ရာသီဥတု အခုတလော တော်တော် ပူတော့ ညဘက် ဆို သူငယ်ချင်း တွေ နဲ့ လေတိုက်ပြီး အေးတဲ့ လက်ဖိရည် ဆိုင် တွေထွက်ထိုင် ဖြစ်တယ်။ မနေ့ည က သူငယ်ချင်း တစ်ယောက် က အိမ်မှာ လာခေါ် ပါဆိုပြီး အကူညီ တောင်း လို့ သူ့ အိမ်မှာ သွားကြို ပေးဖြစ်တယ်။ သူ့အိမ်ရောက် တော့ သူ့အိမ်က အဝင်က ပန်းတွေ အများ ကြီး စိုက်ထား တာကိုတွေ့လိုက်တယ်။ ပန်းမြင်ရင် သေချာကြည့် လိုက်မှ ကို ကျေနပ်တဲ့ ကျနော့် ဝါသနာ အရ သူငယ်ချင်း ထမင်း စားနေတာ ကိုစောင့်ရင်း ပန်းတွေ ကို လိုက်ကြည့် ဖြစ်တယ်။ ပန်း တွေက တော်တော် လေးကို လှ ပါတယ်။ စံပယ် ပန်ူ ဆို နှစ်အိုး၊ ကြောင်မှီတို ပန်း က တစ် အိုး၊ ဂမုန်းပင် က နှစ်မျိုး နှစ်အိုးစီ၊ သနပ်ခါး ပန်းပင် ငယ်ငယ် ကနှစ်ပင်၊ နံရံ မှာ ချိတ်ထား တဲ့ပန်း အိုးကို အတုထင်နေတာ သေချာ ကိုင်ကြည့်မှ အစစ် ဖြစ်နေတယ်။ ပန်းရဲ့ နာမည်တော့ မသိလိုက်ဘူး။ တခြား ပန်း တွေ လည်း အများ ကြီးရှိ ပါတယ်။ ပန်းတွေ လိုက်ကြည့်ရင် သူငယ်ချင်း လည်း ထမင်းစား ပြီးလို့ တူတူ လက်ဖက်ရည် ဆိုင် ကို ထွက် ခဲ့လိုက်ပါတယ်။ ညဘက် ဖြစ် နေလို့ ပုံ ရိုက်တာ ပုံ မကြည် ဖြစ် သွား ပါ တယ်။