HIVE-MYANMAR အဖွဲ့သား တို့ရေ မဂ်လာပါဗျာ။
မနေ့ည က ဘောလုံးပွဲကို လက်ဖိရည်ဆိုင်မှာ လိုက် ကြည့်ရတဲ့ အကြောင်းလေးရေးပါမယ်။
World cup ကန်နေသာဆိုရင် အခုဆို Quarter ပွဲစဉ်ကို ရောက်နေပါ ပြီး။ မနေ့က ဘရာဇီး နှင့် ခရိုးအေးရှား ပွဲကို ည ၉း၃၀ နာရီ မှာကန်ပါတယ်။ ညက ဘောလုံးပွဲကြည့်ဖို့ အိမ်မှာ မီးကမလာ တော့ လက်ဖိရည်မှာ သွားကြည့်မှ ရပမယ်။ ကျနော်တို့ မြို့မှာက မီးကို ၄နာရီ ခြားပျက်ပြီး ၂ နာရီပဲလာပါတယ်။
လက်ဖက်ရည်ဆိုင်မှာ ကြည့်ဖို့က ဟုတ်ပါပြီး သွားကြည့်ရင်လည်း တစ်ပွဲလုံး ပြီးအောင်ကြည့်လို့မရပါဘူး ကာဗျူက ၁၂နာရီ ထိ ရှိသေးတယ်။ အဲ့ဒါနဲ့ ဘောလုံးပွဲတစ်ပိုင်းပဲ ကြည့်မယ်ဆို ပြီး ထွက်လာခဲ့လိုက်ပါတယ်။
လက်ဖိရည်ဆိုင်မှာလည်း လူတွေအပြည့်ပါပဲ ။
ထိုင်စရာ ထိုင်ခုံမရှိတော့ ဆိုင်အပြင်မှာ ဆိုင်ကယ်ထောင့် ထောက်ပြီး ကြည့်ရပါတယ်။
ပထမ ပိုင်းပဲ ကြည့်ခဲ့ရပြီး အိမ်ပြန်ခဲ့ရပါတယ်။ အိမ်အရောက်မှာ မီးကပြန်လာတော့ ဒုတိယ ပိုင်း ဆက်ပြီးကြည့် လိုက်ပါတယ်။
ဘရားဇီ မှာလူကောင်း များပါတယ်။ ဗလား ရမယ်လို့ ရေပန်း အစားဆုံး အသင်းပါ။ ဒါပေမဲ့ ဘရာဇီးသား တွေက ပြိုင်ဘက် အသင်းကိုလျော့ပေါ့ အထကယင်သေးခဲ့လို့ဖြစ်ပါတယ်
စာလုံးပေါင်းအမှား ပါရင် ခွင့်လွှတ်ပေးပါဗျာ
နောက်ဆိုဒီထက်ကြိုးစာပြီးရေးပါမယ်။