိုစ်ကို Comment မှာ !ENGAGE လို့ ထဲ့ရေး
ပေးယုံနဲ့ ပိုစ်ပိုင်ရှင်ထံ လက်ဆောင်အဖြစ်
ENGAGE token ရောက်ရှိသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ သူ့မှာတစ်ခုရှိတာ မိမိပေးလိုတဲ့အရေအတွက်ပါ
ထဲ့ရေးပေးလို့ရပါတယ်။ !ENGAGE25 စသဖြင့်
ပေါ့။
1002 ENGAGE = 6 Hive ပေးချေရပါ
မယ်။ လောလောဆယ် Market buy ပေါက်စျေး
ဖြစ်ပါတယ်။ အရောင်းဝယ်သိပ်မဖြစ်လို့ စျေးငြိမ်တဲ့
သဘောရှိပါတယ်။ 24 hours အရောင်းဝယ်တန်
ဖိုးက $0.013 ပဲရှိပါတယ်။ Leodexမှာ
ဝယ်ယူနိုင်ပါတယ်။
နောက်ပိုစ်တွေမှာ နောက်ထပ် Tipping tokens
များအကြောင်း ဆက်လက်မျှဝေပေးသွားပါ့မယ်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
<<---(Myanmar Language)--->>
| # The future is in your hand | # Do not kill the time | # If you love yourself |
|---|---|---|
| # Never give up! | # Try your BEST |
Connect to me>>> Touch Image
| KoKoMoeHein | Myanmarkoko5 | kokomoehei7 |
|---|---|---|